• Other Sports
    UFC က ချန်ပီယံဖိုက်တာနှစ်ယောက် One Championship ကို ကူးပြောင်းလာ
Kyawko Ko
[Unicode Version]

လာမယ့် နိုဝင်ဘာလ ၂၃ ရက်နေ့ ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပမယ့် ပွဲမှာ စတင်ပွဲထွက်လာကြမှာ ဖြစ်ပြီး နှစ်ဦးစလုံးက ဖလိုက်ဝိတ်နဲ့လိုက်ဝိတ် UFC ချန်ပီယံဟောင်းတွေဖြစ်ပါတယ်။

20160421-UFC197-MEDIA-DAY-0058.jpg

Photo - The Fight Nation

 

မနေ့က စင်ကာပူနိုင်ငံ မာရီနာဘေးဆန့် ကွန်ဗင်းရှင်း စင်တာမှာ ကျင်းပပြုလုပ်ခဲ့တဲ့ Heart Of The Lion ပွဲကြို သတင်းစာရှင်းလင်းပွဲမှာ One Championship က ကစားသမားသစ်နှစ်ဦးနဲ့ မိတ်ဆက်ပေးခဲ့ပါတယ်။

"ဆုလိုချင်လို့ ကစားတာမဟုတ်ဘူး၊မြန်မာပြည်ကလူတွေ ဂုဏ်ယူနိုင်ဖို့ ကစားနေတာ"(အောင်လအန်ဆန်) 

အဲ့ဒီကစားသမားနှစ်ဦးကတော့ အမေရိကန်နိုင်ငံသားနှစ်ဦးဖြစ်တဲ့ ဒီမီထရီယက်ဂျွန်ဆင်နဲ့အက်ဒီအဲဗားရက်စ်တို့ဖြစ်ပြီး ဒီမီထရီကတော့ ဖလိုင်းဝိတ်တန်းမှာ ထိုးသတ်သွားမှာ ဖြစ်ပြီး အဲဗားရက်စ်ကတော့ လိုက်ဝိတ်တန်းမှာ ထိုးသတ်သွားမှာပါ။

AlvarezMandelSherdog.jpg

Photo - combatpress.com

 

ဒီကစားသမားနှစ်ဦးရဲ့ ထူးခြားချက်ကတော့ နှစ်ဦးစလုံးဟာ အမေရိကန်အခြေစိုက် MMA ပြိုင်ပွဲကျင်းပရေး ကော်မတီတစ်ခုဖြစ်တဲ့ UFC ပြိုင်ပွဲ ကြီးကနေ ကူးပြောင်းလာတာပါ။

UFC ရဲ့ ပြိုင်ပွဲဝင်ကစားသမားတွေဟာ One Championship ကို စိတ်ဝင်စားလာတာဟာ One Championshipရဲ့ အောင်မြင်မှုတစ်ခုလို့ ဆိုရမှာ ဖြစ်သလို ပြိုင်ပွဲတွေလည်း အခုထက်ပိုကြမ်းလာနိုင်ဖွယ်ရှိပါတယ်။

နှစ်ဦးစလုံးက ကိုယ်စီ UFC ပြိုင်ပွဲတွေမှာ ချန်ပီယံတွေဖြစ်ပြီး အခုချိန်မှာတော့ One Championship နဲ့ စာချုပ်ချုပ်ဆိုလိုက်ပြီဖြစ်တာကြောင့် ဒီကစားသမားတွေနှစ်ဦးစလုံးကို One နဲ့အတူ ပထမဆုံးမြင်တွေ့ရမယ့်ပွဲကတော့ လာမယ့် ဖိလစ်ပိုင်မှာ ထိုးသတ်မယ့် ပွဲမှာလို့လည်း သိရပါ သေးတယ်။

ဒီမီထရီယက်ဂျွန်ဆင်ကတော့ UFC မှာ စုစုပေါင်း ပွဲ ၃၀ ကစားထားခဲ့ပြီး ၂၇ ပွဲနိုင်ကာ ၃ ပွဲသာရှုံးနိမ့်ထားခဲ့တဲ့ ချန်ပီယံကောင်းတစ်ယောက်ဖြစ် သလို ထူးခြားချက်ကတော့ ဖလိုက်ဝိတ်ချန်ပီယံခါးပတ်ကို ၁၁ ပွဲဆက်နဲ့ ပွဲဆက်အများဆုံးကာကွယ်ခဲ့ထားနိုင်ခဲ့တဲ့ ဖိုက်တာတစ်ယောက်လည်း ဖြစ်ပါတယ်။

နောက်တစ်ယောက်ဖြစ်တဲ့ အက်ဒီအဲဗားရက်စ်ကလည်း UFC ရဲ့ ဘယ်လက်တာ လိုက်ဝိတ်ရဲ့ ၂ ထပ်ကွမ်းချန်ပီယံဟောင်း ဖြစ်သလို လိုက်ဝိတ် တန်းရဲ့ ချန်ပီယံဟောင်းတစ်ဦးလည်း ဖြစ်ပါတယ်။

အခုလိုမျိုး One နဲ့ လက်တွဲခွင့်ရတဲ့ အပေါ်မှာ မတွေဝေခဲ့ပဲ ချက်ခြင်းဆိုသလို One ရဲ့ ဖိုက်တာတစ်ယောက်အနေနဲ့ ပါဝင်လာဖြစ်တယ်လို့လည်း ဂျွန်ဆင်ကပြောခဲ့ပါတယ်။

၎င်းတို့နှစ်ဦးပါဝင်ကစားမယ့် ဖလိုက်ဝိတ်နဲ့လိုက်ဝိတ်ခါးပတ်လုပွဲမှာတော့ သူတို့နှစ်ယောက်အပါအဝင် ကစားသမား ၈ ဦးရှိတယ်လို့ သိရပြီး သူတို့ ၈ ဦးကို ကွာတားဖိုင်နယ်၊ဆီမီးဖိုင်နယ်နဲ့ ဖိုင်နယ်အဆင့်ပွဲတွေ အသီးသီးကျင်းပပြုလုပ်စေပြီးတော့ ချန်ပီယံ ရွေးချယ်မယ်လို့လည်း One က ထုတ်ပြန်ခဲ့ပါတယ်။

[Zawgyi Version]

လာမယ့္ ႏို၀င္ဘာလ ၂၃ ရက္ေန႔ ဖိလစ္ပိုင္ႏို္င္ငံမွာ က်င္းပမယ့္ ပြဲမွာ စတင္ပြဲထြက္လာၾကမွာ ျဖစ္ၿပီး ႏွစ္ဦးစလုံးက ဖလိုက္၀ိတ္နဲ႔လိုက္၀ိတ္ UFC ခ်န္ပီယံေဟာင္းေတြျဖစ္ပါတယ္။

Photo - The Fight Nation

 

မေန႔က စင္ကာပူႏိုင္ငံ မာရီနာေဘးဆန္႔ ကြန္ဗင္းရွင္း စင္တာမွာ က်င္းပျပဳလုပ္ခဲ့တဲ့ Heart Of The Lion ပြဲႀကိဳ သတင္းစာရွင္းလင္းပြဲမွာ One Championship က ကစားသမားသစ္ႏွစ္ဦးနဲ႔ မိတ္ဆက္ေပးခဲ့ပါတယ္။

"ဆုလိုခ်င္လို႔ ကစားတာမဟုတ္ဘူး၊ျမန္မာျပည္ကလူေတြ ဂုဏ္ယူႏိုင္ဖို႔ ကစားေနတာ"(ေအာင္လအန္ဆန္) 

အဲ့ဒီကစားသမားႏွစ္ဦးကေတာ့ အေမရိကန္ႏိုင္ငံသားႏွစ္ဦးျဖစ္တဲ့ ဒီမီထရီယက္ဂၽြန္ဆင္နဲ႔အက္ဒီအဲဗားရက္စ္တို႔ျဖစ္ၿပီး ဒီမီထရီကေတာ့ ဖလိုင္း၀ိတ္တန္းမွာ ထိုးသတ္သြားမွာ ျဖစ္ၿပီး အဲဗားရက္စ္ကေတာ့ လိုက္၀ိတ္တန္းမွာ ထိုးသတ္သြားမွာပါ။

Photo - combatpress.com

 

ဒီကစားသမားႏွစ္ဦးရဲ႕ ထူးျခားခ်က္ကေတာ့ ႏွစ္ဦးစလုံးဟာ အေမရိကန္အေျခစိုက္ MMA ၿပိဳင္ပြဲက်င္းပေရး ေကာ္မတီတစ္ခုျဖစ္တဲဲ့ UFC ၿပိဳင္ပြဲ ႀကီးကေန ကူးေျပာင္းလာတာပါ။

UFC ရဲ႕ ၿပိဳင္ပြဲ၀င္ကစားသမားေတြဟာ One Championship ကို စိတ္၀င္စားလာတာဟာ One Championshipရဲ႕ ေအာင္ျမင္မႈတစ္ခုလို႔ ဆိုရမွာ ျဖစ္သလို ၿပိဳင္ပြဲေတြလည္း အခုထက္ပိုႀကမ္းလာႏိုင္ဖြယ္ရွိပါတယ္။

ႏွစ္ဦးစလုံးက ကိုယ္စီ UFC ၿပိဳင္ပြဲေတြမွာ ခ်န္ပီယံေတြျဖစ္ၿပီး အခုခ်ိန္မွာေတာ့ One Championship နဲ႔ စာခ်ဳပ္ခ်ဳပ္ဆိုလိုက္ၿပီျဖစ္တာေၾကာင့္ ဒီကစားသမားေတြႏွစ္ဦးစလုံးကို One နဲ႔အတူ ပထမဆုံးျမင္ေတြ႕ရမယ့္ပြဲကေတာ့ လာမယ့္ ဖိလစ္ပိုင္မွာ ထိုးသတ္မယ့္ ပြဲမွာလို႔လည္း သိရပါ ေသးတယ္။

ဒီမီထရီယက္ဂၽြန္ဆင္ကေတာ့ UFC မွာ စုစုေပါင္း ပြဲ ၃၀ ကစားထားခဲ့ၿပီး ၂၇ ပြဲႏိုင္ကာ ၃ ပြဲသာရႈံးနိမ့္ထားခဲ့တဲ့ ခ်န္ပီယံေကာင္းတစ္ေယာက္ျဖစ္ သလို ထူးျခားခ်က္ကေတာ့ ဖလိုက္၀ိတ္ခ်န္ပီယံခါးပတ္ကို ၁၁ ပြဲဆက္နဲ႔ ပြဲဆက္အမ်ားဆုံးကာကြယ္ခဲ့ထားႏိုင္ခဲ့တဲ့ ဖိုက္တာတစ္ေယာက္လည္း ျဖစ္ပါတယ္။

ေနာက္တစ္ေယာက္ျဖစ္တဲ့ အက္ဒီအဲဗားရက္စ္ကလည္း UFC ရဲ႕ ဘယ္လက္တာ လိုက္၀ိတ္ရဲ႕ ၂ ထပ္ကြမ္းခ်န္ပီယံေဟာင္း ျဖစ္သလို လိုက္၀ိတ္ တန္းရဲ႕ ခ်န္ပီယံေဟာင္းတစ္ဦးလည္း ျဖစ္ပါတယ္။

အခုလိုမ်ိဳး One နဲ႔ လက္တြဲခြင့္ရတဲ့ အေပၚမွာ မေတြေ၀ခဲ့ပဲ ခ်က္ျခင္းဆိုသလို One ရဲ႕ ဖိုက္တာတစ္ေယာက္အေနနဲ႔ ပါ၀င္လာျဖစ္တယ္လို႔လည္း ဂၽြန္ဆင္ကေျပာခဲ့ပါတယ္။

၎တို႔ႏွစ္ဦးပါ၀င္ကစားမယ့္ ဖလုိက္၀ိတ္နဲ႔လိုက္၀ိတ္ခါးပတ္လုပြဲမွာေတာ့ သူတို႔ႏွစ္ေယာက္အပါအ၀င္ ကစားသမား ၈ ဦးရွိတယ္လို႔ သိရၿပီး သူတို႔ ၈ ဦးကို ကြာတားဖိုင္နယ္၊ဆီမီးဖိုင္နယ္နဲ႔ ဖိုင္နယ္အဆင့္ပြဲေတြ အသီးသီးက်င္းပျပဳလုပ္ေစၿပီးေတာ့ ခ်န္ပီယံ ေရြးခ်ယ္မယ္လို႔လည္း One က ထုတ္ျပန္ခဲ့ပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs