ဒေးဗစ်လုဇ်၊ကာဟေးလ်တို့ကိုလည်း လက်လွှတ်ထားရပါတယ်။

၂၀၁၇ ခုနှစ်က တိုရီနိုအသင်းကနေ ၄ နှစ်စာချုပ်နဲ့ ရောက်ရှိလာခဲ့ပေမယ့် ရိုးမားကိုအငှားသွားကစားတဲ့အထိ ၂ နှစ်အတွင်းမှာ ၂၆ ပွဲသာ ကစားပေးနိုင်ခဲ့ပါတယ်။

ချဲလ်ဆီးအသင်းက ညာနောက်ခံ ကစားသမား ဒါဗီဒီဇာပါကော်စတာကို အီတလီကလပ် ရိုးမားအသင်းထံ တစ်ရာသီအငှားချလိုက်ပြီလို့ BBC SPORTက ဖော်ပြလာပါတယ်။


အသက် ၂၇ နှစ်အရွယ် အီတလီ လက်ရွေးစင်အနေနဲ့ မနေ့က အင်္ဂါနေ့မှာ ရိုးမားကို ရောက်ရှိသွားခဲ့ပြီး ချဲလ်ဆီး အသင်းကိုတော့ ၂၀၁၇ခုနှစ်က တိုရီနိုအသင်းကနေ ပေါင်၂၃ သန်းနဲ့ လေးနှစ်စာချုပ်ချုပ်ဆို ရောက်ရှိလာခဲ့သူ ပါ။

ပထမဆုံးရာသီမှာ ၂၂ ပွဲကစားနိုင်ခဲ့ပြီး၂၀၁၈-၁၉ ဘောလုံးရာသီမှာတော့ ၄ ပွဲသာ ကစားနိုင်တော့ပြီး ဒီနှစ်မှာတော့ လုံးဝမကစားထားနိုင်သေးပေ။

ဒါဗီဒီအပါအဝင် ချဲလ်ဆီးအသင်းအနေနဲ့ ဒီနှစ်မှာနောက်ခံလူ ဒေးဗစ်လုဇ်၊ကာဟေးလ်တို့ကိုလည်း ဆုံးရှုံးထားပါ သေးတယ်။

နည်းပြ လမ်းပတ်ကတော့ လူဝယ်ရာသီပိတ်ခံထားရတဲ့အပြင် အဓိက ကစားသမား ဟာဇက်ကလည်း အသင်းပြောင်းသွားလို့ လက်ရှိမှာ လူငယ်တွေကို ရှေ့တန်းတင်ထားပြီး ကစားနေပေမယ့် လိဂ်ပွဲ ၂ ပွဲကစားပြီး ချိန်မှာတော့ တစ်ပွဲရှုံး၊တစ်ပွဲသရေသာ ရရှိထားပါသေးတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က