• Other Sports
    ဘန်တမ်ဝိတ်တန်းရဲ့ အရှင်သခင်အစစ်(သို့)ကီဗင်ဘယ်လင်ဂွန်း
Kyawko Ko
[Unicode Version]

ဘရာဇီးက ဘီဘီယာနို ဖာနန်ဒက်စ်နဲ့ ယှဉ်ပြိုင်ထိုးခဲ့ရတာ ဖြစ်ပြီး နောက်ဆုံး ၅ ချီပြည့်တဲ့အထိ အနိုင်အရှုံး မပေါ်ခဲ့လို့ ဒိုင်လူကြီးတွေရဲ့ ရမှတ် ဆုံးဖြတ်ချက်နဲ့ ကီဗင်ဘယ်လင်ဂွန်း ဘန်တမ်ဝိတ်တန်း ရွှေခါးပတ်ချန်ပီယံ ဖြစ်လာခဲ့တာပါ။

IMG_0919.jpg 

One Championship က Heart Of The Lion ခေါင်းစဉ်နဲ့ စင်ကာပူနိုင်ငံမှာ MMA ပြိုင်ပွဲကို ဒီကနေ့ညနေပိုင်းက ပြုလုပ်ခဲ့ပြီး စုစုပေါင်း တွဲဆိုင်း ၁၃ တွဲပါဝင်ခဲ့ပါတယ်။

UFC က ချန်ပီယံဖိုက်တာနှစ်ယောက် One Championship ကို ကူးပြောင်းလာ 

မူလက စင်ကာပူကစားသမား အိန်ဂျလာလီက တရုတ်က ဖိုက်တာနဲ့ ထိုးသတ်မယ့် အဓိက ခေါင်ပွဲပါဝင်ထားတာ ဖြစ်ပေမယ့်လည်း လီအနေနဲ့ လေ့ကျင့်ရေး ကာလအတွင်း နောက်ကျော ဒဏ်ရာရသွားလို့ ပွဲကို ဖျက်လိုက်ရတယ်လို့သိရပါတယ်။

IMG_0917.jpg 

ဒါကြောင့် ဒီကနေ့မှာတော့ အဓိက ခေါင်ပွဲအဖြစ် ဘရာဇီးက ဘီဘီယာနိုဖာနန်ဒက်စ်နဲ့ ဖိလစ်ပိုင်က ကီဗင်ဘယ်လင်ဂွန်းတို့ရဲ့ ပွဲစဉ်ဖြစ်လာပြီး စ င်ကာပူနိုင်ငံသား အိန်ဂျလာလီရဲ့ မောင် ခရစ္စတီယန်းလီကတော့ ဂျပန်က ကာဇူကီနဲ့ ထိုးသတ်သွားပါတယ်။

ပထမဆုံး ထိုးသတ်တဲ့ပွဲမှာ ကမ္ဘောဒီးယားက မီယက်စ်ကို နယ်သာလန်က အန်တိုနီက အနိုင်ယူခဲ့သလို ဒုတိယုပွဲဖြစ်တဲ့ မလေးက ဆမ်ဆူဒင်နဲ့ တရုတ်က ဇီဘင်တို့ပွဲမှာတော့ ဇီဘင်က ပထမအချီမှာပဲ အနိုင်ရခဲ့ပါတယ်။

1510319893_kevin-belingon-img-0850.jpg 

တတိယပွဲအဖြစ် မလေးက မိုဟာမက်အီမန်နဲ့ ဂျပန်က ကာမီကူဘိုတို့ ထိုးသတ်ခဲ့ကြပြီး နှစ်ဦးစလုံးက အချုပ်ကွက်ကို ဦးစားပေးတိုက်ခိုက်ခဲ့ကြပါ တယ်။

အချုပ်တိုက်ကွက်နဲ့ ဂျပန် ကစားသမား အကြိမ်ကြိမ် ကြိုးပမ်းပေမယ့်လည်း မလေးရှားဖိုက်တာက အကြိမ်ကြိမ် ဖြည်နိုင်ခဲ့လို့ နောက်ဆုံးမှာ တော့ အမှတ်နဲ့သာ အနိုင်ရရှိခဲ့ပါတယ်။

၄ ပွဲမြောက် ပွဲက မွေထိုင်းပွဲတစ်ပွဲဖြစ်ပြီး ထိုင်းက စီရမ်ချိုင်နဲ့ ဆိုက်ပရက်စ်က ပန်နီကော့စ်တို့ ထိုးသတ်ခဲ့ပြီး ထိုင်းက စီရမ်ချိုင်က အမှတ်နဲ့ပဲ အနိုင်ရရှိသွားပါတယ်။

ဆက်လက်ပြီး ထိုင်းကပဲ အိန္ဒိယကစားသမားကို လည်ပင်းချုပ်ကွက်နဲ့ ထပ်မံအနိုင်ယူခဲ့ပြန်ပါတယ်။ တောင်ကိုရီးယားက ဆန်ဂျောင်လီးနဲ့ အမေ ရိကန်က ဂယ်ရီတို့ပွဲမှာလည်း အမေရိကန်က ဂယ်ရီက ဒုတိယအချီမှာပဲ ချုပ်ကွက်နဲ့ အနိုင်ရရှိသွားပါတယ်။

စကော့တလန်နဲ့ ရုရှားနဲ့ အားပြိုင်တဲ့ပွဲကတော့ ဒီနေ့ပွဲရဲ့ အမြန်ဆုံး ပွဲသိမ်းတဲ့ ပွဲစဉ်တစ်ပွဲ ဖြစ်လာခဲ့ပြီး ပထမအချီစလို့ တစ်မိနစ် မပြည့်ခင်မှာပဲ ရုရှားက အလာဗာဒီက အလဲထိုး အနိုင်ယူခဲ့တာ ဖြစ်ပါတယ်။

နောက်တစ်ပွဲကတော့ မွေထိုင်းပွဲဖြစ်ပြီး ထိုင်းက စမိုကင်က စကော့တလန်ကပဲ ဂျောဂျီကို အမှတ်နဲ့ အနိုင်ယူသွားပြန်ပါတယ်။

စင်ကာပူနိုင်ငံအတွက် အိမ်ရှင်ပွဲမှာ ဂုဏ်ဆောင်ပေးခဲ့တဲ့သူကတော့ တစ်ဖနီတီအို ဖြစ်ပြီး ဘရာဇီးက မစ်ချယ်လီကို အမှတ်နဲ့ အနိုင်ယူသွားတာ ဖြစ်ပါတယ်။ဒီပွဲက ဒီကနေ့ပွဲရဲ့ တစ်ပွဲတည်းသော အမျိုးသမီး တွဲဆိုင်းလည်း ဖြစ်ပါတယ်။

အိန်ဂျလာလီရဲ့ မောင်ကလည်း ဂျပန်က ကာဇူကီကို အလဲထိုး အနိုင်ရပြီး စင်ကာပူ ပရိသတ်တွေ ပျော်ရွှင်ခဲ့ရပါတယ်။ နောက်ဆုံးပွဲဖြစ်တဲ့ ဘန်တမ်ဝိတ်တန်း အရှင်သခင်လုပွဲမှာတော့ အကြိတ်အနယ်ရှိခဲ့ပြီး နောက်ဆုံး ၅ ချီထိ ကြည့်ရှုခဲ့ကြရပါတယ်။

ဘရာဇီးက ဖာနန်ဒက်စ်က ချုပ်ကွက်နဲ့ အနိုင်ယူဖို့ ပြင်ဆင်ခဲ့ပေမယ့် လျင်မြန်လှတဲ့ ကီဗင်ကို မချုပ်နိုင်တာကြောင့် နောက်ဆုံးမှာ အမှတ်နဲ့ အရှုံး ပေးခဲ့ရပြီး ဘန်တမ်ဝိတ်တန်းရဲ့ ချန်ပီယံဘွဲ့ကို လွှဲပြောင်းပေးလိုက်ရပါတယ်။

ဒါကြောင့် One Championship ရဲ့ ၂၀၁၈ ခုနှစ်မှာ ဘန်တမ်ဝိတ်တန်းရဲ့ ချန်ပီယံကတော့ ဖိလစ်ပိုင်နိုင်ငံသား ကီဗင် ဘယ်လင်ဂွန်း ဖြစ်လာပါ တယ်။

[Zawgyi Version]

ဘရာဇီးက ဘီဘီယာႏို ဖာနန္ဒက္စ္နဲ႔ ယွဥ္ၿပိဳင္ထိုးခဲ့ရတာ ျဖစ္ၿပီး ေနာက္ဆုံး ၅ ခ်ီျပည့္တဲ့အထိ အႏိုင္အရႈံး မေပၚခဲ့လို႔ ဒိုင္လူႀကီးေတြရဲ႕ ရမွတ္ ဆုံးျဖတ္ခ်က္နဲ႔ ကီဗင္ဘယ္လင္ဂြန္း ဘန္တမ္၀ိတ္တန္း ေရႊခါးပတ္ခ်န္ပီယံ ျဖစ္လာခဲ့တာပါ။

One Championship က Heart Of The Lion ေခါင္းစဥ္နဲ႔ စင္ကာပူႏိုင္ငံမွာ MMA ၿပိဳင္ပြဲကို ဒီကေန႔ညေနပိုင္းက ျပဳလုပ္ခဲ့ၿပီး စုစုေပါင္း တြဲဆိုင္း ၁၃ တြဲပါ၀င္ခဲ့ပါတယ္။

UFC က ခ်န္ပီယံဖိုက္တာႏွစ္ေယာက္ One Championship ကို ကူးေျပာင္းလာ 

မူလက စင္ကာပူကစားသမား အိန္ဂ်လာလီက တရုတ္က ဖိုက္တာနဲ႔ ထိုးသတ္မယ့္ အဓိက ေခါင္ပြဲပါ၀င္ထားတာ ျဖစ္ေပမယ့္လည္း လီအေနနဲ႔ ေလ့က်င့္ေရး ကာလအတြင္း ေနာက္ေက်ာ ဒဏ္ရာရသြားလို႔ ပြဲကို ဖ်က္လိုက္ရတယ္လို႔သိရပါတယ္။

ဒါေၾကာင့္ ဒီကေန႔မွာေတာ့ အဓိက ေခါင္ပြဲအျဖစ္ ဘရာဇီးက ဘီဘီယာႏိုဖာနန္ဒက္စ္နဲ႔ ဖိလစ္ပိုင္က ကီဗင္ဘယ္လင္ဂြန္းတို႔ရဲ႕ ပြဲစဥ္ျဖစ္လာၿပီး စ င္ကာပူႏိုင္ငံသား အိန္ဂ်လာလီရဲ႕ ေမာင္ ခရစၥတီယန္းလီကေတာ့ ဂ်ပန္က ကာဇူကီနဲ႔ ထိုးသတ္သြားပါတယ္။

ပထမဆုံး ထိုးသတ္တဲ့ပြဲမွာ ကေမၻာဒီးယားက မီယက္စ္ကို နယ္သာလန္က အန္တိုနီက အႏိုင္ယူခဲဲ့သလို ဒုတိယုပြဲျဖစ္တဲ့ မေလးက ဆမ္ဆူဒင္နဲ႔ တရုတ္က ဇီဘင္တို႔ပြဲမွာေတာ့ ဇီဘင္က ပထမအခ်ိီမွာပဲ အႏိုင္ရခဲ့ပါတယ္။

တတိယပြဲအျဖစ္ မေလးက မိုဟာမက္အီမန္နဲ႔ ဂ်ပန္က ကာမီကူဘိုတို႔ ထိုးသတ္ခဲ့ၾကၿပီး ႏွစ္ဦးစလုံးက အခ်ဳပ္ကြက္ကို ဦးစားေပးတိုက္ခိုက္ခဲ့ၾကပါ တယ္။

အခ်ဳပ္တိုက္ကြက္နဲ႔ ဂ်ပန္ ကစားသမား အႀကိမ္ႀကိမ္ ႀကိဳးပမ္းေပမယ့္လည္း မေလးရွားဖိုက္တာက အႀကိမ္ႀကိမ္ ျဖည္ႏိုင္ခဲ့လို႔ ေနာက္ဆုံးမွာ ေတာ့ အမွတ္နဲ႔သာ အႏိုင္ရရွိခဲ့ပါတယ္။

၄ ပြဲေျမာက္ ပြဲက ေမြထိုင္းပြဲတစ္ပြဲျဖစ္ၿပီး ထိုင္းက စီရမ္ခ်ိဳင္နဲ႔ ဆိုက္ပရက္စ္က ပန္နီေကာ့စ္တို႔ ထိုးသတ္ခဲ့ၿပီး ထိုင္းက စီရမ္ခ်ိဳင္က အမွတ္နဲ႔ပဲ အႏိုင္ရရွိသြားပါတယ္။

ဆက္လက္ၿပီး ထုိင္းကပဲ အိႏၵိယကစားသမားကို လည္ပင္းခ်ဳပ္ကြက္နဲ႔ ထပ္မံအႏိုင္ယူခဲ့ျပန္ပါတယ္။ ေတာင္ကိုရီးယားက ဆန္ေဂ်ာင္လီးနဲ႔ အေမ ရိကန္က ဂယ္ရီတို႔ပြဲမွာလည္း အေမရိကန္က ဂယ္ရီက ဒုတိယအခ်ီမွာပဲ ခ်ဳပ္ကြက္နဲ႔ အႏိုင္ရရွိသြားပါတယ္။

စေကာ့တလန္နဲ႔ ရုရွားနဲ႔ အားၿပိဳင္တဲ့ပြဲကေတာ့ ဒီေန႔႔ပြဲရဲ႕ အျမန္ဆုံး ပြဲသိမ္းတဲ့ ပဲြစဥ္တစ္ပြဲ ျဖစ္လာခဲ့ၿပီး ပထမအခ်ီစလို႔ တစ္မိနစ္ မျပည့္ခင္မွာပဲ ရုရွားက အလာဗာဒီက အလဲထိုး အႏိုင္ယူခဲ့တာ ျဖစ္ပါတယ္။

ေနာက္တစ္ပြဲကေတာ့ ေမြထိုင္းပြဲျဖစ္ၿပီး ထုိင္းက စမိုကင္က စေကာ့တလန္ကပဲ ေဂ်ာဂ်ီကို အမွတ္နဲ႔ အႏိုင္ယူသြားျပန္ပါတယ္။

စင္ကာပူႏိုင္ငံအတြက္ အိမ္ရွင္ပြဲမွာ ဂုဏ္ေဆာင္ေပးခဲ့တဲ့သူကေတာ့ တစ္ဖနီတီအို ျဖစ္ၿပီး ဘရာဇီးက မစ္ခ်ယ္လီကို အမွတ္နဲ႔ အႏိုင္ယူသြားတာ ျဖစ္ပါတယ္။ဒီပြဲက ဒီကေန႔ပြဲရဲ႕ တစ္ပြဲတည္းေသာ အမ်ိဳးသမီး တြဲဆိုင္းလည္း ျဖစ္ပါတယ္။

အိန္ဂ်လာလီရဲ႕ ေမာင္ကလည္း ဂ်ပန္က ကာဇူကီကို အလဲထိုး အႏိုင္ရၿပီး စင္ကာပူ ပရိသတ္ေတြ ေပ်ာ္ရႊင္ခဲ့ရပါတယ္။ ေနာက္ဆုံးပြဲျဖစ္တဲ့ ဘန္တမ္၀ိတ္တန္း အရွင္သခင္လုပြဲမွာေတာ့ အႀကိတ္အနယ္ရွိခဲ့ၿပီး ေနာက္ဆုံး ၅ ခ်ီထိ ၾကည့္ရႈခဲ့ၾကရပါတယ္။

ဘရာဇီးက ဖာနန္ဒက္စ္က ခ်ဳပ္ကြက္နဲ႔ အႏိုင္ယူဖို႔ ျပင္ဆင္ခဲဲ့ေပမယ့္ လ်င္ျမန္လွတဲ့ ကီဗင္ကို မခ်ဳပ္ႏိုင္တာေၾကာင့္ ေနာက္ဆုံးမွာ အမွတ္နဲ႔ အရႈံး ေပးခဲ့ရၿပီး ဘန္တမ္၀ိတ္တန္းရဲ႕ ခ်န္ပီယံဘြဲ႕ကို လႊဲေျပာင္းေပးလိုက္ရပါတယ္။

ဒါေၾကာင့္ One Championship ရဲ႕ ၂၀၁၈ ခုႏွစ္မွာ ဘန္တမ္၀ိတ္တန္းရဲ႕ ခ်န္ပီယံကေတာ့ ဖိလစ္ပိုင္ႏိုင္ငံသား ကီဗင္ ဘယ္လင္ဂြန္း ျဖစ္လာပါ တယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs