• Transfer News
    ဘရာဇီးလ် ကစားသမားများအတွက် ယူရိုသန်း ၅၀၀ ကျော် အသုံးပြုခဲ့တဲ့ ဘာစီလိုနာ
Pyae Phyo Thein
[Unicode Version]

စပိန်ထိပ်သီးကလပ်အသင်းတစ်သင်းဖြစ်တဲ့ ဘာစီလိုနာအသင်းဟာ တောင်အမေရိက ကစားသမားတွေကို အဓိကထား ခေါ်ယူလေ့ရှိတဲ့ အသင်းတစ်သင်းဖြစ်ပါတယ်။ စစ်တမ်းများအရ ဘာစီလိုနာအသင်းဟာ ဘရာဇီးလ်ကစားသမား အများအပြားကို ခေါ်ယူခဲ့ပြီး အသင်းအတွက် အရေးပါတဲ့ ဘရာဇီးလ်ကစားသမားတွေကို ခေါ်ယူခဲ့ရာမှာ စုစုပေါင်း ယူရို၅၄၃သန်းအထိ အသုံးပြုခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။

ronaldo-nazario-fc-barcelona_9o4ypkxnlall10g5a9ao2cz3v.jpg

Photo : Goal.com

 

တောင်အမေရိကကစားသမားတွေရဲ့ ခြေစွမ်းနဲ့အတူ အောင်မြင်မှုတွေ ရယူနိုင်ခဲ့တဲ့ ဘာစီလိုနာအသင်းဟာ လက်ရှိအချိန်မှာလည်း မက်ဆီ၊ ဆွာရက်ဇ် အစရှိတဲ့ တောင်အမေရိက တိုက်စစ်အကျော်အမော်များကို ပိုင်ဆိုင်ထားပြီး အောင်မြင်မှုတွေ ရယူနိုင်ခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဘာစီလိုနာရဲ့ အောင်မြင်မှုမှာ ဘရာဇီးလ်ကစားသမားတွေရဲ့ အကျိုးသက်ရောက်မှုကိုတော့ ချန်လှပ်ထားလို့ မရတာက သေချာပါတယ်။

ရော်နယ်ဒိုနေရာကို အစားထိုးဖို့ ရီးရဲလ် တကယ်ကြိုးစားနေတာလား? 

20160824-The18-Photo-Ronaldo-Barcelona-1280x720.jpeg

Photo : The18

 

၁၉၉၃ ခုနှစ်မှာ ဘရာဇီးလ်နာမည်ကျော် တိုက်စစ်မှူး ရိုမာရီယို ရောက်ရှိခဲ့ပြီး အဲဒီနောက်ပိုင်းမှာ ရော်နယ်ဒို၊ ရီဗယ်လ်ဒို၊ ရော်နယ်ဒင်ဟို နဲ့ နေမာ အစရှိတဲ့ ဘရာဇီးလ်ဘောလုံးသမိုင်းရဲ့ ထိပ်ထိပ်ကြဲတိုက်စစ်မှူးတွေဟာ ဘာစီလိုနာကို ရောက်ရှိခဲ့ကြပါတယ်။ ဒီကစားသမားတွေဟာ ဘာစီလိုနာမှာ အောင်မြင်မှုရရှိခဲ့ပြီး ဂန္ထဝင်ကစားသမားများအဖြစ်လည်း တချို့က မှတ်တမ်းဝင်ခဲ့ကြပါတယ်။

ronaldinho-barcelona_1slsxexo4gn5z1m0cln77mlj3h.jpg

Photo : The18

နာမည်ထင်ပေါ်ကျော်ကြားမှုမရှိတဲ့ ကစားသမားတွေအဖြစ် ဂျီယိုဗန်နီ၊ ဆွန်နီအန်ဒါဆန်၊ အက်ဒ်မီဆင်တို့လည်း ဘာစီလိုနာမှာ ကစားခဲ့ကြပြီး နာမည်ကျော် ညာနောက်ခံလူ ဒန်နီအဲဗက်စ်ဟာ ဘာစီလိုနာနဲ့ အောင်မြင်မှု အကြီးအကျယ်ရရှိခဲ့တဲ့အထိ ရပ်တည်နိုင်ခဲ့ပါတယ်။ ရိုချန်ဘက်၊ ဂျီယိုဗန်နီ၊ ဟင်းနရစ်၊ ကိုင်ရစ်ဆန် နဲ့ ဒေါက်ဂလပ်စ် တို့လို ဘရာဇီးလ်ကစားသမားတွေကိုလည်း ဘာစီလိုနာက ခေါ်ယူခဲ့ပါသေးတယ်။

neymar-transfer-fee-barcelona-santos.jpg

Photo : The18

လက်ရှိ ဘာစီလိုနာအသင်းမှာ ဘရာဇီးလ်ကစားသမားတွေအဖြစ် ကော်တင်ဟို၊ အာသာ နဲ့ မယ်လ်ကွန်တို့ ရောက်ရှိနေကြပြီး ဒီ ကစားသမား တစ်ယောက်ချင်းစီရဲ့ တန်ဖိုးဟာ သေးငယ်တဲ့ ပြောင်းရွှေ့ကြေး ပမာဏအဖြစ် ရှိနေခဲ့တာ မဟုတ်ဘူးလို့လည်း မြင်တွေ့ရမှာဖြစ်ပါတယ်။ ဒီကစားသမား (၃)ဦးပေါင်းရဲ့ စုစုပေါင်းတန်ကြေးဟာ ယူရို၁၉၂သန်းအထိ ရှိနေခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဘာစီလိုနာ နေမာကို ပြန်လည်ရောင်းချခဲ့စဉ်က ယူရို ၂၂၂သန်းအထိ ရရှိခဲ့တာကြောင့် စုစုပေါင်းတန်ဖိုးရဲ့ ထက်ဝက်ခန့်ထိ ပြန်လည်ရရှိခဲ့ပါတယ်။

philippecoutinho-cropped_1ec8xm9hj16sp13x4ep2id46v0.jpg

Photo: Stadium Astro

 

စပိန်သတင်းစာ Marca ရဲ့ စစ်တမ်းအရ ဘာစီလိုနာအသင်းဟာ ဘရာဇီးလ်ကစားသမားတွေအတွက် စုစုပေါင်း အသုံးပြုခဲ့ရတဲ့ ပြောင်းရွှေ့ကြေးဟာ ယူရို ၅၄၃ သန်းအထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ ငွေကြေးကုန်ကျခဲ့တာနဲ့အမျှ ဘာစီလိုနာအတွက် ထိုက်တန်တဲ့ ခြေစွမ်းနဲ့ အောင်မြင်မှုတွေကို ဘရာဇီးလ်ကစားသမားတွေက ရယူပေးနိုင်ခဲ့ပါတယ်။

[Zawgyi Version]

စပိန္ထိပ္သီးကလပ္အသင္းတစ္သင္းျဖစ္တဲ့ ဘာစီလိုနာအသင္းဟာ ေတာင္အေမရိက ကစားသမားေတြကို အဓိကထား ေခၚယူေလ့ရွိတဲ့ အသင္းတစ္သင္းျဖစ္ပါတယ္။ စစ္တမ္းမ်ားအရ ဘာစီလိုနာအသင္းဟာ ဘရာဇီးလ္ကစားသမား အမ်ားအျပားကို ေခၚယူခဲ့ျပီး အသင္းအတြက္ အေရးပါတဲ့ ဘရာဇီးလ္ကစားသမားေတြကို ေခၚယူခဲ့ရာမွာ စုစုေပါင္း ယူရို၅၄၃သန္းအထိ အသံုးျပဳခဲ့ျပီး ျဖစ္တယ္လို႔ သိရပါတယ္။

Photo : Goal.com

 

ေတာင္အေမရိကကစားသမားေတြရဲ႕ ေျခစြမ္းနဲ႔အတူ ေအာင္ျမင္မႈေတြ ရယူႏိုင္ခဲ့တဲ့ ဘာစီလိုနာအသင္းဟာ လက္ရွိအခ်ိန္မွာလည္း မက္ဆီ၊ ဆြာရက္ဇ္ အစရွိတဲ့ ေတာင္အေမရိက တိုက္စစ္အေက်ာ္အေမာ္မ်ားကို ပိုင္ဆိုင္ထားျပီး ေအာင္ျမင္မႈေတြ ရယူႏိုင္ခဲ့ျပီး ျဖစ္ပါတယ္။ ဒါေပမယ့္လည္း ဘာစီလိုနာရဲ႕ ေအာင္ျမင္မႈမွာ ဘရာဇီးလ္ကစားသမားေတြရဲ႕ အက်ိဳးသက္ေရာက္မႈကိုေတာ့ ခ်န္လွပ္ထားလို႔ မရတာက ေသခ်ာပါတယ္။

ေရာ္နယ္ဒိုေနရာကို အစားထိုးဖို႔ ရီးရဲလ္ တကယ္ၾကိဳးစားေနတာလား? 

Photo : The18

 

၁၉၉၃ ခုႏွစ္မွာ ဘရာဇီးလ္နာမည္ေက်ာ္ တိုက္စစ္မွဴး ရိုမာရီယို ေရာက္ရွိခဲ့ျပီး အဲဒီေနာက္ပိုင္းမွာ ေရာ္နယ္ဒို၊ ရီဗယ္လ္ဒို၊ ေရာ္နယ္ဒင္ဟို နဲ႔ ေနမာ အစရွိတဲ့ ဘရာဇီးလ္ေဘာလုံးသမိုင္းရဲ႕ ထိပ္ထိပ္ၾကဲတိုက္စစ္မွဴးေတြဟာ ဘာစီလိုနာကို ေရာက္ရွိခဲ့ၾကပါတယ္။ ဒီကစားသမားေတြဟာ ဘာစီလိုနာမွာ ေအာင္ျမင္မႈရရွိခဲ့ျပီး ဂႏၳ၀င္ကစားသမားမ်ားအျဖစ္လည္း တခ်ိဳ႕က မွတ္တမ္း၀င္ခဲ့ၾကပါတယ္။

Photo : The18

နာမည္ထင္ေပၚေက်ာ္ၾကားမႈမရွိတဲ့ ကစားသမားေတြအျဖစ္ ဂ်ီယိုဗန္နီ၊ ဆြန္နီအန္ဒါဆန္၊ အက္ဒ္မီဆင္တို႔လည္း ဘာစီလိုနာမွာ ကစားခဲ့ၾကျပီး နာမည္ေက်ာ္ ညာေနာက္ခံလူ ဒန္နီအဲဗက္စ္ဟာ ဘာစီလိုနာနဲ႔ ေအာင္ျမင္မႈ အၾကီးအက်ယ္ရရွိခဲ့တဲ့အထိ ရပ္တည္ႏိုင္ခဲ့ပါတယ္။ ရိုခ်န္ဘက္၊ ဂ်ီယိုဗန္နီ၊ ဟင္းနရစ္၊ ကိုင္ရစ္ဆန္ နဲ႔ ေဒါက္ဂလပ္စ္ တို႔လို ဘရာဇီးလ္ကစားသမားေတြကိုလည္း ဘာစီလိုနာက ေခၚယူခဲ့ပါေသးတယ္။

Photo : The18

လက္ရွိ ဘာစီလိုနာအသင္းမွာ ဘရာဇီးလ္ကစားသမားေတြအျဖစ္ ေကာ္တင္ဟို၊ အာသာ နဲ႔ မယ္လ္ကြန္တို႔ ေရာက္ရွိေနၾကျပီး ဒီ ကစားသမား တစ္ေယာက္ခ်င္းစီရဲ႕ တန္ဖိုးဟာ ေသးငယ္တဲ့ ေျပာင္းေရႊ႕ေၾကး ပမာဏအျဖစ္ ရွိေနခဲ့တာ မဟုတ္ဘူးလို႔လည္း ျမင္ေတြ႕ရမွာျဖစ္ပါတယ္။ ဒီကစားသမား (၃)ဦးေပါင္းရဲ႕ စုစုေပါင္းတန္ေၾကးဟာ ယူရို၁၉၂သန္းအထိ ရွိေနခဲ့တာ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း ဘာစီလိုနာ ေနမာကို ျပန္လည္ေရာင္းခ်ခဲ့စဥ္က ယူရို ၂၂၂သန္းအထိ ရရွိခဲ့တာေၾကာင့္ စုစုေပါင္းတန္ဖိုးရဲ႕ ထက္၀က္ခန္႔ထိ ျပန္လည္ရရွိခဲ့ပါတယ္။

Photo: Stadium Astro

 

စပိန္သတင္းစာ Marca ရဲ႕ စစ္တမ္းအရ ဘာစီလိုနာအသင္းဟာ ဘရာဇီးလ္ကစားသမားေတြအတြက္ စုစုေပါင္း အသံုးျပဳခဲ့ရတဲ့ ေျပာင္းေရႊ႕ေၾကးဟာ ယူရို ၅၄၃ သန္းအထိ ရွိလာခဲ့ျပီ ျဖစ္ပါတယ္။ ေငြေၾကးကုန္က်ခဲ့တာနဲ႔အမွ် ဘာစီလိုနာအတြက္ ထိုက္တန္တဲ့ ေျခစြမ္းနဲ႔ ေအာင္ျမင္မႈေတြကို ဘရာဇီးလ္ကစားသမားေတြက ရယူေပးႏိုင္ခဲ့ပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs