• Other Sports
    အောင်လကို အားပေးတဲ့ မြန်မာပရိသတ်တွေကို အံ့အခန်း ဖြစ်နေတဲ့ ONE CHAMPIONSHIP
Kyawko Ko
[Unicode Version]

ဗစ်ဒစ်ရှ်နဲ့စတင်ထိုးသတ်တဲ့ ပထမဆုံး မြန်မာနိုင်ငံပွဲမှာတင် အောင်လကို အားပေးကြတဲ့ ပရိသတ်တွေက ကွင်းအတွင်းသာမက ဆိုရှယ်မီဒီယာနဲ့ တစ်နိုင်ငံလုံးဆိုတာကို သိလိုက်ရတယ်လို့ စီအီးအို ချက်ထရီက ပြောခဲ့တာပါ။

DSC02102.jpg 

မြန်မာနိုင်ငံကို One Championship က MMA ပြိုင်ပွဲတွေကို ၂၀၁၆ ခုနှစ်လောက်ကမှ သယ်ဆောင်လာခဲ့တာ ဖြစ်ပြီး လက်ရှိမှာတော့ ၂ နှစ် ကျော် သက်တမ်းကို ရောက်ရှိလာခဲ့ပါပြီ။

UFC က ချန်ပီယံဖိုက်တာနှစ်ယောက် One Championship ကို ကူးပြောင်းလာ 

အောင်လအန်ဆန်အနေနဲ့ မြန်မာနိုင်ငံမှာ ၅ ပွဲတိတိ ထိုးသတ်ပြီးခဲ့ပြီ ဖြစ်ပြီး ၅ ပွဲစလုံးကို အနိုင်ယူထားနိုင်သူ ဖြစ်ပါတယ်။ လက်ရှိမှာလည်း မစ် ဒယ်ဝိတ်တန်းနဲ့ လိုက်ဟဲဗီးဝိတ်တန်းရဲ့ ရွှေခါးပတ်ချန်ပီယံပိုင်ရှင်လည်း ဖြစ်ပါတယ်။

DSC02097.jpg 

ပထမဆုံး One Championship အနေနဲ့ မြန်မာနိုင်ငံမှာ စတင်မိတ်ဆက်ခဲ့တဲ့ ပွဲကတော့ အောင်လအန်ဆန်နဲ့ ဗစ်တလီဗစ်ဒစ်ရှ်တို့ရဲ့ မစ်ဒယ် ဝိတ်ခါးပတ်လုပွဲဖြစ်ပါတယ်။

အဲ့ပွဲမှာ အောင်လအန်ဆန်က ပွဲချီပြည့်ထိုးပြီး ဗစ်ဒစ်ရှ်ကို အမှတ်နဲ့အနိုင်ယူကာ ပထမဆုံး မစ်ဒယ်ဝိတ် ရွှေခါးပတ်ချန်ပီယံ ဖြစ်လာခဲ့တာပါ။ အဲ့ နောက်မှာတော့ အောင်လအန်ဆန်အနေနဲ့ အလွတ်တန်းပွဲအဖြစ် ဟဲဗီးဝိတ်က အလိန်းအန်ဂါလာနီနဲ့ ဆက်လက်ထိုးသတ်ခဲ့ရာမှာလည်း အနိုင်ရခဲ့ပါတယ်။

IMG_0799.jpg 

တစ်ဆက်တည်းမှာပဲ အလက်ဇန္ဒား မချာဒိုကို ထပ်မံ အနိုင်ယူပြီး လစ်လပ်နေတဲ့ လိုက်ဟဲဗီးဝိတ်ရွှေခါးပတ်ကို ထပ်မံ ပိုင်ဆိုင်ခဲ့လို့ ခါးပတ်နှစ်ခု ချန်ပီယံ ဖြစ်လာခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ မစ်ဒယ်ဝိတ် ခါးပတ်ကို နှစ်ကြိမ်အထိ ပြန်လည်ကာကွယ်ထားနိုင်ပြီ ဖြစ်ပြီး ဂျပန်က ကမ်ဟာဆီဂါဝါနဲ့ လက်ဘနွန်က ခရာကီတို့ အရှုံးပေးထားရတာပါ။

IMG_0793.jpg 

ဒီကနေ့မှာတော့ One Championship ရဲ့ Summit ကို စင်ကာပူနိုင်ငံမှာ ပြုလုပ်ခဲ့ပြီး One ရဲ့ တည်ထောင်သူလည်း ဖြစ် စီအီးအိုလည်း ဖြစ်သူ မစ္စတာ ချက်ထရီကတော့ မြန်မာနိုင်ငံကို စတင် ခြေလှမ်းခဲ့စဉ်ကတည်းက အောင်လကို တစ်ခဲနက် အားပေးကြတဲ့ ပရိသတ်ထုကြီးကို အခုထိ အံ့မခန်းဖြစ်နေတယ်ဆိုတဲ့အကြောင်း အကျယ်တဝင့် ထုတ်ဖော်ပြောခဲ့ပါတယ်။

" ကျွန်တော်တို့ ပွဲကို လုပ်တဲ့အခါ ပွဲကြည့်စင်တစ်ခုတည်းမှာမဟုတ်ပဲ ရှိရှိသမျှ ကြည့်လို့ရမယ့် မီဒီယာ ချန်နယ်တွေတိုင်းကနေ အားပေးကြ တယ်၊ရုပ်သံလိုင်းတွေ နေရာတိုင်းကနေ အောင်လကို အားပေးတာ သိရတယ်။ဆိုရှယ်မီဒီယာမှာဆိုရင်တော့ ပြည့်ကျပ်နေအောင်ပါပဲ။ပွဲနေ့မှာ ဆိုရင်လည်း ရုံထဲမှာ လူ၄၀၀၀ လောက်က အောင်လ..အောင်လ...အောင်လ ဆိုပြီး မနားမနေ အားပေးနေတာ ချန်ပီယံ ဗစ်ဒစ်ရှ်က အောင်လ ကို အရှုံးပေးလိုက်ရတဲ့အထိကို အောင်လအတွက် အားဖြစ်စေခဲ့တာတွေ့ရပါတယ်။ ပွဲအပြီးမှာလည်း အောင်လက ဒီခါးပတ်က သူ့ကြောင့်ချည်း မဟုတ်ပဲ အားလုံးရဲ့ တစ်စုတစ်စည်းတည်း ညီညွတ်ခဲ့ကြလို့ ရတာပါလို့ ပရိသတ်ကို စကားပြန်ပြောတာတွေက တစ်ကယ့်ကို ကျောချမ်းစေရပါ တယ်။ဒီအရာကို ကြည့်ပြီး ကျွန်တော်တို့ ဘာသိလိုက်လဲဆိုတော့ အိပ်မက်တိုင်းက အကောင်းအထည်ဖော်နိုင်ပါတယ်။"လို့ One Championship ရဲ့ တည်ထောင်သူ စီအီးအို ချက်ထရီ က ပြောခဲ့ပါတယ်။

အောင်လအန်ဆန်ကိုယ်တိုင်လည်း ဒီ summitကို တက်ရောက်ခဲ့ပြီး ဆွေးနွေးပါဝင်ခဲ့သလို ဒီကနေ့ ညမှာ ကျင်းပပြုလုပ်မယ့် 2018 GLOBEL MMA AWARDS CEREMONYကို တက်ရောက်မှာဖြစ်ပါတယ်။

တစ်နှစ်တာအကောင်းဆုံး MMA ကစားသမားဆုကို ရရှိဖို့ ရေပန်းစားနေပြီး မြန်မာနိုင်ငံကိုတော့ နိုဝင်ဘာလကုန်မှာ လူမှုရေး လုပ်ငန်းအချို့နဲ့ MMA သင်တန်း အချို့ဖွင့်လှစ်ပေးနိုင်ဖို့ လာရောက်မယ်လို့ သိထားရပါတယ်။

နောက်ထပ် ခါးပတ်ကာကွယ်ပွဲကလည်း ဂျပန်နိုင်ငံမှာ ထိုးသတ်ရမယ်လို့ သတင်းတွေထွက်ပေါ်နေပြီး ဒီတစ်ကြိမ်ကတော့ လိုက်ဟဲဗီးဝိတ်ခါး ပတ်ကို ကာကွယ်ပွဲထိုးရမှာပါ။

[Zawgyi Version]

ဗစ္ဒစ္ရွ္နဲ႔စတင္ထုိးသတ္တဲ့ ပထမဆုံး ျမန္မာႏိုင္ငံပြဲမွာတင္ ေအာင္လကို အားေပးၾကတဲ့ ပရိသတ္ေတြက ကြင္းအတြင္းသာမက ဆိုရွယ္မီဒီယာနဲ႔ တစ္ႏို္င္ငံလုံးဆိုတာကို သိလိုက္ရတယ္လို႔ စီအီးအို ခ်က္ထရီက ေျပာခဲ့တာပါ။

ျမန္မာႏိုင္ငံကို One Championship က MMA ၿပိဳင္ပြဲေတြကို ၂၀၁၆ ခုႏွစ္ေလာက္ကမွ သယ္ေဆာင္လာခဲ့တာ ျဖစ္ၿပီး လက္ရွိမွာေတာ့ ၂ ႏွစ္ ေက်ာ္ သက္တမ္းကို ေရာက္ရွိလာခဲ့ပါၿပီ။

UFC က ခ်န္ပီယံဖိုက္တာႏွစ္ေယာက္ One Championship ကို ကူးေျပာင္းလာ 

ေအာင္လအန္ဆန္အေနနဲ႔ ျမန္မာႏိုင္ငံမွာ ၅ ပြဲတိတိ ထိုးသတ္ၿပီးခဲ့ၿပီ ျဖစ္ၿပီး ၅ ပြဲစလုံးကို အႏိုင္ယူထားႏိုင္သူ ျဖစ္ပါတယ္။ လက္ရွိမွာလည္း မစ္ ဒယ္၀ိတ္တန္းနဲ႔ လိုက္ဟဲဗီး၀ိတ္တန္းရဲ႕ ေရႊခါးပတ္ခ်န္ပီယံပိုင္ရွင္လည္း ျဖစ္ပါတယ္။

ပထမဆုံး One Championship အေနနဲ႔ ျမန္မာႏိုင္ငံမွာ စတင္မိတ္ဆက္ခဲ့တဲ့ ပြဲကေတာ့ ေအာင္လအန္ဆန္နဲ႔ ဗစ္တလီဗစ္ဒစ္ရွ္တို႔ရဲ႕ မစ္ဒယ္ ၀ိတ္ခါးပတ္လုပြဲျဖစ္ပါတယ္။

အဲ့ပြဲမွာ ေအာင္လအန္ဆန္က ပြဲခ်ီျပည့္ထုိးၿပီး ဗစ္ဒစ္ရွ္ကို အမွတ္နဲ႔အႏိုင္ယူကာ ပထမဆုံး မစ္ဒယ္၀ိတ္ ေရႊခါးပတ္ခ်န္ပီယံ ျဖစ္လာခဲ့တာပါ။ အဲ့ ေနာက္မွာေတာ့ ေအာင္လအန္ဆန္အေနနဲ႔ အလြတ္တန္းပြဲအျဖစ္ ဟဲဗီး၀ိတ္က အလိန္းအန္ဂါလာနီနဲဲ႔ ဆက္လက္ထိုးသတ္ခဲ့ရာမွာလည္း အႏိုင္ရခဲ့ပါတယ္။

တစ္ဆက္တည္းမွာပဲ အလက္ဇႏၵား မခ်ာဒိုကို ထပ္မံ အႏိုင္ယူၿပီး လစ္လပ္ေနတဲ့ လိုက္ဟဲဗီး၀ိတ္ေရႊခါးပတ္ကို ထပ္မံ ပိုင္ဆိုင္ခဲ့လို႔ ခါးပတ္ႏွစ္ခု ခ်န္ပီယံ ျဖစ္လာခဲ့ပါတယ္။

လက္ရွိအခ်ိန္မွာေတာ့ မစ္ဒယ္၀ိတ္ ခါးပတ္ကို ႏွစ္ႀကိမ္အထိ ျပန္လည္ကာကြယ္ထားႏိုင္ၿပီ ျဖစ္ၿပီး ဂ်ပန္က ကမ္ဟာဆီဂါ၀ါနဲ႔ လက္ဘႏြန္က ခရာကီတို႔ အရႈံးေပးထားရတာပါ။

ဒီကေန႔မွာေတာ့ One Championship ရဲ႕ Summit ကို စင္ကာပူႏိုင္ငံမွာ ျပဳလုပ္ခဲ့ၿပီး One ရဲ႕ တည္ေထာင္သူလည္း ျဖစ္ စီအီးအိုလည္း ျဖစ္သူ မစၥတာ ခ်က္ထရီကေတာ့ ျမန္မာႏိုင္ငံကို စတင္ ေျခလွမ္းခဲ့စဥ္ကတည္းက ေအာင္လကို တစ္ခဲနက္ အားေပးၾကတဲ့ ပရိသတ္ထုႀကီးကို အခုထိ အံ့မခန္းျဖစ္ေနတယ္ဆုိတဲဲ့အေၾကာင္း အက်ယ္တ၀င့္ ထုတ္ေဖာ္ေျပာခဲ့ပါတယ္။

" ကၽြန္ေတာ္တို႔ ပြဲကို လုပ္တဲ့အခါ ပြဲၾကည့္စင္တစ္ခုတည္းမွာမဟုတ္ပဲ ရွိရွိသမွ် ၾကည့္လို႔ရမယ့္ မီဒီယာ ခ်န္နယ္ေတြတိုင္းကေန အားေပးၾက တယ္၊ရုပ္သံလိုင္းေတြ ေနရာတိုင္းကေန ေအာင္လကို အားေပးတာ သိရတယ္။ဆိုရွယ္မီဒီယာမွာဆိုရင္ေတာ့ ျပည့္က်ပ္ေနေအာင္ပါပဲ။ပြဲေန႔မွာ ဆိုရင္လည္း ရုံထဲမွာ လူ၄၀၀၀ ေလာက္က ေအာင္လ..ေအာင္လ...ေအာင္လ ဆိုၿပီး မနားမေန အားေပးေနတာ ခ်န္ပီယံ ဗစ္ဒစ္ရွ္က ေအာင္လ ကို အရႈံးေပးလုိက္ရတဲ့အထိကို ေအာင္လအတြက္ အားျဖစ္ေစခဲ့တာေတြ႕ရပါတယ္။ ပြဲအၿပီးမွာလည္း ေအာင္လက ဒီခါးပတ္က သူ႔ေၾကာင့္ခ်ည္း မဟုတ္ပဲ အားလုံးရဲ႕ တစ္စုတစ္စည္းတည္း ညီညြတ္ခဲ့ၾကလို႔ ရတာပါလို႔ ပရိသတ္ကို စကားျပန္ေျပာတာေတြက တစ္ကယ့္ကို ေက်ာခ်မ္းေစရပါ တယ္။ဒီအရာကို ၾကည့္ၿပီး ကၽြန္ေတာ္တို႔ ဘာသိလိုက္လဲဆိုေတာ့ အိပ္မက္တိုင္းက အေကာင္းအထည္ေဖာ္ႏိုင္ပါတယ္။"လို႔ One Championship ရဲ႕ တည္ေထာင္သူ စီအီးအို ခ်က္ထရီ က ေျပာခဲ့ပါတယ္။

ေအာင္လအန္ဆန္ကိုယ္တိုင္လည္း ဒီ summitကို တက္ေရာက္ခဲ့ၿပီး ေဆြးေႏြးပါ၀င္ခဲ့သလို ဒီကေန႔ ညမွာ က်င္းပျပဳလုပ္မယ့္ 2018 GLOBEL MMA AWARDS CEREMONYကို တက္ေရာက္မွာျဖစ္ပါတယ္။

တစ္ႏွစ္တာအေကာင္းဆုံး MMA ကစားသမားဆုကို ရရွိဖို႔ ေရပန္းစားေနၿပီး ျမန္မာႏို္င္ငံကိုေတာ့ ႏို၀င္ဘာလကုန္မွာ လူမႈေရး လုပ္ငန္းအခ်ိဳ႕နဲ႔ MMA သင္တန္း အခ်ိဳ႕ဖြင့္လွစ္ေပးႏိုင္ဖို႔ လာေရာက္မယ္လို႔ သိထားရပါတယ္။

ေနာက္ထပ္ ခါးပတ္ကာကြယ္ပြဲကလည္း ဂ်ပန္ႏိုင္ငံမွာ ထိုးသတ္ရမယ္လို႔ သတင္းေတြထြက္ေပၚေနၿပီး ဒီတစ္ႀကိမ္ကေတာ့ လိုက္ဟဲဗီး၀ိတ္ခါး ပတ္ကို ကာကြယ္ပြဲထိုးရမွာပါ။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs