အလွတ်နဲ့ ခေါ်ယူခွင့်ရှိနေသူပါ။
Kyaw Ko Ko Sint

အဲလ်ဗက်စ်က ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်ကုန်ဆုံးထားလို့ အာဆင်နယ်အသင်းအနေနဲ့ အလွတ်နဲ့ ခေါ်ယူ ခွင့်ရှိပေမယ့် အဲလ်ဗက်စ်ကတော့ နောက်ထပ် အသင်းသစ်တစ်သင်းဟာလည်း စစ်မှန်တဲ့ ချန်ပီယံ အသင်း တစ်သင်းဖြစ်ရမယ်လို့ ပြောခဲ့တာပါ။

ပီအက်စ်ဂျီ ကစားသမားဟောင်း ဒန်နီရယ် အဲလ်ဗက်စ်ကတော့ သူ့ရဲ့ နောက်ထပ် အသင်းသစ်က စစ်မှန်တဲ့ ချန်ပီယံ အသင်းဖြစ်ရမယ်လို့ ထုတ်ဖော်ပြောခဲ့အကြောင်း Metro.com သတင်းဌာနက ဖော်ပြပါတယ်။ အလွတ်နဲ့ ရရှိမှာ ဖြစ်တဲ့အတွက် အာဆင်နယ်အသင်းဟာ အဲလ်ဗက်စ်ကို ခေါ်ယူနိုင်ရေး ကြိုးစားနေပေမယ့် အဲလ်ဗက်စ်ရဲ့ ပြောစကားက အာဆင်နယ်အသင်းရဲ့ လမ်းစဉ်နဲ့ အနည်းငယ် ကွဲလွဲမှု ရှိနေခဲ့တာပါ။



အာဆင်နယ်အသင်းအနေနဲ့ နှစ်စဉ် ဆုဖလား တစ်ခုခု ဆွတ်ခူးနိုင်ဖို့ မဖြစ်မနေ ပစ်မှတ်ထား ယှဉ်ပြိုင်နေခြင်းမျိုး မဟုတ်ပဲ အသင်းအတွက်ဝင်ငွေ အကျိုးအမြတ်ပိုမိုရရှိရေးကိုသာ ဦးတည်ဆောင်ရွက်နေတဲ့ အသင်းဖြစ်တာကြောင့် အဲလ်ဗက်ရဲ့ ရည်ရွယ်ချက်နဲ့ ကွဲလွဲနေတာက အဲလ်ဗက်ကို ခေါ်ယူနိုင်ဖို့မလွယ်တဲ့အချက် ဖြစ်လာခဲ့တာပါ။

အဲလ်ဗက်စ်က ပီအက်စ်ဂျီမှာ လက်ရှိ အာဆင်နယ်အသင်းရဲ့ နည်းပြ ဖြစ်နေတဲ့ အူနိုင်းအမ်မရီနဲ့ တစ်နှစ် တွဲဖက် ကစားဖူးပေမယ့်လည်း သူ့ရဲ့ နောက်ထပ် အသင်းသစ်က ချန်ပီယံဆုအတွက် စစ်မှန်တဲ့အသင်း ဖြစ်ရမယ်လို့ ပြောလာတာပါ။

“ကျွန်တော်အခု လွတ်လပ်သွားပါပြီ၊ ဒါပေမယ့်ဆက်လက် အောင်မြင်မှုတွေ ရယူချင်ပါသေးတယ်။ အခု ချိန်မှာ ကျွန်တော်ပြောနိုင်တာ တစ်ခုကတော့ နောက်ထပ် ကျွန်တော့်ရဲ့ အသင်းသစ်ကလည်း စစ်မှန်တဲ့ ချန်ပီယံ အသင်းတစ်သင်းသာ ဖြစ်တယ်ဆိုတာပါပဲ” လို့ အဲလ်ဗက်စ်က ပြောသွားတာပါ။

အာဆင်နယ်အသင်းကတော့ ဒီနှစ် အပြောင်းအရွှေ့ ရာသီမှာ အသုံးစရိတ် ပေါင် ၄၅ သန်းသာရရှိထားလို့ လိုချင်တဲ့ ကစားသမားတွေကို စိတ်ကြိုက်ခေါ်ယူနိုင်ခြင်းမရှိပဲ လက်ရှိအချိန်ထိလည်း ထိထိရောက်ရောက် ပြုလုပ်ထားနိုင်ခြင်း မရှိသေးပါဘူး။


ဆက်စပ်အကြောင်းအရာများ


Author


က္က