သတ်မှတ်ထားတဲ့ပြောင်းရွှေ့ကြေးကို ပေးချေရမှာပါ။
Pyae Phyo Thein

ဒီဘာလာရဲ့ တန်ဖိုးကို ဂျူဗင်တပ်စ်က ပေါင်သန်း (၇၀) ကနေ ပေါင်သန်း (၉၀)အတွင်းမှာ သတ်မှတ်ထားပြီး အဆိုပါနှုန်းထားထက်နည်းပါးတဲ့ ကမ်းလှမ်းမှုတွေကို လက်ခံသွားမှာမဟုတ်ဘူးလို့လည်း သိရပါတယ်။

ဂျူဗင်တပ်စ်အသင်းက မန်ချက်စတာယူနိုက်တက်ဆီကို သူတို့ရဲ့ တိုက်စစ်ကစားသမား ဒီဘာလာကို ရောင်းချသွားဖို့ အသင့်ရှိနေတယ်လို့ ဆိုပါတယ်။ စီးရီးအေချန်ပီယံအသင်းက ရော်နယ်ဒိုရှိနေတဲ့အတွက် တိုက်စစ်ပိုင်းမှာ အခြားကစားသမားမလိုအပ်ဘူးလို့ ယုံကြည်နေပြီး ဒီဘာလာအတွက် ကမ်းလှမ်းမှုတွေကို နားစွင့်နေတယ်လို့ Daily Mail က ဖော်ပြခဲ့ပါတယ်။



ဒီဘာလာရဲ့ တန်ဖိုးကို ဂျူဗင်တပ်စ်က ပေါင်သန်း (၇၀) ကနေ ပေါင်သန်း (၉၀)အတွင်းမှာ သတ်မှတ်ထားပြီး အဆိုပါနှုန်းထားထက်နည်းပါးတဲ့ ကမ်းလှမ်းမှုတွေကို လက်ခံသွားမှာမဟုတ်ဘူးလို့လည်း သိရပါတယ်။ ယူနိုက်တက်နည်းပြဆိုးလ်ရှားကလည်း အာဂျင်တီးနားလက်ရွေးစင် ကစားသမားကို ခေါ်ယူချင်တဲ့ ဆန္ဒရှိတယ်လို့ သိရပြီး လူကာကူ နဲ့ ပေါ့ဂ်ဘာတို့အသင်းကထွက်ခွာခဲ့ရင် ပြန်လည်အစားထိုးသင့်တဲ့ ကစားသမားလို့ ယုံကြည်နေပါတယ်။

အသင်းတိုက်စစ်ပိုင်းအတွက် ဒီဘာလာက နောက်ချန်တိုက်စစ်မှူးအဖြစ်ရော၊ ဖန်တီးပေးနိုင်သူအဖြစ်ပါ ကစားနိုင်တယ်လို့ ဆိုးလ်ရှားက ယူဆထားပြီး ပီအက်စ်ဂျီ၊ အင်တာမီလန်တို့နဲ့ အပြိုင်အဆိုင်ခေါ်ယူနိုင်ဖို့ ကြိုးစားရမှာလည်း ဖြစ်ပါတယ်။ လာမယ့်ရာသီအတွက် ဂျူဗီနည်းပြဆာရီက ရော်နယ်ဒိုကိုပဲ အဓိကတိုက်စစ်မှူးအဖြစ် ပွဲထွက်ခွင့်ပေးမယ်လို့ သိရပြီး ဒီဘာလာကတော့ အရန်ကစားသမားအဖြစ်နဲ့သာ ရှိနေမှာဖြစ်ပါတယ်။

ဒီအတွက် အခြားသောနေရာတွေကို အင်အားဖြည့်တင်းဖို့ ဆာရီက အလိုရှိနေပြီး ဒီဘာလာကို ပြန်လည်ရောင်းချကာ ရရှိတဲ့ငွေကြေးနဲ့ ကစားသမားသစ်ဝယ်ယူချင်နေပါတယ်။ ယူနိုက်တက်ဘက်ကသာ ဂျုဗီသတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေးနဲ့ ကမ်းလှမ်းခဲ့မယ်ဆိုပါက အီတလီကလပ်က ပြန်လည်ရောင်းချဖို့ အသင့်ဖြစ်နေပြီလည်း ဖြစ်ပါတယ်။

ရော်နယ်ဒိုရောက်ရှိလာပြီးနောက် ဦးစားပေးကစားသမားအဆင့်ကနေ လျော့ကျခဲ့ရတဲ့ ဒီဘာလာဟာ ဂျူဗီကစားသမားဘဝမှာ ဂိုးသွင်းယူနိုင်မှုအနည်းပါးဆုံး ဘောလုံးရာသီနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဆာရီလက်ထက်မှာလည်း ပုံမှန်ကစားခွင့်ရရှိဖို့ မျှော်လင့်ချက်က နည်းပါးနေဦးမှာဖြစ်လို့

ီဘာလာရဲ့ အနာဂတ်က လှုပ်ခတ်မှုတွေ ရှိလာပြီလည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က