အီတလီနိုင်ငံကူးလက်မှတ် ပြဿနာကြောင့်လို့ သိရပါတယ်။
Kyaw Ko Ko Sint

ယခုနှစ် အပြောင်းအရွှေ့ကာလမှာ အီတလီပတ်စ်ပို့ မရနိုင်တဲ့အတွက် ဆွာရက်ဇ်ကို ဂျူဗင်တပ်အသင်းက ခေါ်ယူ စာချုပ်ချုပ်ဆိုဖို့ မဖြစ်နိုင်တော့တာလို့ သိရပါတယ်။

ဂျူဗင်တပ်အသင်းရဲ့ အားကစားဒါရိုက်တာဖေဘီယိုက ဘာစီလိုနာအသင်းရဲ့ ဥရုဂွေး တိုက်စစ်မှူးဆွာရက်ဇ်ကို ယခုနှစ် နွေရာသီစျေးကွက်မှာ ခေါ်ယူဖို့ မဖြစ်နိုင်တော့ဘူးလို့ အတည်ပြု ပြောလာတဲ့အကြောင်း Sky Sport သတင်းဌာနကိုပြောသွားတယ်လို့သိရပါတယ်။

ဘာစီလိုနာအသင်းရဲ့ နည်းပြသစ် ရော်နယ်ကိုးလ်မန်းက ဆွာရက်ဇ်ကိုအသင်းမှာ လိုအပ်တယ်လို့ ဆိုနေသည့်တိုင် ဆွာရက်ဇ်ကတော့ ဂျူဗင်တပ်ကိုသာ ပြောင်းရွှေ့ဖို့ ဆန္ဒပြင်းပြနေခဲ့တာပါ။

ဒါပေမယ့်လည်း အီတလီမှာ ရှိနေတဲ့ နိုင်ငံကူးလက်မှတ်ဆိုင်ရာ ပြဿနာတွေကြောင့် ဂျူဗင်တပ်အသင်းဟာ ဆွာ ရက်ဇ်ကို စိတ်ဝင်စားပါလျက်နဲ့ ယခုနှစ်မှာ ခေါ်ယူနိုင်ဖို့ မဖြစ်နိုင်တော့ဘူးလို့ နည်းပြ ပီယာလိုကိုယ်တိုင်ကလည်း ထုတ်ဖော်ပြောလာပါတယ်။

“ကျွန်တော်တို့ရဲ့စာရင်းထဲမှာ ဆွာရက်ဇ်မရှိပါဘူး။ဂျူဗင်တပ်ရဲ့ ပစ်မှတ်လည်း မဟုတ်ပါဘူး။အခုအပြောင်းအရွှေ့ ကာလမှာသူ့အနေနဲ့ အီတလီ ပတ်စ်ပို့မရနိုင်တဲ့အတွက် ကျွန်တော်တို့ သူ့ကို စာချုပ်ချုပ်လို့ မရနိုင်ပါဘူး။သူ့ အတွက် ကျွန်တော်တို့အစီအစဥ်တစ်ခုရှိခဲ့တာ မှန်ပေမယ့် အခုတော့ မဖြစ်နိုင်တော့ပါဘူး။”လို့ ဂျူဗင်တပ် အားက စား ဒါရိုက်တာ ဖေဘီယိုက Sky Sport သတင်းဌာနကို ဆိုလာတာပါ။

လက်ရှိမှာတော့ ဆွာရက်ဇ်အနေနဲ့ စပိန်ကလပ် အက်သလက်တီကို မက်ဒရစ်အသင်းထံ ပြောင်းရွှေ့နိုင်ဖို့ ထပ်မံ ချိတ်ဆက်နေတယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က