အခြားကွင်းလယ်လူဘရိုဇိုဗစ်လည်း ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။
Pyae Phyo Thein

အန်ဂိုလိုကန်တေအတွက် အင်တာမီလန်အသင်းက အဲရစ်ဆန်ကို အလိုက်ပေးကမ်းလှမ်းခဲ့ပေမယ့် ချယ်လ်ဆီးက ငြင်းဆန်ခဲ့တယ်လို့ Daily Telegraph က ဖော်ပြခဲ့ပါတယ်။ အန်တိုနီယိုကွန်တီဟာ သူ့ရဲ့တပည့်ဟောင်းကို ပြန်လည်ခေါ်ယူချင်နေပြီး အသင်းမှာခြေစွမ်းမပြနိုင်တဲ့ အဲရစ်ဆန်ကိုပါ ထည့်သွင်းကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။

အင်တာမီလန်ရဲ့ ကမ်းလှမ်းမှုမှာ ခရိုအေးရှားကွငး်လယ်လူဘရိုဇိုဗစ်ပါ ပါဝင်ခဲ့တယ်လို့သိရပြီး စိတ်မဝင်စားဘူးလို့ ချယ်လ်ဆီးဘက်က တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။ အဲရစ်ဆန်ကတော့ ပြီးခဲ့တဲ့ရာသီ ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ အသင်းကိုရောက်ရှိခဲ့တာဖြစ်ပြီး စီးရီးအေ ၁၇ ပွဲမှာ ၁ ဂိုးသွင်းယူကာ ၂ကြိမ်ဖန်တီးပေးထားခဲ့ပါတယ်။ 

စာချုပ်သက်တမ်းအရ အဲရစ်ဆန်ဟာ အင်တာမီလန်မှာ နောက်ထပ်လေးနှစ်အထိသက်တမ်းရှိနေပေမယ့် သူ့ခြေစွမ်းကို ကွန်တီက သဘောမကျဖြစ်နေခဲ့ပါတယ်။ အသင်းကွင်းလယ်ပိုင်း ပိုမိုတောင့်တင်းလာစေဖို့ ချယ်လ်ဆီးမှာ လက်တွဲခဲ့ဖူးတဲ့ ကန်တေကို ကွန်တီက အလိုရှိနေခဲ့ပြီး နောက်ထပ်တစ်ကြိမ်ကမ်းလှမ်းမှုတွေပြုလုပ်ဦးမယ်လို့ သိရပါတယ်။

အသက် ၂၉ နှစ်အရွယ် ကန်တေဟာ လာမယ့်ရာသီမှာ ပုံမှန်ကစားခွင့်ရရှိဖို့ အာမခံချက်နည်းပါးနေတယ်လို့ သိရပါတယ်။ လမ်းပတ်က သူ့အသင်းကို လူငယ်ကစားသမားအများစုနဲ့ တည်ဆောက်နေပြီး ကွင်းလယ်ပိုင်းမှာ ကိုဗာချစ်၊ လော့တပ်ချိစ်တို့လို ကစားသမားတွေကို ပိုမိုအသုံးပြုချင်နေပြီး ကန်တေကတော့ အရန်ကစားသမားအဖြစ်နဲ့သာ ကစားရဖွယ်ရှိနေပါတယ်။ 


Author


က္က