သူ့ရဲ့ဖခင်ကလည်း အာဆင်နယ်နဲ့ ဆွေးနွေးနေပြီလို့ ပြောခဲ့ဖူးပါတယ်။
Pyae Phyo Thein

အသက် ၂၆ နှစ်အရွယ် ဂါနာကွင်းလယ်လူကလည်း ဘောလုံးပွဲတွေ ပုံမှန်အတိုင်း ပြန်လည်ကျင်းပနို်င်ချိန်မှာ အာဆင်နယ်ကို ပြောင်းရွှေ့နိုင်မယ်လို့ မျှော်လင့်နေကြောင်းလည်း သိရပါတယ်။ 


အက်သလက်တီကိုမက်ဒရစ်အသင်းရဲ့ ကွင်းလယ်ကြယ်ပွင့်သောမတ်စ်ပါတေးက သူဟာ လာမယ့်ရာသီမှာ အာဆင်နယ်အသင်းကိုပြောင်းရွှေ့ဖို့ ဆုံးဖြတ်ထားကြောင်း သူငယ်ချင်းဖြစ်သူတွေကို ဖွင့်ဟခဲ့တယ်လို့ The Telegraph က ဖော်ပြသွားခဲ့ပါတယ်။ ဂါနာလက်ရွေးစင်ကစားသမားကို လီဗာပူးလ်ကလည်းစိတ်ဝင်စားနေပြီး အာဆင်နယ်က အခွင့်အရေးကောင်းနေတာဖြစ်ပါတယ်။

အာဆင်နယ်အသင်းကို ကိုင်တွယ်ပြီးချိန်ကစပြီး နည်းပြအာတီတာက ပါတေးကို အဓိကပစ်မှတ်အဖြစ် သတ်မှတ်ထားခဲ့တာဖြစ်ပါတယ်။ အသက် ၂၆ နှစ်အရွယ် ဂါနာကွင်းလယ်လူကလည်း ဘောလုံးပွဲတွေ ပုံမှန်အတိုင်း ပြန်လည်ကျင်းပနို်င်ချိန်မှာ အာဆင်နယ်ကို ပြောင်းရွှေ့နိုင်မယ်လို့ မျှော်လင့်နေကြောင်းလည်း သိရပါတယ်။ 

ပါတေးအတွက် အာဆင်နယ်အသင်းက တိုက်စစ်မှူးလာကာဇက်ကို ထည့်သွင်းကမ်းလှမ်းဖို့စီစဉ်ထားကြောင်းလည်း သတင်းတွေထွက်ပေါ်နေပါတယ်။ ပါတေးဟာ အက်သလက်တီကိုနဲ့ ပေါင် ၄၅သန်းတန်လျော်ကြေးစာချုပ်ကို ချုပ်ဆိုထားပေမယ့်လည်း ကစားသမားဘက်က ထွက်ခွာချင်ပါက ပြောင်းရွှေ့ကြေးကို ညှိနှိုင်းပေးနိုင်တယ်လို့လည်း သိရပါတယ်။ 

ပြီးခဲ့တဲ့လအတွင်းကမှ ကစားသမားရဲ့ဖခင်ဖြစ်သူ ဂျက်ကော့က သူ့ရဲ့သားဖြစ်သူဟာ အာဆင်နယ်နဲ့ ဆွေးနွေးနေတယ်လို့ အတည်ပြုခဲ့ပြီး ပါတေးရဲ့ အေးဂျင့်ကတော့ မဟုတ်မှန်ဘူးလို့ ငြင်းဆိုထားခဲ့ပါတယ်။ ဒါပေမယ့်လည်း အာတီတာက အသင်းရဲ့ကွင်းလယ်ခံစစ်ပိုင်းကို တောင့်တင်းနေစေဖို့အတွက် ဆန္ဒရှိနေပြီး ပါတေးရောက်ရှိလာပါက တော်ရဲရားနဲ့ ရှာခါတို့ကို ဖိအားပေးနိုင်မယ်လို့ မျှော်လင့်နေပါတယ်။ 

ပါတေးကတော့ ဒီယေဂိုဆီမြွန်နီရဲ့ ခံစစ်ပိုင်းဗျူဟာကစားမှုမှာ အရေးအပါဆုံးကွင်းလယ်ခံစစ်ကစားသမားဖြစ်ပါတယ်။ ဒီရာသီမှာလည်း အက်သလက်တီကိုအတွက် ခြေစွမ်းပြကစားနေပြီး လာလီဂါ ၂၁ပွဲပါဝင်ကစားပေးထားကာ ၂ဂိုးသွင်းယူပေးထားပေမယ့် ကလပ်အသင်းဘက်ကလည်း ကမ်းလှမ်းမှုတွေကို နားစွင့်နေပြီလို့ သိရပါတယ်။ 


Author

  • Pyae Phyo Thein

    Content Writer/Reporter


က္က