နယူးကာဆယ်အသင်းကလည်း နိုင်းစ်ကို လိုချင်ခဲ့ပေမယ့် ဝုလ်ကသာ လက်ဦးမှု ရယူနိုင်ခဲ့တာပါ။

ပေါင် သန်း ၂၀နဲ့ သဘောတူညီမှုရတာလို့သိရပြီး ၄နှစ်စာချုပ်ချုပ်ဆိုမယ်လို့ သတင်းရရှိထားပါတယ်။

အာဆင်နယ်အသင်းက အင်္ဂလန် ယူ-၂၁ညာနောက်ခံလူ မစ်လန်နိုင်းစ်ကို ဝုလ်အသင်းက ခေါ်ယူဖို့ သဘောတူ ညီမှု ရထားပြီလို့ Mirror သတင်းဌာနကဖော်ပြလာပါတယ်။



မစ်လန်နိုင်းစ်ကတော့ မနှစ်ကဘောလုံးရာသီမှာ အာဆင်နယ်အသင်းအတွက် ပြိုင်ပွဲစုံ ၃၂ပွဲကစားပေးထားနိုင် ခဲ့သူဖြစ်ပြီး လာမယ့်ရာသီသစ်မှာတော့ အသင်းက ရောင်းချမယ့် ကစားသမားစာရင်းမှာ အံ့အားသင့်ဖွယ်ပါဝင် လာတာပါ။

 Sky Sportsရဲ့ ဖော်ပြချက်အရ မစ်လန်နိုင်းစ်ကို ပေါင်သန်း ၂၀နဲ့ သဘောတူညီမှုရယူထားတာလို့သိရပြီး လေးနှစ်စာချုပ်ချုပ်ဆိုမယ်လို့လည်း သိရပါတယ်။

“နိုင်းစ်က ကွင်းလယ်နဲ့ခံစစ်နေရာစုံမှာ ကစားနိုင်တဲ့ ကစားသမားတစ်ဦးဖြစ်ပါတယ်။”လို့ ဝုလ်နည်းပြ ဘရူနို က ဆိုထားတယ်လို့သိရပါသေးတယ်။

နယူးကာဆယ်အသင်းကလည်း နိုင်းစ်ကို လိုချင်ခဲ့ပေမယ့် ဝုလ်ကသာ လက်ဦးမှု ရယူထားနိုင်ပြီဖြစ်ပြီး အပြီး သတ် စာချုပ်ချုပ်ဆိုဖို့သာ ကျန်တော့တယ်လို့သိရပါတယ်။

နိုင်းစ်ကတော့ အာဆင်နယ် အကယ်ဒမီထွက်ကစားသမားတစ်ဦးဖြစ်ပြီး ၂၀၁၅-၁၆ဘောလုံးရာသီမှာ အစ်ဆွစ် အသင်းမှာ အငှားနဲ့ သွားကစားခဲ့ဖူးသူပါ။

မနှစ်က ဘောလုံးရာသီမှာတော့ လိဂ်ပွဲ ၂၀ကစားခဲ့ပြီး ၂ဂိုးဖန်တီးနိုင်ခဲ့ပေမယ့်လည်းနည်းပြ အာတီတာရဲ့ အနာဂတ် အစီအစဥ်မှာ မပါဝင်နိုင်တော့တဲ့အတွက် အခုလို ရောင်းချဖို့ စီစဥ်ရတာလို့သိရပါတယ်။

နိုင်းစ်အနေနဲ့ကတော့ ညာနောက်ခံနေရာသာမက ကွင်းလယ်မှာပါ ကစားနိုင်သူဖြစ်ပေမယ့်လည်း အာဆင် နယ်အသင်းမှာ ဘယ်လာရင်၊ချမ်ဘာ၊စတဲ့ ညာနောက်ခံ ကစားသမားတွေ ရှိနေသလို ကွင်းလယ်မှာလည်း အခြားသော ကစားသမားများစွာ ရှိနေတဲ့အတွက် နိုင်းစ်ပွဲထွက်ကစားခွင့်ရဖို့ အသင်းပြောင်းခြင်းက အကောင်းဆုံးနည်းလမ်းဖြစ်လာတာပါ။

အာဆင်နယ်အသင်းကတော့ ရာသီသစ်အတွက် ကစားသမားခေါ်ယူမှုအဖြစ် ချဲလ်ဆီးက ဝီလီယံကို အလွတ်နဲ့ ခေါ်ယူထားနိုင်သလို လိုင်လီက ဘရာဇီးနောက်ခံလူ ဂါဘရီရယ်ကိုလည်း ခေါ်ယူနိုင်ဖို့ သဘောတူညီမှုရထား ပြီလို့သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က