• Other Sports
    MMAရဲ့ တစ်နှစ်တာအကောင်းဆုံး အမျိုးသားတိုက်ခိုက်ရေးသမားအဖြစ် အောင်လသတ်မှတ်ခံရ
Kyawko Ko
[Unicode Version]

IMG_0854.jpg 

၂၀၁၈ ခုနှစ်အတွက် တစ်နှစ်တာ MMA အကောင်းဆုံး ကစားသမားဆုပေးအပ်ပွဲအခမ်းအနားကို ဒီကနေ့ ညနေပိုင်းက စင်ကာပူနိုင်ငံမှာရှိတဲ့ JW Marriott ဟိုတယ်မှာ ပြုလုပ်ခဲ့ပါတယ်။

ပေးအပ်တဲ့ ဆုတွေကတော့ စုစုပေါင်း ၁၆ ဆုဖြစ်ပြီး တစ်နှစ်တာMMA သူရဲကောင်းဆု၊တစ်နှစ်တာ အကောင်းဆုံး အမျိုးသားဖိုက်တာဆု၊အမျိုး သမီး ဖိုက်တာဆု၊အကောင်းဆုံး မွေထိုင်းဆု၊အကောင်းဆုံး ကစ်ဘောင်ဆင်ဆု၊စံချိန်တင်နိုင်တဲ့ဆု၊အကောင်းဆုံးပွဲဆု၊အကောင်းဆုံး အလဲထိုးပွဲ ဆု၊တစ်နှစ်တာအကောင်းဆုံး ချုပ်ကွက်နဲ့ အနိုင်ယူတဲ့ပွဲ၊ပွဲသိမ်းအမြန်ဆုံးပွဲ၊တစ်နှစ်တာအကောင်းဆုံးပွဲအခမ်းအနား၊တစ်နှစ်တာအကောင်းဆုံး လေ့ကျင့်ရေးခန်းမ၊တစ်နှစ်တာအကောင်းဆုံး ဒိုင်လူကြီး၊နည်းပြဆု၊ကြိုးဝိုင်း ဗန်းကိုင်ဆုနဲ့ အကောင်းဆုံး ဂျာနယ်လစ်ဆုတို့ကို ပေးအပ်သွားတာ ပါ။

a79cd6b8a0edce84aaa7d106e0d155da.jpg

Photo - Yahoo! Sports

 

မြန်မာစပါးအုံး အောင်လအန်ဆန်ကတော့ စုစုပေါင်း ဆု ၁၆ ဆုစာရင်းကနေ ၅ ဆုမှာ ဆန်ကာတင် စာရင်းပါဝင်ခဲ့ပြီး ပထမဆုံး ရရှိတဲ့ ဆုကတော့ တစ်နှစ်တာအကောင်းဆုံးပွဲဆု ဖြစ်ပါတယ်။

ဒီပွဲကိုတော့ ကမ်ဟာဆီဂါဝါကို အနိုင်ယူခဲ့တဲ့ ပွဲဖြစ်ပြီး ဒီပွဲကလည်း ပရိသတ်တွေအားလုံး သိထားတဲ့အတိုင်း သူဖူးကိုယ်ရောင် ၅ ချီပြည့် ထိုးသတ်ပြီး ပရိသတ်အကြိုက် ပွဲကောင်းတစ်ပွဲ ဖြစ်ခဲ့တာပါ။

45657532_194828801434356_1515562734622605312_n copy.jpg

အဲ့နောက် အောင်လအန်ဆန်အနေနဲ့ တစ်နှစ်တာ အကောင်းဆုံး အမျိုးသား တိုက်ခိုက်ရေး သမားဆုကို ထပ်မံ ဆွတ်ခူးခဲ့ပြန်ပါသေးတယ်။ ဒီဆုကို ဆွတ်ခူးရခြင်းကလည်း အောင်လအန်ဆန်အနေနဲ့ ၂၀၁၈ ခုနှစ်ထဲမှာ လိုက်ဟဲဗီးဝိတ်ရွှေခါးပတ်ကို ရရှိခဲ့သလို မစ်ဒယ်ဝိတ်ခါးပတ်ကိုလည်း ၂ ကြိမ်ကာကွယ်နိုင်ခဲ့တာကြောင့် ဖြစ်ပါတယ်။

အောင်လအန်ဆန်ကတော့ လာမယ့် နိုဝင်ဘာလကုန်မှာ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာဦးမှာ ဖြစ်ပြီး လူမှုရေး လုပ်ငန်းအချို့နဲ့ သင်တန်း အချို့ဖွင့်လှစ်မယ်လို့ သိရပါတယ်။

အဲ့နောက် လိုက်ဟဲဗီးဝိတ်ခါးပတ်ကို ဂျပန်နိုင်ငံမှာ လာမယ့် မတ်လအတွင်း ကာကွယ်ဖို့ ရှိနေတယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

[Zawgyi Version]

၂၀၁၈ ခုႏွစ္အတြက္ တစ္ႏွစ္တာ MMA အေကာင္းဆုံး ကစားသမားဆုေပးအပ္ပြဲအခမ္းအနားကို ဒီကေန႔ ညေနပိုင္းက စင္ကာပူႏိုင္ငံမွာရွိတဲ့ JW Marriott ဟိုတယ္မွာ ျပဳလုပ္ခဲ့ပါတယ္။

ေပးအပ္တဲ့ ဆုေတြကေတာ့ စုစုေပါင္း ၁၆ ဆုျဖစ္ၿပီး တစ္ႏွစ္တာMMA သူရဲေကာင္းဆု၊တစ္ႏွစ္တာ အေကာင္းဆုံး အမ်ိဳးသားဖိုက္တာဆု၊အမ်ိဳး သမီး ဖိုက္တာဆု၊အေကာင္းဆုံး ေမြထိုင္းဆု၊အေကာင္းဆုံး ကစ္ေဘာင္ဆင္ဆု၊စံခ်ိန္တင္ႏိုင္တဲ့ဆု၊အေကာင္းဆုံးပြဲဆု၊အေကာင္းဆုံး အလဲထိုးပြဲ ဆု၊တစ္ႏွစ္တာအေကာင္းဆုံး ခ်ဳပ္ကြက္နဲ႔ အႏိုင္ယူတဲ့ပြဲ၊ပြဲသိမ္းအျမန္ဆုံးပြဲ၊တစ္ႏွစ္တာအေကာင္းဆုံးပြဲအခမ္းအနား၊တစ္ႏွစ္တာအေကာင္းဆုံး ေလ့က်င့္ေရးခန္းမ၊တစ္ႏွစ္တာအေကာင္းဆုံး ဒိုင္လူႀကီး၊နည္းျပဆု၊ႀကိဳး၀ိုင္း ဗန္းကိုင္ဆုနဲ႔ အေကာင္းဆုံး ဂ်ာနယ္လစ္ဆုတို႔ကို ေပးအပ္သြားတာ ပါ။

Photo - Yahoo! Sports

 

ျမန္မာစပါးအုံး ေအာင္လအန္ဆန္ကေတာ့ စုစုေပါင္း ဆု ၁၆ ဆုစာရင္းကေန ၅ ဆုမွာ ဆန္ကာတင္ စာရင္းပါ၀င္ခဲ့ၿပီး ပထမဆုံး ရရွိတဲဲ့ ဆုကေတာ့ တစ္ႏွစ္တာအေကာင္းဆုံးပြဲဆု ျဖစ္ပါတယ္။

ဒီပြဲကိုေတာ့ ကမ္ဟာဆီဂါ၀ါကို အႏိုင္ယူခဲဲ့တဲ့ ပြဲျဖစ္ၿပီး ဒီပြဲကလည္း ပရိသတ္ေတြအားလုံး သိထားတဲ့အတိုင္း သူဖူးကိုယ္ေရာင္ ၅ ခ်ီျပည့္ ထိုးသတ္ၿပီး ပရိသတ္အႀကိဳက္ ပြဲေကာင္းတစ္ပြဲ ျဖစ္ခဲ့တာပါ။

အဲ့ေနာက္ ေအာင္လအန္ဆန္အေနနဲ႔ တစ္ႏွစ္တာ အေကာင္းဆုံး အမ်ိဳးသား တိုက္ခိုက္ေရး သမားဆုကို ထပ္မံ ဆြတ္ခူးခဲ့ျပန္ပါေသးတယ္။ ဒီဆုကို ဆြတ္ခူးရျခင္းကလည္း ေအာင္လအန္ဆန္အေနနဲ႔ ၂၀၁၈ ခုႏွစ္ထဲမွာ လိုက္ဟဲဗီး၀ိတ္ေရႊခါးပတ္ကို ရရွိခဲ့သလို မစ္ဒယ္၀ိတ္ခါးပတ္ကိုလည္း ၂ ႀကိမ္ကာကြယ္ႏိုင္ခဲဲ့တာေၾကာင့္ ျဖစ္ပါတယ္။

ေအာင္လအန္ဆန္ကေတာ့ လာမယ့္ ႏို၀င္ဘာလကုန္မွာ ျမန္မာႏိုင္ငံကို ျပန္လည္ေရာက္ရွိလာဦးမွာ ျဖစ္ၿပီး လူမႈေရး လုပ္ငန္းအခ်ိဳ႕နဲ႔ သင္တန္း အခ်ိဳ႕ဖြင့္လွစ္မယ္လို႔ သိရပါတယ္။

အဲ့ေနာက္ လိုက္ဟဲဗီး၀ိတ္ခါးပတ္ကို ဂ်ပန္ႏိုင္ငံမွာ လာမယ့္ မတ္လအတြင္း ကာကြယ္ဖို႔ ရွိေနတယ္လို႔လည္း သတင္းေတြ ထြက္ေပၚေနပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs