လာမယ့်ရာသီမှာ အစားထိုးသွားနိုင်ချေရှိပါတယ်။
Pyae Phyo Thein

လက်ရှိမှာ ကလပ်အသင်းလက်မဲ့ဖြစ်နေတဲ့ ပိုချက်တီနိုကို ဘာစီလိုနာကလည်း စောင့်ကြည့်နေလို့ ဂျူဗီအတွက် ကြီးမားတဲ့ပြိုင်ဘက်နဲ့ ရင်ဆိုင်ရမှာလည်းဖြစ်ပါတယ်။


ဂျူဗင်တပ်စ်အသင်းတာဝန်ရှိသူတွေဟာ တော့တင်ဟမ်နည်းပြဟောင်းပိုချက်တီနိုရဲ့ အေးဂျင့်နဲ့တွေ့ဆုံပြီး နည်းပြသစ်ခန့်အပ်ဖို့ ဆွေးနွေးခဲ့တယ်လို့သိရပါတယ်။ ဂျူဗီမှာ ထင်သလောက်ဖြစ်မလာတဲ့ နည်းပြဆာရီနေရာမှာ အစားထိုးဖို့အတွက် ကြိုးစားနေတာဖြစ်ပြီး ဆာရီရဲ့အနာဂတ်ဟာ ချန်ပီယံလိဂ်ပြိုင်ပွဲအပေါ် လုံးလုံးလျားလျားမှီတည်နေပြီဖြစ်ပါတယ်။

အီတလီစူပါဖလား နဲ့ ကိုပါအီတာလီယာဖလားပြိုင်ပွဲတွေမှာ အရေးနိမ့်ခဲ့ပြီးနောက် ဆာရီအပေါ် ဂျူဗီတာဝန်ရှိသူတွေက စိတ်ပျက်ခဲ့ကြတာဖြစ်ပါတယ်။ စီးရီးအေဖလားကို ဆာရီက ရယူပေးနိုင်ဖို့ နီးစပ်နေပြီဖြစ်ပေမယ့်လည်း ဥရောပအဆင့်အောင်မြင်မှုကို မျှော်လင့်ခဲ့သလို အသင်းကစားဟန်ကိုလည်း ပြောင်းလဲပစ်ဖို့ ရည်ရွယ်ခဲ့ပေမယ့် ဆာရီက မစွမ်းဆောင်နိုင်ခဲ့တာပါ။ 

ပြန်လည်စတင်ကစားခဲ့တဲ့ စီးရီးအေပွဲတွေမှာ ဂျူဗင်တပ်စ်အသင်းရလဒ်တွေ ဆိုးရွားနေခဲ့ပြီး ပြိုင်ဘက်အသင်းတွေလည်း ခြေချော်ခဲ့လို့သာ အမှတ်ပေးဖလားအတွက် အခြေအနေကောင်းခဲ့တာဖြစ်ပါတယ်။ ဒီအတွက်ကြောင့် ပိုချက်တီနိုကိုအစားထိုးခန့်အပ်ဖို့အတွက် ကြိုးစားနေပြီလို့ အီတလီသတင်းဌာန La Stampa က ဖော်ပြခဲ့ပါတယ်။ 

ဂျူဗီဟာ ပိုချက်တီနိုရဲ့ အေးဂျင့်ကို တိုက်ရိုက်ဆက်သွယ်ခဲ့တာလို့ သိရပါတယ်။ လက်ရှိမှာ ကလပ်အသင်းလက်မဲ့ဖြစ်နေတဲ့ ပိုချက်တီနိုကို ဘာစီလိုနာကလည်း စောင့်ကြည့်နေလို့ ဂျူဗီအတွက် ကြီးမားတဲ့ပြိုင်ဘက်နဲ့ ရင်ဆိုင်ရမှာလည်းဖြစ်ပါတယ်။ ပိုချက်တီနိုကလည်း ဘောလုံးလောကအတွင်းကို ပြန်လည်ဝင်ရောက်ဖို့ စိတ်အားထက်သန်နေပြီး ဂျူဗီဘက်က စိတ်ဝင်စားမှုက သူ့အတွက် စိတ်လှုပ်ရှားစရာဖြစ်လာခဲ့ရပါတယ်။ 

မော်ဒန်ဘောလုံးလောကမှာ အသက်အရွယ်အားဖြင့် ငယ်ွယ်ပြီးတော့ စိတ်အားထက်သန်မှုအပြည့်အဝရှိတဲ့ နည်းပြအဖြစ် ပိုချက်တီနိုက သတ်မှတ်ခံထားရပါတယ်။ ၄-၂-၃-၁ နဲ့ ၄-၃-၃ ကစားဟန်ကို နှစ်သက်တဲ့နည်းပြအတွက်လည်း အီတလီစီးရီးအေက ဘယ်လိုပြသနာမျိုးမှ ရှိနေမှာမဟုတ်ဘူးလို့ Daily Mail က သုံးသပ်ခဲ့ပါတယ်။ 


Author


က္က