• Other Sports
    ခါးပတ်နှစ်ခုပထမဆုံးပိုင်ဆိုင်မယ့် အမျိုးသမီးဖိုက်တာ ဖြစ်ဖို့ ကြိုးပမ်းလာမယ့် အိန်ဂျလာလီ
Kyawko Ko
[Unicode Version]
အိန်ဂျလာလီက အက်တမ်ဝိတ်တန်းမှာ ချန်ပီယံဖြစ်ပြီး စတားဝိတ်တန်းက ချန်ပီယံ တရုတ်ဖိုက်တာ Jingnan Xiong ကို စိန်ခေါ်ပြီး ခါးပတ်နှစ်ခု ပိုင်ဆိုင်ဖို့ ကြိုးပမ်းလာတာ ဖြစ်ပါတယ်။
20170526110440_IMG_5511.JPG
Photo - One Championship
One Championship က ကြီးမှူးကျင်းပနေတဲ့ One Championship MMA ပြိုင်ပွဲတွေထဲက ပြိုင်ပွဲတစ်ခုကိုတော့ လာမယ့် နိုဝင်ဘာလ ၉ ရက် နေ့မှာ ကျင်းပပြုလုပ်သွားဦးမှာ ဖြစ်ပါတယ်။
MMA ပညာကို ဖိုးသော်အပါအဝင် မျိုးဆက်သစ်တွေကို မျှဝေပေးမယ့် အောင်လ 
ဒီပြိုင်ပွဲမှာတော့ မြန်မာဖိုက်တာတစ်ဦးမျှ ပါဝင်မှာ မဟုတ်ပေမယ့်လည်း အဓိက ခေါင်ပွဲအဖြစ် ထိုးသတ်မယ့်ပွဲက အမျိုးသမီးပွဲဖြစ်နေတာက ထူး ခြားမှု တစ်ရပ်ပါ။
mma-one-sin-lee.jpeg
Photo - The Province
စင်ကာပူနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပတဲ့ ပွဲသလို ခေါင်ပွဲအဖြစ် ထိုးသတ်မယ့်ပွဲမှာလည်း စင်ကာပူရဲ့ အချောဆုံးနဲ့ အရက်စက်ဆုံး အမျိုးသမီး ဖိုက်တာလို့ ဆိုရမယ့် အိန်ဂျလာလီက တရုတ်က စတားဝိတ်ချန်ပီယံကို စိန်ခေါ်ထားတာိပါ။
အိန်ဂျလာလီက အက်တမ်ဝိတ်တန်းမှာ ရွှေခါးပတ် ပိုင်ဆိုင်ထားတဲ့ဖိုက်တာ တစ်ဦးဖြစ်ပြီး လက်ရှိ ပေါင် ၁၁၅ ပေါင်တန်းမှာထိုးသတ်နေတာ ဖြစ်ပါတယ်။
bb4245020f00caba3ae4d240d00fd771.jpg
Photo - YouTube
အခုတစ်ကြိမ် စိန်ခေါ်ထိုးတဲ့ပွဲက အနည်းဆုံး ၁၂၅ ပေါင်ရှိရမှာ ဖြစ်တာကြောင့် လီအနေနဲ့ ၁၀ ပေါင်အထိ တိုးလာဖို့ အစားအသောက်နဲ့ အနေ အထိုင်ကို အခုထက်ပိုမြှင့်တင်ရမှာလည်း ဖြစ်ပါတယ်။
"“ သမိုင်းမှတ်တိုင်စိုက်ထူဖို့ မစောင့်နိုင်တော့ဘူး။ဒီအချိန်က ပထမဆုံး ခါးပတ်နှစ်ခုပိုင်ဆိုင်မယ့် မိန်းမ ဖိုက်တာ ဖြစ်လာမယ့်အချိန်ပါပဲ။ ပြိုင်ဖက်အပေါ်မှာတော့ လေးစားမှု အပြည့်ရှိပြီးသားပါ။ကျွန်မထင်တယ် သူက တစ်ကယ် ကြမ်းမယ့် ဖိုက်တာပါပဲ၊ကျွန်မတို့နှစ်ယောက်ရဲ့ တိုက်ခိုက်ဟန်တွေကြောင့် ပွဲကောင်းတစ်ပွဲဖြစ်လာမှာပါ။နှစ်ဦးစ လုံးက အရမ်းကို ပြိုင်ဆိုင်မှု ပြင်းထန်မယ့် ပြိုင်ဖက်တွေ ဖြစ်လာမှာပါ။” လို့ လီက ပြောပါတယ်။
44831586_2049988041691107_3827163551223513088_n.jpg 
အသက် ၂၂ နှစ်အရွယ်သာရှိသေးတဲ့ အိန်ဂျလာလီကတော့ ထူးချွန်တဲ့ ကိုယ်ခံပညာသာမက ပြေပြစ်ချောမောတဲ့ ရုပ်ရည်ကို ပိုင်ဆိုင်ထားသူ ဖြစ်တာကြောင့်လည်း လက်ဝှေ့ ဝါသနာရှင် ပုရိသတွေကို ဆွဲဆောင်ထားနိုင်ပါတယ်။
ထိုးသတ်ခဲ့တဲ့ ပရော်ဖက်ရှင်နယ်ပွဲ ၉ ပွဲသာမက အပျော်တမ်းအဆင့်မှာကတည်းက ရှုံးပွဲမရှိထားတဲ့ မှတ်တမ်းကောင်းကလည်း လာမယ့် နိုဝင် ဘာလ ၉ ရက်နေ့ပွဲမှာ ခွန်အားတစ်ရပ်ဖြစ်စေလာမှာပါ။
20180120025322_180120JKT1475.JPG
Photo - One Championship
တရုတ်က စတားဝိတ် ချန်ပီယံ Jingnan Xiongကတော့ ၁၃ ပွဲနိုင်ထားပြီး ၁ပွဲသာရှုံးနိမ့်ထားတဲ့ ချန်ပီယံ တစ်ယောက်ဖြစ်ပြီး နောက်ဆုံး ၈ ပွဲ ဆက်တိုက် အနိုင်ရထားတာပါ။
ချန်ပီယံနှစ်ယောက်ထိုးးသတ်ကြမယ့် ပွဲကိုတော့ စင်ကာပူနိုင်ငံက နိုဝင်ဘာလ ၉ ရက်နေ့မှာ ကျင်းပပြုလုပ်စေမှာ ဖြစ်ပြီး ချန်ပီယံခါးပတ်ကို ဂုဏ်သိက္ခာရှိရှိ ဆက်ထိန်းဖို့ ကြိုးစားမယ့်သူနဲ့ ပထမဆုံး ခါးပတ်နှစ်ခုပိုင်ရှင် အမျိုးသမီးဖိုက်တာအဖြစ် သမိုင်းရေးထိုးဖို့ ကြိုးပမ်းလာမယ့် ဖိုက် တာတို့ကြားမှာ အပြင်းထန်ဆုံး တိုက်ပွဲ ဖြစ်လာဖို့ ရှိနေပါတယ်။
[Zawgyi Version]
Photo - The Province
စင်ကာပူနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပတဲ့ ပွဲသလို ခေါင်ပွဲအဖြစ် ထိုးသတ်မယ့်ပွဲမှာလည်း စင်ကာပူရဲ့ အချောဆုံးနဲ့ အရက်စက်ဆုံး အမျိုးသမီး ဖိုက်တာလို့ ဆိုရမယ့် အိန်ဂျလာလီက တရုတ်က စတားဝိတ်ချန်ပီယံကို စိန်ခေါ်ထားတိာပါ။
Photo - YouTube
ဆက်စပ်သတင်းများ
"Duwun ဒီဂျစ်တယ် နေ့စဉ်သတင်းစာ"
သင့် အီးလ်မေး ကနေ နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။
News
Entertainment
Sports
Women
Lifestyle
Tech
Copyright © 2018 Duwun.
Privacy Policy | About Us | Jobs