loading...

loading...

loading...

အလီရဲ့ အေးဂျင့်က မန်စီးတီးတာဝန်ရှိသူတွေနဲ့ စကားပြောဖို့ ကြိုးပမ်းနေပြီလို့ သိရပါတယ်။
Kyaw Ko Ko Sint

မိုဟာနတ်အလီကို ဥရောပအသင်းတွေ မျက်စိကျစေခဲ့တာကတော့ ပြီးခဲ့တဲ့ ၂၀၁၉ အာရှဖလားပြိုင်ပွဲမှာဖြစ်ပြီး ထိုကစားသမားက အသက် ၁၈နှစ်အရွယ်ဖြင့် အီရတ် လက်ရွေးစင်အသင်းအတွက် ၁၄ ပွဲကစားကာ ၈ ဂိုးအထိ သွင်းယူပေးထားနိုင်ပါတယ်။

အီရတ် လက်ရွေးစင် တိုက်စစ်မှူး မိုဟာနတ် အလီကို ခေါ်ယူဖို့ ပရီးမီးယားလိဂ် ချန်ပီယံ မန်စီးတီးအသင်းက ချိတ်ဆက်လာတယ်လို့ အလီရဲ့ ကလပ်အသင်းဖြစ်တဲ့ အယ်လ်ရှော်တာ အသင်းနည်းပြချုပ် ဂျိုဗိုဗစ်ရဲ့ ထုတ်ဖော်ပြောပြချက်အရ သိရတယ်လို့ Fox Sports Asia သတင်းမှာ ဖော်ပြထားပါတယ်။

မိုဟာနတ်အလီကို ဥရောပရဲ့ ထိပ်တန်း အသင်းကြီးအချို့က မူလကတည်းက မျက်စိကျနေခဲ့ပြီး ယခုအခါ မန်စီးတီးက အဆိုပါ အသက် ၁၈ နှစ်အရွယ် တိုက်စစ်မှူးကို စိတ်ဝင်စားလာခဲ့တာ ဖြစ်ပါတယ်။ အလီကတော့ လက်ရှိမှာ အီရတ်အသင်းအတွက် ပွဲပေါင်း ၁၄ ပွဲ ကစားပေးထားနိုင်ပြီ ဖြစ်ပြီး သွင်းဂိုးကလည်း ၈ ဂိုးထိ ရယူပေးထားနိုင်ပါတယ်။

အလီကို အသင်းကြီးတွေ မျက်စိကျစေခဲ့တာကတော့ ပြီးခဲ့တဲ့ ၂၀၁၉ အာရှဖလားပြိုင်ပွဲမှာ ဖြစ်ပြီး အဆိုပါပြိုင်ပွဲ မှာ အီရတ်အသင်းက ၁၆ သင်းအဆင့်ထိ တက်လှမ်းနိုင်ခဲ့ပါတယ်။ အလီအနေနဲ့ မိသားစု အရေးကြောင့် အယ်လ်ရှော်တာ အသင်းမှာသာ ဆက်နေဖို့ ဆုံးဖြတ်ထားပေမယ့်လည်း ဥရောပအသင်းတွေရဲ့ စဉ်ဆက်မပြတ် စောင့်ကြည့်ခြင်းခံနေရတာပါ။

ဒါကြောင့်လက်ရှိမှာ အလီရဲ့ အေးဂျင့်က မန်စီးတီး တာဝန်ရှိသူတွေနဲ့ စကားပြောဆိုဖို့ ကြိုးပမ်းနေပြီ ဖြစ်ပြီး အီရတ်ရဲ့ ဥရောပထုတ်ကုန်တစ်ခုအဖြစ် မြင်တွေ့ရဖို့ များနေပါပြီ။ မန်စီးတီးအသင်းအပြင် အလီကို မြို့ခံပြိုင်ဖက် မန်ယူ၊ဂျူဗင်တပ်၊ဘင်ဖီကာနဲ့ ဂါလာတာစာရေးတို့ကလည်း စာချုပ် ချုပ်ဆိုခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ Fox Sports Asia သတင်းဌာနက ဆက်လက်ဖော်ပြထားပါတယ်။


ဆက်စပ်အကြောင်းအရာများ


loading...

က္က