မေဂျာလိဂ်မှာ ပါဝင်ကစားဖို့ အင်တာမီယာမီအသင်းကိုတည်ထောင်ထားတာပါ။

ဒေးဗစ်ဘက်ခမ်းက မေဂျာလိဂ်မှာ ယှဉ်ပြိုင်ကစားဖို့ အင်တာမီယာမီအသင်းကို တည်ထောင်ခဲ့ပြီး လာမယ့်နှစ် ဘောလုံးရာသီကနေ စတင်ပါဝင်ကစားမှာပါ။

ကမ္ဘာကျော် ဘောလုံးသမားဟောင်း ဒေးဗစ်ဘက်ခမ်း ပိုင်ဆိုင်တဲ့ မေဂျာလိဂ် ကလပ်အသင်းသစ် အင်တာမီယာမီအသင်းကတော့ အင်္ဂလိပ်လူမျိုး ကစားသမား ၂ ဦးခေါ်ယူဖို့ လုပ်ဆောင်နေတယ်လို့ BBC SPORTက ဖော်ပြခဲ့ပါတယ်။ အင်တာမီယာမီအသင်းကတော့ လာမယ့်နှစ် မေဂျာလိဂ် ဘောလုံးရာသီမှစတင်ပြီး ပါဝင်ယှဉ်ပြိုင်ကစားမှာဖြစ်ကာ နည်းပြတစ်ဦးကိုလည်း ခန့်အပ်နိုင်ရေး ပြင်ဆင်နေတယ်လို့ သိရပါတယ်။

“ကျွန်တော်တို့ နည်းပြတစ်ဦးကိုလည်း ခန့်အပ်နိုင်ဖို့ အရမ်းနီးစပ်နေပါပြီ၊ သူကတော့ အဆင့်မြင့် ကစားသမား တစ်ဦး ဖြစ်ခဲ့ဖူးပြီး အားလုံးသိနိုင်တဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ပထမဆုံး နည်းပြကတော့ တိုက်စစ်ကစားဟန်နဲ့ လိုက်ဖက်သူလည်း ဖြစ်လာမှာပါ။” လို့ အင်တာမီယာမီအသင်းရဲ့ ပိုင်ရှင်တစ်ဦး ဖြစ်တဲ့ မတ်စ်က BBC SPORT ကိုပြောခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ ကလပ်အသင်းအနေနဲ့ ကစားသမား ၂ ဦးသာ စာချုပ်ချုပ်ဆိုခေါ်ယူထားနိုင်သေးပြီး မေဂျာလိဂ်က လာမယ့်နှစ် မတ်လကျမှ ရသီသစ်စတငမှာ ဖြစ်တာကြောင့် လုံလောက်တဲ့အချိန် ကျန်နေပါသေးတယ်။

ခေါ်ယူထားနိုင်တဲ့ ကစားသမားတွေကတော့ အာဂျင်တီးနား ကလပ်တွေမှဖြစ်ပြီး တိုက်စစ်မှူး ဂျူလီယန်ကာရန်ဇာနဲ ကွင်းလယ်လူ ပယ်လီဂရီနီတို့ ဖြစ်ပါတယ်။

“ကျွန်တော်တို့အနေနဲ့ ဆက်လက်ပြီးတော့လည်း ဥရောပမှာ လူတိုင်း ကောင်းစွာသိတဲ့ အင်္ဂလိပ်လူမျိုး လူငယ် ကစားသမား ၂ ဦးကိုလည်း ခေါ်ယူဖို့ လုပ်ဆောင်နေပါတယ်။ ဒီအတွက်လည်း ကစားသမားအချို့ကို စောင့် ကြည့်နေတာမျိုးလည်း ရှိပါတယ်။” လို့ မတ်စ်က ဆက်လက်ပြောခဲ့ပါတယ်။

အြခားကစားသမားတွေအဖြစ် ချဲလ်ဆီး နောက်ခံလူဟောင်း ဂယ်ရီကာဟေးလ်၊ မန်ယူကစားသမားဟောင်း ဗလင်စီယာတို့ကိုလည်း ခေါ်ယူသွားမယ်လို့ သတင်းထွက်ပေါ်နေခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က