• Other Sports
    နောက်ကျောဒဏ်ရာကြောင့် စံချိန်သစ်ရေးထိုးနိုင်မယ့်အခွင့်အရေးကို လီလက်လွှတ်လိုက်ရ
Kyawko Ko
[Unicode Version]

မူလက စင်ကာပူဖိုက်တာ လီက တရုတ်ဖိုက်တာထံက စတားဝိတ်တန်းရွှေခါးပတ်ကို စိန်ခေါ်ပြီး ပထမဆုံး ခါးပတ်နှစ်ခုပိုင်ဆိုင်မယ့် အမျိုးသမီး ဖိုက်တာအဖြစ် စံချိန်တင်နိုင်ဖို့ ကြိုးစားလာတာပါ။

43601509_2049053655117879_6175888076561186816_o.jpg

Photo - One Championship

 

စင်ကာပူမှာ ကျင်းပမယ့် One Championship ပြိုင်ပွဲရဲ့ အဓိကပွဲဖြစ်တဲ့ စင်ကာပူ ဖိုက်တာ အိန်ဂျလာလီနဲ့ တရုတ်ဖိုက်တာ Xiong Jing Nan တို့ရဲ့ ပွဲကတော့ ပါဝင်တော့မှာ မဟုတ်ဘူးလို့ ပြိုင်ပွဲကျင်းပရေးကော်မတီက အတည်ပြု ထုတ်ပြန်လိုက်ပါတယ်။

ခါးပတ်နှစ်ခုပထမဆုံးပိုင်ဆိုင်မယ့် အမျိုးသမီးဖိုက်တာ ဖြစ်ဖို့ ကြိုးပမ်းလာမယ့် အိန်ဂျလာလီ 

လီနဲ့တရုတ်ဖိုက်တာ Xiong Jing Nan တို့ပွဲက အဓိက ခေါင်ပွဲဖြစ်သလို One Championship ရဲ့ သမိုင်းတစ်လျှောက်မှာ အထူးခြားဆုံး ပွဲ တစ်ပွဲ ဖြစ်လာမှာပါ။

Angela-Lee-IMGL8977.jpg

Photo - One Championship

 

အကြောင်းကတော့ လီက လက်ရှိ အက်တမ်ဝိတ်တန်းရဲ့ချန်ပီယံ ဖြစ်သလို အခုတစ်ကြိမ်မှာလည်း တရုတ်ဖိုက်တာ Xiong Jing Nan ထံက စတားဝိတ်တန်း ခါးပတ်ကို စိန်ခေါ်လာတာပါ။

ဒီလို စိန်ခေါ်ရာမှာ အနိုင်ရခဲ့မယ်ဆိုရင်တော့ One Championship ရဲ့ သမိုင်းမှာ ပထမဆုံး ခါးပတ်နှစ်ခုပိုင်ဆိုင်မယ့် အမျိုးသမီးဖိုက်တာ အဖြစ် မှတ်တမ်းဝင်လာမှာပါ။

Bibiano-Fernandes-071_SB_ONE_050817_Macao_DSC_5320.jpg

Photo - One Championship

 

ဒါပေမယ့်လည်း အခုချိန်မှာတော့ စိန်ခေါ်သူ စင်ကာပူနိုင်ငံသား လီအနေနဲ့ ပြီးခဲ့တဲ့ အပတ်က ပြုလုပ်ခဲ့တဲ့ လေ့ကျင့်ခန်းမှာ နောက်ကျော ဒဏ်ရာ ပြင်းထန်စွာခံစားလိုက်ရတာကြောင့် ဆရာဝန်က ပြိုင်ပွဲကို ဝင်ပြိုင်ခွင့်မပြုတော့ဘူးလို့ သိရပါတယ်။

ဒါကြောင့်လည်း ပြိုင်ပွဲကျင်းပရေး ကော်မတီက လီကို ပြိုင်ပွဲက ဝင်ရောက်မယှဉ်ပြိုင်တော့မှုကို ခွင့်ပြုပေးလိုက်ပြီဖြစ်တာကြောင့် Xiong Jing Nan လည်း စင်ကာပူမှာ ထိုးသတ်မယ့် ၉ ရက်နေ့ပွဲမှာ ပါဝင်နိုင်တော့မှာ မဟုတ်ပါဘူး။

45412810_2068515126505065_7723222166036021248_n.jpg

Photo - One Championship

 

"ကျွန်တော့်အနေနဲ့ ဒီသတင်းကို ကသိကအောက်ဖြစ်စွာနဲ့ပဲ ထုတ်ပြန်ပေးရမှာပါပဲ၊အဲ့ဒါကတော့ စင်ကာပူမှာ ကျင်းပမယ့် အဓိက ခေါင်ပွဲဖြစ်တဲ့ လီနဲ့ ဇီဂျင်နန်တို့ပွဲကိုတော့ ဖျက်သိမ်းလိုက်ပါပြီ။လီအနေနဲ့ ပြိုင်ပွဲဝင်ဖို့ လုံလောက်တဲ့ ကြံ့ခိုင်မှု မရှိတော့လို့ ဖြစ်ပါတယ်။" လို့ Once Championshipရဲ့ ဥက္ကဌ Chatri Sityodtong ကိုယ်တိုင်က ဖေ့ဘုတ်စာမျက်နှာထက်မှာ ရေးသားဖော်ပြလာတာပါ။

အခုလို လီရဲ့ ကျောဒဏ်ရာအပေါ်မှာတော့ ဆရာဝန်က သင်္ကာမကင်းဖြစ်နေတယ်လို့ One ကဖော်ပြထားပြီး အကြောင်းကလည်း မနှစ်က အဝေးပြေးလမ်းမကြီးပေါ်မှာ လီအနေနဲ့ ကားအက်စီးဒင့်ဖြစ်ထားခဲ့တာဖြစ်ပြီး အဲ့ဒီအရှိန်ကြောင့်သာ အခုလို ကျောဒဏ်ရာ ပြန်လည်ရရှိတယ်လို့ ဆရာဝန်က ထင်မြင်နေပါတယ်။

အခုပွဲပျက်ခဲ့လို့ ၉ ရက်နေ့မှာ ကျင်းပမယ့် ပွဲမှာတော့ အဓိက ခေါင်ပွဲအဖြစ် ဘန်တမ် ဝိတ်တန်းချန်ပီယံ ဘီဘီယာနိုဖာနန်ဒက်စ်နဲ့ ကြားဖြတ် ဘန်တမ် ဝိတ်တန်း ချန်ပီယံ ကီဗင်ဘယ်လင်ဂွန်းတို့ရဲ့ပွဲ ဖြစ်လာပါတယ်။

[Zawgyi Version]

မူလက စင္ကာပူဖိုက္တာ လီက တရုတ္ဖိုက္တာထံက စတား၀ိတ္တန္းေရႊခါးပတ္ကို စိန္ေခၚၿပီး ပထမဆုံး ခါးပတ္ႏွစ္ခုပိုင္ဆိုင္မယ့္ အမိ်ဳးသမီး ဖိုက္တာအျဖစ္ စံခ်ိန္တင္ႏိုင္ဖို႔ ႀကိဳးစားလာတာပါ။

Photo - One Championship

 

စင္ကာပူမွာ က်င္းပမယ့္ One Championship ၿပိဳင္ပြဲရဲ႕ အဓိကပြဲျဖစ္တဲဲ့ စင္ကာပူ ဖိုက္တာ အိန္ဂ်လာလီနဲ႔ တရုတ္ဖိုက္တာ Xiong Jing Nan တို႔ရဲ႕ ပြဲကေတာ့ ပါ၀င္ေတာ့မွာ မဟုတ္ဘူးလို႔ ၿပိဳင္ပြဲက်င္းပေရးေကာ္မတီက အတည္ျပဳ ထုတ္ျပန္လိုက္ပါတယ္။

ခါးပတ္ႏွစ္ခုပထမဆုံးပိုင္ဆိုင္မယ့္ အမ်ိဳးသမီးဖိုက္တာ ျဖစ္ဖို႔ ႀကိဳးပမ္းလာမယ့္ အိန္ဂ်လာလီ 

လီနဲ႔တရုတ္ဖိုက္တာ Xiong Jing Nan တို႔ပြဲက အဓိက ေခါင္ပြဲျဖစ္သလို One Championship ရဲ႕ သမိုင္းတစ္ေလွ်ာက္မွာ အထူးျခားဆုံး ပြဲ တစ္ပြဲ ျဖစ္လာမွာပါ။

Photo - One Championship

 

အေၾကာင္းကေတာ့ လီက လက္ရွိ အက္တမ္၀ိတ္တန္းရဲ႕ခ်န္ပီယံ ျဖစ္သလို အခုတစ္ႀကိမ္မွာလည္း တရုတ္ဖိုက္တာ Xiong Jing Nan ထံက စတား၀ိတ္တန္း ခါးပတ္ကို စိန္ေခၚလာတာပါ။

ဒီလို စိန္ေခၚရာမွာ အႏိုင္ရခဲ့မယ္ဆိုရင္ေတာ့ One Championship ရဲ႕ သမုိင္းမွာ ပထမဆုံး ခါးပတ္ႏွစ္ခုပိုင္ဆိုင္မယ့္ အမ်ိဳးသမီးဖိုက္တာ အျဖစ္ မွတ္တမ္း၀င္လာမွာပါ။

Photo - One Championship

 

ဒါေပမယ့္လည္း အခုခ်ိန္မွာေတာ့ စိန္ေခၚသူ စင္ကာပူႏိုင္ငံသား လီအေနနဲ႔ ၿပီးခဲ့တဲ့ အပတ္က ျပဳလုပ္ခဲ့တဲ့ ေလ့က်င့္ခန္းမွာ ေနာက္ေက်ာ ဒဏ္ရာ ျပင္းထန္စြာခံစားလိုက္ရတာေၾကာင့္ ဆရာ၀န္က ၿပိဳင္ပြဲကို ၀င္ၿပိဳင္ခြင့္မျပဳေတာ့ဘူးလို႔ သိရပါတယ္။

ဒါေၾကာင့္လည္း ၿပိဳင္ပြဲက်င္းပေရး ေကာ္မတီက လီကို ၿပိဳင္ပြဲက ၀င္ေရာက္မယွဥ္ၿပိဳင္ေတာ့မႈကို ခြင့္ျပဳေပးလိုက္ၿပီျဖစ္တာေၾကာင့္ Xiong Jing Nan လည္း စင္ကာပူမွာ ထိုးသတ္မယ့္ ၉ ရက္ေန႔ပြဲမွာ ပါ၀င္ႏိုင္ေတာ့မွာ မဟုတ္ပါဘူး။

Photo - One Championship

 

"ကၽြန္ေတာ့္အေနနဲ႔ ဒီသတင္းကို ကသိကေအာက္ျဖစ္စြာနဲ႔ပဲ ထုတ္ျပန္ေပးရမွာပါပဲ၊အဲ့ဒါကေတာ့ စင္ကာပူမွာ က်င္းပမယ့္ အဓိက ေခါင္ပြဲျဖစ္တဲ့ လီနဲ႔ ဇီဂ်င္နန္တို႔ပြဲကိုေတာ့ ဖ်က္သိမ္းလိုက္ပါၿပီ။လီအေနနဲ႔ ၿပိဳင္ပြဲ၀င္ဖို႔ လုံေလာက္တဲ့ ၾကံ့ခိုင္မႈ မရွိေတာ့လို႔ ျဖစ္ပါတယ္။" လို႔ Once Championshipရဲ႕ ဥကၠဌ Chatri Sityodtong ကိုယ္တိုင္က ေဖ့ဘုတ္စာမ်က္ႏွာထက္မွာ ေရးသားေဖာ္ျပလာတာပါ။

အခုလို လီရဲ႕ ေက်ာဒဏ္ရာအေပၚမွာေတာ့ ဆရာ၀န္က သကၤာမကင္းျဖစ္ေနတယ္လို႔ One ကေဖာ္ျပထားၿပီး အေၾကာင္းကလည္း မႏွစ္က အေ၀းေျပးလမ္းမႀကီးေပၚမွာ လီအေနနဲ႔ ကားအက္စီးဒင့္ျဖစ္ထားခဲ့တာျဖစ္ၿပီး အဲ့ဒီအရွိန္ေၾကာင့္သာ အခုလို ေက်ာဒဏ္ရာ ျပန္လည္ရရွိတယ္လို႔ ဆရာ၀န္က ထင္ျမင္ေနပါတယ္။

အခုပြဲပ်က္ခဲ့လို႔ ၉ ရက္ေန႔မွာ က်င္းပမယ့္ ပြဲမွာေတာ့ အဓိက ေခါင္ပြဲအျဖစ္ ဘန္တမ္ ၀ိတ္တန္းခ်န္ပီယံ ဘီဘီယာႏိုဖာနန္ဒက္စ္နဲ႔ ၾကားျဖတ္ ဘန္တမ္ ၀ိတ္တန္း ခ်န္ပီယံ ကီဗင္ဘယ္လင္ဂြန္းတို႔ရဲ႕ပြဲ ျဖစ္လာပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs