ပဲလေ့စ်နဲ့သရေကျအပြီး ပရိသတ်ကို ရိုင်းစိုင်းတဲ့ အပြုအမူနဲ့ တုံ့ပြန်ခဲ့တာကြောင့် အသင်းပြောင်းတော့မယ်လို့ သတင်းထွက်ပေါ်ထားသူပါ။
အာဆင်နယ် နည်းပြ အာတီတာက သူ့ကို ဇာခါက အာဆင်နယ်ကနေ မထွက်တော့ပါဘူးလို့ ကတိပေးထားပြီး ဖြစ်တယ်လို့ ပြီးခဲ့တဲ့ ယူနိုက်တက်ကို ၂-၀ နဲ့ အနိုင်ရတဲ့ ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောသွားတဲ့ အကြောင်း Sportskeeda သတင်းဌာနက ဖော်ပြလာပါတယ်။
ပြီးခဲ့တဲ့ အောာက်တိုဘာလတုန်းက ပဲလေ့စ်နဲ့ တစ်ဖက် ၂ ဂိုးစီ သရေကျခဲ့တဲ့ပွဲမှာ ပရိသတ်ကို ရိုင်းစိုင်းစွာ ပြုမူ တုံ့ပြန်ခဲ့ပြီးနောက် ဇာခါ အသင်းပြောင်းတော့မယ်လို့သတင်းထွက်ပေါ်လာပါတယ်။
အဲ့ဒီနောက် ဂျာမန်ကလပ် ဟာသာဘာလင်ကို အခုဇန်နဝါရီစျေးကွက်မှာ ရောက်မယ်လို့လည်း သတင်း ထွက်ပေါ်ခဲ့ပြီးမှ ဇာခါအနေနဲ့ မပြောင်းဖြစ်တော့ဘူးလို့ နည်းပြချုပ် အာတီတာာက အတည်ပြုပေးလာတာပါ။
“သူ့ကို ကျွန်တော်တကယ်ကြိုက်ပါတယ်၊ကျွန်တော်ထင်တယ်သူအသင်းမှာဆက်ရှိနေမှာပါ။သူ့ကို ဆက်ထိန်းနိုင် မယ်ဆိုရင်သူက အသင်းအတွက် ကြီးမားတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်လာမှာပါ။”လို့ အာတီတာကဆိုပါတယ်။
ဇာခါအနေနဲ့ ချဲလ်ဆီးကို ၂-၁ နဲ့ အရေးနိမ့်ခဲ့တဲ့ပွဲမှာ အသင်းနဲ့ ပါဝင်လာခြင်းမရှိပေမယ့် မနေ့ညက ယူနိုက်တက်ကို ၂-၀ နဲ့ နိုင်တဲ့ပွဲမှာတော့ အသင်းနဲ့အတူ အကောင်းဆုံး ခြေစွမ်းပြပြီး ပွဲထွက်ပြန်လည်ပါဝင်ခဲ့သူပါ။
အာဆင်နယ်ရဲ့ ယူနိုက်တက် နိုင်ပွဲက နည်းပြ အာတီတာအတွက် ပထမဆုံးနိုင်ပွဲ ဖြစ်လာခဲ့ပြီး အာဆင်နယ်အသင်း လည်း အမှတ်ပေးဇယားမှာ အဆင့် ၁၀ ကို ရောက်လာပြီး ဥရောပ ဝင်ခွင့်အတွက် ပိုမို အခွင့်အရေး များလာခဲ့ ပါပြီ။