၅ ဦးက ပုံမှန်ပွဲထွက်နေတဲ့ ကစားသမားတွေပါ။
Kyaw Ko Ko Sint

အစောကတည်းက နာဗက်စ်နဲ့အစ္စကိုကို ရောင်းထုတ်ဖို့ ပီရက်ဇ်တစ်ယောက် စီစဉ်ထားနှင့်ပြီးသားလို့ စပိန်မီဒီယာတွေက ဖော်ပြထားပြီး နောက်ထပ် အရောင်းစာရင်းမှာတော့ မာဆယ်လို၊တိုနီခရူးစ်၊ကာဗာဂျယ်နဲ့ကက် စမီရိုတို့ ပါဝင်လာတာတွေ့ရပါတယ်။

စပိန်ကလာတဲ့သတင်းတွေရ ရီးရဲမက်ဒရစ်အသင်း ဥက္ကဌ ဖလော်ရန်တီနီုပီရက်ဇ်အနေနဲ့ ရာသီအကုန်မှာ အဓိက ပွဲထွက်ကစားသမား ၆ ဦးထိကို ရောင်းထုတ်ဖို့ ရှိနေတယ်လို့ Sportskeeda က ဖော်ပြလာပါတယ်။


အဆိုပါ ၆ ဦးထဲမှာ ၅ဦးက ပုံမှန်ပွဲထွက်ကစားနေတဲ့ ကစားသမားတွေ ဖြစ်ပြီး ဘယ်နောက်ခံလူ မာဆယ်လိုလည်း ပါဝင်လာတာတွေ့ရမှာပါ။

လာမယ့်နွေရာသီမှာ အသင်းက ဂိုးသမား ကိုင်လီနာဗက်စ်နဲ့ အစ္စကိုတို့ကို ရောင်းထုတ်မယ်ဆိုတာ မူလက တည်းက သတင်းတွေ ထွက်ပေါ်ထားပြီး ဖြစ်သလို ပြီးခဲ့တဲ့ အပတ်က ထွက်ပေါ်လာတဲ့ သတင်းတွေအရ မာဆယ်လိုပါ ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။
မာဆယ်လိုအနေနဲ့ အီတလီ စီးရီးအေက အသင်းဖော်ဟောင်း ရော်နယ်ဒို ကစားနေတဲ့ ဂျူဗင်တပ်အသင်းကို ပြောင်းရွှေ့မယ်ဆိုတာလည်း သတင်းတွေက ထွက်ပေါ်နေပြီ ဖြစ်ပါတယ်။ ရီးရဲအသင်းကလည်း သူ့နေရာမှာ အစားထိုးဖို့ ကစားသမားသစ်ကို ရှာဖွေထားနှင့်ပြီးပြီလို့ သတင်းတွေက ဖော် ပြလာပြီး နောက်ထပ် ရောင်းထုတ်ဖို့ ရှိနေတဲ့ ကစားသမားတွေကတော့ အနည်းငယ် အံ့အားသင့်ဖို့ ကောင်းမှာပါ။
တိုနီခရူးစ်၊ကာဗာဂျယ်နဲ့ ကက်စပီရိုတို့ ဖြစ်ပြီး ဒီကစားသမားတွေက ရီးရဲအသင်းကို အဓိက မောင်းနှင်ကစားနေတာ ဖြစ်လို့ ပရိသတ်တွေအတွက်တော့ အနည်းငယ် ရှော့ခ်ရစေခဲ့မှာပါ။ တကယ်ရောင်းထုတ်ဖြစ်မလားဆိုတာကိုတော့ လာမယ့်နွေရာသီအပြောင်းအရွှေ့မှာ စိတ်ဝင်စားဖွယ်စောင့် ကြည့်ရမှာ ဖြစ်ပြီး ရီးရဲအသင်းကတော့ ဒီနှစ်အစမှာ ရော်နယ်ဒိုကို အသင်းက ရောင်းထုတ်ခဲ့ပြီးနောက် သိသိသာသာ ခြေစွမ်းကျဆင်းခဲ့တာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

ဆက်စပ်အကြောင်းအရာများ


Author


က္က