• Other Sports
    အသက် (၂၀)သာရှိသေးတဲ့ ဂျပန်ကစ်ဘောက်ဆင်သမားနဲ့ ထိုးသတ်ဖို့ သဘောတူညီခဲ့တဲ့ မေဝယ်လ်သာ
Pyae Phyo Thein
[Unicode Version]

လက်ဝှေ့လောကကနေ အနားယူထားတဲ့ လက်ဝှေ့အကျော်အမော် မေဝယ်သာဟာ ဒီနေ့မှာပဲ အံ့အားသင့်ဖွယ် ကြေငြာမှုတစ်ခုကို ပြုလုပ်လိုက်ပါတယ်။ လာမယ့် ဒီဇင်ဘာလ (၃၁)ရက်နေ့မှာ မေဝယ်သာဟာ အသက် (၂၀)သာ ရှိသေးတဲ့ ဂျပန်နိုင်ငံသား ကစ်ဘောင်ဆင်သမားနဲ့ ဂျပန်မှာ ထိုးသတ်သွားမယ်လို့ တရားဝင်အတည်ပြုလိုက်တာ ဖြစ်ပါတယ်။

3500.jpg 

နှစ်သစ်ကူးညမှာ ကျင်းပမယ့် ပွဲမှာ ထိုးသတ်သွားမှာဖြစ်ပြီး မေဝယ်သာနဲ့ ထိုးသတ်မယ့် နာဆူကာဝါဟာ ကစားသမားဘဝမှာ ရှုံးပွဲမရှိသေးပဲ ကစ်ဘောက်ဆင်ပြိုင်ပွဲမှာ (၂၇)ပွဲ အနိုင်ရထားပြီး MMA ပွဲတွေမှာလည်း (၄)ပွဲ အနိုင်ရထားတယ်လို့ သိရပါတယ်။ ဒါဟာ အသက် (၂၀)အရွယ် နာဆူကာဝါရဲ့ ကစားသမားဘဝမှတ်တမ်းဖြစ်ပါတယ်။

43512785_254085035304758_445806004987001485_n.jpg 

အသက် (၄၂) အရွယ် မေဝယ်သာကလည်း ပွဲပေါင်း (၅၀) ထိုးသတ်ခဲ့ရာမှာ ရှုံးပွဲလုံးဝမရှိခဲ့ပဲ ဟဲဗီးဝိတ်ချန်ပီယံအဖြစ် ရပ်တည်နိုင်ခဲ့သူဖြစ်ပါတယ်။ နောက်ဆုံးထိုးသတ်ခဲ့တဲ့ ပွဲအဖြစ် UFC အကျော်အမော် ကွန်နာမက်ဂရီဂေါ်ကို မေဝယ်သာက (၁၀)ချီမှာ အလဲထိုးအနိုင်ရခဲ့ပြီးတော့ ကစားသမားဘ၀ နောက်ဆုံးပွဲကို အနိုင်နဲ့ ဇာတ်သိမ်းထားတာ ဖြစ်ပါတယ်။

"မတူခြားနားတာတွေလုပ်ချင်တာပါ၊ ကျွန်တော့်ရဲ့ အရည်အသွေးကို အမေရိကန်ပြင်ပမှာ ပြသချင်ပြီး ထူးခြားတဲ့ ထိုးသတ်ပွဲတစ်ခု ထိုးသတ်ချင်ခဲ့တာပါ၊ ဒီအတွက် ကျွန်တော့်ရဲ့ အသင်းနဲ့ RIZIN တို့ကို အတူတူ ပူးပေါင်းဖို့ ကျွန်တော်ပြောခဲ့တာပါ" လို့ မေဝယ်သာလ်က ပြောခဲ့ပါတယ်။

S18K3407.1538304065.jpeg 

မေဝယ်သာဟာ နောက်ထပ်ပွဲစဉ်တွေအဖြစ် ဖိလစ်ပိုင်လက်ဝှေ့သမား မန်နီပက်ကွီအိုနဲ့ ထိုးသတ်ဦးမှာဖြစ်ပြီး UFC ပြိုင်ပွဲမှာ မက်ဂရီဂေါ်ကို အနိုင်ရရှိထားတဲ့ ခါဘစ်နဲ့လည်း ထိုးသတ်ဖို့ စီစဉ်ထားတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီနေ့ တိုကျိုမှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲအပြီးမှာ မေဝယ်သာဟာ နာဆူကာဝါနဲ့ ထိုးသတ်ဖို့ သဘောတူညီမှု ရရှိသွားခဲ့ပါတယ်။

hi-res-e3813d29704cc7c1ab1d90f51888e6d5_crop_north.jpg 

ဒီပွဲဖြစ်ပေါ်လာအောင် ဂျပန်နိုင်ငံအခြေစိုက် Rizin Fighting Federation က စီစဉ်ခဲ့တာဖြစ်ပြီး ပုံမှန်အားဖြင့် MMA ပွဲတွေကို တင်သွင်းနေတာဖြစ်ပါတယ်။ ခန္ဓာကိုယ်အလေးချိန်နဲ့ စည်းမျဉ်းစည်းကမ်းတွေကို လာမယ့်အပတ်ထဲမှာ ထုတ်ပြန်ကြေငြာသွားမယ်လို့ သိရပါတယ်။  ဒါကြောင့် လက်ရှိအချိန်ထိ လက်ဝှေ့စည်းမျဉ်းတွေအောက်မှာ ထိုးသတ်မှာလား၊ MMA စည်းမျဉ်းအောက်မှာ ထိုးသတ်မှာလားဆိုတာကိုတော့ မသိရသေးပါဘူး။

[Zawgyi Version]

လက္ေ၀ွ႕ေလာကကေန အနားယူထားတဲ့ လက္ေ၀ွ႕အေက်ာ္အေမာ္ ေမ၀ယ္သာဟာ ဒီေန႔မွာပဲ အံ့အားသင့္ဖြယ္ ေၾကျငာမႈတစ္ခုကို ျပဳလုပ္လိုက္ပါတယ္။ လာမယ့္ ဒီဇင္ဘာလ (၃၁)ရက္ေန႔မွာ ေမ၀ယ္သာဟာ အသက္ (၂၀)သာ ရွိေသးတဲ့ ဂ်ပန္ႏိုင္ငံသား ကစ္ေဘာင္ဆင္သမားနဲ႔ ဂ်ပန္မွာ ထိုးသတ္သြားမယ္လို႔ တရား၀င္အတည္ျပဳလိုက္တာ ျဖစ္ပါတယ္။

ႏွစ္သစ္ကူးညမွာ က်င္းပမယ့္ ပြဲမွာ ထိုးသတ္သြားမွာျဖစ္ျပီး ေမ၀ယ္သာနဲ႔ ထိုးသတ္မယ့္ နာဆူကာ၀ါဟာ ကစားသမားဘ၀မွာ ရံႈးပြဲမရွိေသးပဲ ကစ္ေဘာက္ဆင္ျပိဳင္ပြဲမွာ (၂၇)ပြဲ အႏိုင္ရထားျပီး MMA ပြဲေတြမွာလည္း (၄)ပြဲ အႏိုင္ရထားတယ္လို႔ သိရပါတယ္။ ဒါဟာ အသက္ (၂၀)အရြယ္ နာဆူကာ၀ါရဲ႕ ကစားသမားဘ၀မွတ္တမ္းျဖစ္ပါတယ္။

အသက္ (၄၂) အရြယ္ ေမ၀ယ္သာကလည္း ပြဲေပါင္း (၅၀) ထိုးသတ္ခဲ့ရာမွာ ရံႈးပြဲလံုး၀မရွိခဲ့ပဲ ဟဲဗီး၀ိတ္ခ်န္ပီယံအျဖစ္ ရပ္တည္ႏိုင္ခဲ့သူျဖစ္ပါတယ္။ ေနာက္ဆံုးထိုးသတ္ခဲ့တဲ့ ပြဲအျဖစ္ UFC အေက်ာ္အေမာ္ ကြန္နာမက္ဂရီေဂၚကို ေမ၀ယ္သာက (၁၀)ခ်ီမွာ အလဲထိုးအႏိုင္ရခဲ့ျပီးေတာ့ ကစားသမားဘ၀ ေနာက္ဆံုးပြဲကို အႏိုင္နဲ႔ ဇာတ္သိမ္းထားတာ ျဖစ္ပါတယ္။

"မတူျခားနားတာေတြလုပ္ခ်င္တာပါ၊ ကၽြန္ေတာ့္ရဲ႕ အရည္အေသြးကို အေမရိကန္ျပင္ပမွာ ျပသခ်င္ျပီး ထူးျခားတဲ့ ထုိးသတ္ပြဲတစ္ခု ထိုးသတ္ခ်င္ခဲ့တာပါ၊ ဒီအတြက္ ကၽြန္ေတာ့္ရဲ႕ အသင္းနဲ႔ RIZIN တို႔ကို အတူတူ ပူးေပါင္းဖို႔ ကၽြန္ေတာ္ေျပာခဲ့တာပါ" လို႔ ေမ၀ယ္သာလ္က ေျပာခဲ့ပါတယ္။

ေမ၀ယ္သာဟာ ေနာက္ထပ္ပြဲစဥ္ေတြအျဖစ္ ဖိလစ္ပိုင္လက္ေ၀ွ႕သမား မန္နီပက္ကြီအိုနဲ႔ ထိုးသတ္ဦးမွာျဖစ္ျပီး UFC ျပိဳင္ပြဲမွာ မက္ဂရီေဂၚကို အႏိုင္ရရွိထားတဲ့ ခါဘစ္နဲ႔လည္း ထုိးသတ္ဖို႔ စီစဥ္ထားတာျဖစ္ပါတယ္။ ဒါေပမယ့္လည္း ဒီေန႔ တိုက်ိဳမွာ ျပဳလုပ္ခဲ့တဲ့ သတင္းစာရွင္းလင္းပြဲအျပီးမွာ ေမ၀ယ္သာဟာ နာဆူကာ၀ါနဲ႔ ထုိးသတ္ဖို႔ သေဘာတူညီမႈ ရရွိသြားခဲ့ပါတယ္။

ဒီပြဲျဖစ္ေပၚလာေအာင္ ဂ်ပန္ႏိုင္ငံအေျခစိုက္ Rizin Fighting Federation က စီစဥ္ခဲ့တာျဖစ္ျပီး ပံုမွန္အားျဖင့္ MMA ပြဲေတြကို တင္သြင္းေနတာျဖစ္ပါတယ္။ ခႏၶာကိုယ္အေလးခ်ိန္နဲ႔ စည္းမ်ဥ္းစည္းကမ္းေတြကို လာမယ့္အပတ္ထဲမွာ ထုတ္ျပန္ေၾကျငာသြားမယ္လို႔ သိရပါတယ္။  ဒါေၾကာင့္ လက္ရွိအခ်ိန္ထိ လက္ေ၀ွ႕စည္းမ်ဥ္းေတြေအာက္မွာ ထုိးသတ္မွာလား၊ MMA စည္းမ်ဥ္းေအာက္မွာ ထိုးသတ္မွာလားဆိုတာကိုေတာ့ မသိရေသးပါဘူး။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs