• Other Sports
    MMA ပညာကို ဖိုးသော်အပါအဝင် မျိုးဆက်သစ်တွေကို မျှဝေပေးမယ့် အောင်လ
Kyawko Ko
[Unicode Version]

အောင်လအန်ဆန်က မြန်မာနိုင်ငံကို နိုဝင်ဘာလမကုန်ခင် ပြန်လာမှာ ဖြစ်ပြီး ဒီဇင်ဘာလအတွင်းမှာတော့ MMA ပညာရပ်ကို သင်တန်းတစ်ခု ဖွင့်လှစ်ပြီး မျိုးဆက်သစ် မြန်မာကစားသမားတွေကို ဝေမျှပေးသွားမှာပါ။

44907337_2214953008538477_6630598480391831552_o.jpg 

One Championship ရဲ့ မစ်ဒယ်ဝိတ်နဲ့ လိုက်ဟဲဗီးဝိတ်ချန်ပီယံ အောင်လအန်ဆန်ကတော့ ဒီနှစ်မကုန်ခင်မှာ မြန်မာနိုင်ငံကို တစ်ခေါက်ပြန်လာ ပြီး MMA ပညာရပ်တွေကို ဝေမျှပေးသွားမယ်လို့ ဆိုပါတယ်။

ရှုံးနိမ့်ခဲ့တဲ့ ဖိုးသော်ကို အောင်လနဲ့အန်တိုနီယာ ဝိုင်းဝန်းနှစ်သိမ့်အားပေး 

အောက်တိုဘာ ၂၆ ရက်နေ့က ယှဉ်ပြိုင်ထိုးသတ်ခဲ့တဲ့ မစ်ဒယ်ဝိတ်ရွှေခါးပတ်ကို ကာကွယ်ပွဲမှာ ကရာကီကို အနိုင်ယူနိုင်ခဲ့ပြီးနောက် အောင်လ အန်ဆန်က ပြောခဲ့တာ ဖြစ်ပါတယ်။

44893941_2214921118541666_2752835365403361280_o.jpg 

" ကျွန်တော် ၂၈ ရက်နေ့ညမှာ ပြန်ရပါမယ်။ဒါပေမယ့် နိုဝင်ဘာလ မကုန်ခင် မြန်မာနိုင်ငံကို ပြန်လာမယ်။ပြီးရင် ဒီဇင်ဘာလအတွင်းမှာ သင်တန်း တစ်ခုဖွင့်ပြီး MMA ပညာရပ်တွေကို ဒီက မျိုးဆက်သစ် ကစားသမားတွေကို ပြန်လည်မျှဝေပေးသွားပါမယ်။" လို့ အောင်လအန်ဆန် က ပြောပါတယ်။

အဲ့ဒီနေ့က မလေးရှားနိုင်ငံသား ဆူးဘားကို ရှုံးနိမ့်ခဲ့တဲ့ မြန်မာဖိုက်တာ ဖိုးသော်ကိုလည်း အောင်လအန်ဆန်က ပွဲအပြီးမှာ အားပေးစကားပြော ခဲ့ပါသေးတယ်။

44805197_2214921575208287_8829587397680300032_o.jpg 

" ဆက်ပြီးကြိုးစားနော့၊ ကျွန်တော်ပရိသတ်အားလုံးကို ပြောချင်ပါတယ်။ဖိုးသော် မကောင်းကြောင်းမပြောပါနဲ့၊သူ့ကို ဝေဖန်တဲ့စကားတွေ အများကြီးမပြောပါနဲ့၊အားပေးပေးပါ။ သူများကို မကောင်းတာပြောရင် ကိုယ့်အတွက် ဘာမှလည်း မထိရောက်ပါဘူး။ကျွန်တော်တို့အချင်းချင်း အားယူရမယ်။အချင်းချင်း အားပေးတာမျိုးပဲ လုပ်ပေးပါ။" လို့လည်း အောင်လကပြောခဲ့ပါသေးတယ်။

ဖိုးသော်က မြန်မာပြည်မှာ အောင်လအန်ဆန်ပြီးရင် MMA ပြိုင်ပွဲအတွေ့အကြုံအများဆုံး ကစားသမားတစ်ဦးဖြစ်ပေမယ့်လည်း MMA ပြိုင်ပွဲရဲ့ သဘောတရားတစ်ခုဖြစ်တဲ့ Ground Game မှာတော့ အနည်းငယ် အားနည်းနေသေးတာကြောင့်လည်း ပြိုင်ဖက်က ဖိုးသော်ရဲ့ အားနည်းချက် ကိုအခွင့်ကောင်းယူပြီး အနိုင်ယူသွားတာ ဖြစ်ပါတယ်။

ဒီလို အားနည်းနေသေးတဲ့အပေါ်မှာတော့ အောင်လအန်ဆန်က ဖိုးသော်အပါအဝင် မြန်မာကစားသမားတွေ အားနည်းနေတဲ့ MMA ရဲ့ တိုက်ကွက် ဖြစ်တဲ့ ချုပ်ကွက်(တစ်နည်းအားဖြင့် အောင်လရဲ့ အားသာချက်) ကို ပြန်လည်ဝေမျှပေးသွားမယ်လို့လည်း အောင်လက ဆိုလာတာ ဖြစ်ပါတယ်။

အောင်လအန်ဆန်ကတော့ နောက်တစ်ကြိမ် ခါးပတ်ကာကွယ်ပွဲအဖြစ် လိုက်ဟဲဗီးဝိတ်ခါးပတ်ကို ကာကွယ်သွားရဖို့ရှိတယ်လို့ဆိုလာခဲ့ပြီး ဒီခါး ပတ်ကာကွယ်ပွဲကိုတော့ ဂျပန်နိုင်ငံမှာ ကာကွယ်သွားမယ်လို့လည်း ဆိုပါတယ်။

[Zawgyi Version]

ေအာင္လအန္ဆန္က ျမန္မာႏိုင္ငံကို ႏို၀င္ဘာလမကုန္ခင္ ျပန္လာမွာ ျဖစ္ၿပီး ဒီဇင္ဘာလအတြင္းမွာေတာ့ MMA ပညာရပ္ကို သင္တန္းတစ္ခု ဖြင့္လွစ္ၿပီး မ်ိဳးဆက္သစ္ ျမန္မာကစားသမားေတြကို ေ၀မွ်ေပးသြားမွာပါ။

One Championship ရဲ႕ မစ္ဒယ္၀ိတ္နဲ႔ လိုက္ဟဲဗီး၀ိတ္ခ်န္ပီယံ ေအာင္လအန္ဆန္ကေတာ့ ဒီႏွစ္မကုန္ခင္မွာ ျမန္မာႏိုင္ငံကို တစ္ေခါက္ျပန္လာ ၿပီး MMA ပညာရပ္ေတြကို ေ၀မွ်ေပးသြားမယ္လို႔ ဆိုပါတယ္။

ရႈံးနိမ့္ခဲ့တဲ့ ဖိုးေသာ္ကို ေအာင္လနဲ႔အန္တိုနီယာ ၀ိုင္း၀န္းႏွစ္သိမ့္အားေပး 

ေအာက္တိုိဘာ ၂၆ ရက္ေန႔က ယွဥ္ၿပိဳင္ထိုးသတ္ခဲ့တဲ့ မစ္ဒယ္၀ိတ္ေရႊခါးပတ္ကို ကာကြယ္ပြဲမွာ ကရာကီကို အႏိုင္ယူႏိုင္ခဲ့ၿပီးေနာက္ ေအာင္လ အန္ဆန္က ေျပာခဲ့တာ ျဖစ္ပါတယ္။

" ကၽြန္ေတာ္ ၂၈ ရက္ေန႔ညမွာ ျပန္ရပါမယ္။ဒါေပမယ့္ ႏို၀င္ဘာလ မကုန္ခင္ ျမန္မာႏိုင္ငံကို ျပန္လာမယ္။ၿပီးရင္ ဒီဇင္ဘာလအတြင္းမွာ သင္တန္း တစ္ခုဖြင့္ၿပီး MMA ပညာရပ္ေတြကို ဒီက မ်ိဳးဆက္သစ္ ကစားသမားေတြကို ျပန္လည္မွ်ေ၀ေပးသြားပါမယ္။" လို႔ ေအာင္လအန္ဆန္ က ေျပာပါတယ္။

အဲ့ဒီေန႔က မေလးရွားႏိုင္ငံသား ဆူးဘားကို ရႈံးနိမ့္ခဲ့တဲ့ ျမန္မာဖိုက္တာ ဖိုးေသာ္ကိုလည္း ေအာင္လအန္ဆန္က ပြဲအၿပီးမွာ အားေပးစကားေျပာ ခဲ့ပါေသးတယ္။

" ဆက္ၿပီးႀကိဳးစားေနာ့၊ ကၽြန္ေတာ္ပရိသတ္အားလုံးကို ေျပာခ်င္ပါတယ္။ဖိုးေသာ္ မေကာင္းေၾကာင္းမေျပာပါနဲ႔၊သူ႔ကို ေ၀ဖန္တဲ့စကားေတြ အမ်ားႀကီးမေျပာပါနဲ႔၊အားေပးေပးပါ။ သူမ်ားကို မေကာင္းတာေျပာရင္ ကိုယ့္အတြက္ ဘာမွလည္း မထိေရာက္ပါဘူး။ကၽြန္ေတာ္တို႔အခ်င္းခ်င္း အားယူရမယ္။အခ်င္းခ်င္း အားေပးတာမ်ိဳးပဲ လုပ္ေပးပါ။" လို႔လည္း ေအာင္လကေျပာခဲ့ပါေသးတယ္။

ဖိုးေသာ္က ျမန္မာျပည္မွာ ေအာင္လအန္ဆန္ၿပီးရင္ MMA ၿပိဳင္ပြဲအေတြ႕အၾကဳံအမ်ားဆုံး ကစားသမားတစ္ဦးျဖစ္ေပမယ့္လည္း MMA ၿပိဳင္ပြဲရဲ႕ သေဘာတရားတစ္ခုျဖစ္တဲ့ Ground Game မွာေတာ့ အနည္းငယ္ အားနည္းေနေသးတာေၾကာင့္လည္း ၿပိဳင္ဖက္က ဖိုးေသာ္ရဲ႕ အားနည္းခ်က္ ကိုအခြင့္ေကာင္းယူၿပီး အႏိုင္ယူသြားတာ ျဖစ္ပါတယ္။

ဒီလို အားနည္းေနေသးတဲ့အေပၚမွာေတာ့ ေအာင္လအန္ဆန္က ဖိုးေသာ္အပါအ၀င္ ျမန္မာကစားသမားေတြ အားနည္းေနတဲ့ MMA ရဲ႕ တိုက္ကြက္ ျဖစ္တဲ့ ခ်ဳပ္ကြက္(တစ္နည္းအားျဖင့္ ေအာင္လရဲ႕ အားသာခ်က္) ကို ျပန္လည္ေ၀မွ်ေပးသြားမယ္လို႔လည္း ေအာင္လက ဆိုလာတာ ျဖစ္ပါတယ္။

ေအာင္လအန္ဆန္ကေတာ့ ေနာက္တစ္ႀကိမ္ ခါးပတ္ကာကြယ္ပြဲအျဖစ္ လိုက္ဟဲဗီး၀ိတ္ခါးပတ္ကို ကာကြယ္သြားရဖို႔ရွိတယ္လို႔ဆိုလာခဲ့ၿပီး ဒီခါး ပတ္ကာကြယ္ပြဲကိုေတာ့ ဂ်ပန္ႏိုင္ငံမွာ ကာကြယ္သြားမယ္လို႔လည္း ဆိုပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs