ပြောင်းရွှေ့ကြေးအဖြစ် ဘာစီလိုနာအသင်းက ပေါင် ၂၃၅၀၀၀ ပေးချေခဲ့ရတယ်လို့သိရပြီး ဘာစီလိုနာ ယူ-၁၉ အသင်းနဲ့ ပူးပေါင်းမှာ ဖြစ်ပါတယ်။
ဝက်စ်ဘရွန်းအသင်းမှ အင်္ဂလန် ယူ-၁၆ တိုက်စစ်မှူးဘာရီကို ဘာစီလိုနာအသင်းက ၃ နှစ်စာချုပ်နဲ့ စာချုပ်ချုပ်ဆို ခေါ်ယူလိုက်တယ်လို့ BBC SPORT သတင်းဌာနက ဖော်ပြပါတယ်။ အသက် ၁၆ နှစ်အရွယ်ဘာရီဟာ ဝက်စ်ဘရွန်းအသင်းကို ၆ နှစ်အရွယ်ကတည်းက ရောက်ရှိနေခဲ့သူလည်း ဖြစ်ပါတယ်။
ရိုက်တာ သတင်းဌာနရဲ့ဖော်ပြချက်အရ ဝက်စ်ဘရွန်းအသင်းအနေနဲ့ အဆိုပါ အသက် ၁၆ နှစ်အရွယ် ကစာ မားအတွက် ဘာစီလိုနာအသင်းထံက ပြောင်းရွှေ့ ကြေး ပေါင် ၂၃၅၀၀၀ ရရှိခဲ့တယ်လို့လည်း သိရပါတယ်။
ဘာရီကို ဘာစီလိုနာအသင်းက ဆေးစစ်မှုလည်း ပြုလုပ်ပြီးသွားပြီ ဖြစ်ပြီး အသက် ၁၉ နှစ်အောက် ဘာစီလိုနာအသင်းနဲ့ ပူးပေါင်းမယ်လို့ သိရပါတယ်။ ဘာရီအနေနဲ့ ပြီးခဲ့တဲ့ အစောပိုင်းက ပြင်သစ်မှာ ကျင်းပခဲ့တဲ့ အသက် ၁၆ နှစ်အောက် ယူအီးအက်ဖ်အေ ပြိုင်ပွဲ မှာ ၃ ဂိုးထိသွင်းပြီး ရွှေဖိနပ်ဆုကို ဆွတ်ခူးထားပါသေးတယ်။