loading...

loading...

loading...

ဂျော်ဂျင်ဟိုကတော့ ဖာဘရီဂတ်စ်ကို အသင်းပြောင်းစေခဲ့သလို ကန်တေကိုလည်း နေရာပျောက်စေခဲ့ပါတယ်။
Kyaw Ko Ko Sint

နည်းပြသစ် ဆာရီက နာပိုလီအသင်းမှာကတည်းက လက်တွဲခဲ့တဲ့ ဂျော်ဂျင်ဟိုကို ၂၀၁၈ တုန်းက ခေါ်ခဲ့လို့ ဖာဘရီဂတ်စ်က ဂျော်ဂျင်ဟိုကို ဆာရီရဲ့ သားလို့ တင်စားပြီး မသေချာတော့တဲ့ နေရာတစ်နေရာစာအတွက် ချဲလ်ဆီးက မထွက်ခွာချင်ပဲ ထွက်ခဲ့ရတာ ဖြစ်တယ်လို့ ရင်ဖွင့်လာတာပါ။

ချဲလ်ဆီးအသင်းကနေ မိုနာကိုအသင်းကို ပြီးခဲ့တဲ့ ဆောင်းရာသီဈေးကွက်က ပြောင်းရွှေ့သွားခဲ့တဲ့ ဖာဘရီဂတ်စ်က သူ့အနေနဲ့ မိုနာကိုအသင်းကို မပြောင်းချင်ပဲ ပြောင်းခဲ့ရတာ ဖြစ်တယ်လို့ ရင်ဖွင့်လာ တဲ့အကြောင်း Goal.com ကဖော်ပြလာပါတယ်။

ဖာဘရီဂတ်စ်က သူ့အနေနဲ့ မိုနာကိုကို ပြောင်းရွှေ့ဖို့အတွက် တွန်းအာေးပးခံခဲ့ရတာ ဖြစ်ပြီး အကြောင်းက တော့ နည်းပြသစ်ဖြစ်လာတဲ့ ဆာရီအနေနဲ့ နာပိုလီအသင်းက သူ့ရဲ့သားဖြစ်သူ ဂျော်ဂျင်ဟိုကိုပါ ခေါ်ဆောင်လာခဲ့တာကြောင့် ဖြစ်တယ်လို့ ထုတ်ဖော်ပြောခဲ့ပါတယ်။

ဂျော်ဂျင်ဟိုက ၂၀၁၈ တုန်းက ချဲလ်ဆီးကို နာပိုလီက ရောက်ရှိလာသူဖြစ်ပြီး နည်းပြဆာရီရဲ့ လက်အောက် မှာ နာပိုလီမှာ ရှိစဉ်ကတည်းက ဦးစားပေး ကစားခွင့်ရနေသူ ဖြစ်တာကြောင့် ဖာဘရီဂတ်စ်က ဆာရီရဲ့ သားလို့ တင်စားခဲ့ခြင်းဖြစ်ပါတယ်။

“ကျွန်တော် အခွင့်အရေးသစ်တွေကို ကြိုက်ပါတယ်၊ ဒါပေမယ့် ချဲလ်ဆီးမှာ ရှိနေစဉ်မှာတော့ နောက်ထပ် စာချုပ်သစ်အတွက် ရရှိလိမ့်မယ်လို့ မျှော်လင့်ခဲ့ပါသေးတယ်၊ ဒါပေမယ့် နည်းပြသစ်က သားဖြစ်သူကိုပါ ခေါ်လာလိုက်တော့ ကျွန်တော် မိုနာကိုကို စိန်ခေါ်မှုအသစ်တွေအတွက် ထွက်သွားရတာပါပဲ” လို့ ဖာဘရီဂတ်စ်က ပြောခဲ့ပါတယ်။

အခုလို ထွက်လာရတဲ့အတွက် မိုနာကိုအသင်းမှာ တစ်ပွဲချင်းစီတိုင်းမှာခက်ခဲပြီး လုပ်ချင်တာနဲ့ လုပ်ဆောင် နေရတာ ကွဲလွဲနေတဲ့အကြောင်းနဲ့ ချဲလ်ဆီးနဲ့တော့ မနှိုင်းတော့ဘူလို့လည်း ဖာဘရီဂတ်စ်က ပြောခဲ့ပါသေး တယ်။

ဆာရီ ခေါ်ဆောင်လာတဲ့ သားဖြစ်သူ ဂျော်ဂျင်ဟိုကတော့ ချဲလ်ဆီးကို ရောက်ရောက်ချင်းမှာပဲ အထင်ကြီးစ ရာစွမ်းဆောင်မှုတွေ ပြုလုပ်ထားနိုင်ပြီး ဖာဘရီဂတ်စ် ထွက်သွားရသလို ကန်တေလည်း ပွဲထွက်ခွင့် ပုံမှန် ပျောက်ဆုံးခဲ့ရပါတယ်။


ဆက်စပ်အကြောင်းအရာများ


loading...

က္က