loading...

loading...

loading...

ပြီးခဲ့တဲ့တစ်ပတ်က စေလွှတ်ခဲ့တာပါ။
Pyae Phyo Thein

ဆိုင်မွန်ဝဲလ်ဟာ အေစီမီလန်နဲ့ ဖီအိုရင်တီးနားတို့ရဲ့ တစ်ဂိုးစီသရေကျခဲ့တဲ့ ပြီးခဲ့တဲ့တစ်ပတ်ကပွဲစဉ်ကို သွားရောက်ကြည့်ရှုခဲ့တာလို့လည်း သိရပါတယ်။


မန်ချက်စတာယူနိုက်တက်အသင်းနည်းပြဆိုးလ်ရှားဟာ သူ့ရဲ့ကိုယ်ပိုင်ကင်းထောက်ဆိုင်မွန်ဝဲလ်ကို ဖီအိုရင်တီးနားကစားသမားဖက်ဒါရီကိုချီယေဆာရဲ့ခြေစွမ်းကို စောင့်ကြည့်ဖို့ အီတလီကိုစေလွှတ်ခဲ့ကြောင်း Daily Mail က ဖော်ပြခဲ့ပါတယ်။ ဆိုင်မွန်ဝဲလ်ဟာ အေစီမီလန်နဲ့ ဖီအိုရင်တီးနားတို့ရဲ့ တစ်ဂိုးစီသရေကျခဲ့တဲ့ ပြီးခဲ့တဲ့တစ်ပတ်ကပွဲစဉ်ကို သွားရောက်ကြည့်ရှုခဲ့တာလို့လည်း သိရပါတယ်။

ဆိုင်မွန်ဝဲလ်အနေနဲ့ ကစားသမားရဲ့အခြေအနေကို ဆိုးလ်ရှားဆီတိုက်ရိုက်အစီရင်ခံတင်ရတယ်လို့ သိရပါတယ်။ ချီယေဆာရဲ့ ကစားပုံနဲ့ ခြေစွမ်းကို အသေးစိတ်လေ့လာပြီး တင်ပြရတာဖြစ်ကာ နွေရာသီမှာ ခေါ်ယူနိုင်ဖို့အတွက် ဖြစ်နိုင်၊မဖြစ်နိုင်ဆိုတာကိုလည်း သူ့ဘက်ကနေ ဆွေးနွေးပြောဆိုမှုတွေပြုလုပ်ပေးရမယ်လို့ သိရပါတယ်။ 

အသက် ၂၂နှစ်အရွယ်သာရှိသေးတဲ့ ချီယေဆာရဲ့ တန်ဖိုးကို ပေါင်သန်း ၆ဝအထိ ဖီအိုရင်တီးနားအသင်းက သတ်မှတ်ထားပါတယ်။ ဖီအိုရင်တီးနားအတွက် ၁၂၁ပွဲအထိ ချီယေဆာက ကစားပေးထားပြီး ၂၁ဂိုးအထိသွင်းယူပေးထားနိုင်ခဲ့ပါတယ်။ ဒီရာသီမှာဆိုရင် ၂၅ပွဲကစားပေးထားကာ ၇ ဂိုးသွင်းပြီး ၅ကြိမ်ဖန်တီးထားနိုင်ခဲ့ပါတယ်။ 

အီတလီတိုက်စစ်မှူးဟောင်းအန်ရီကိုရဲ့ သားဖြစ်သူဟာ အီတလီလက်ရွေးစင်အဖြစ် ရွေးချယ်ခံထားရပြီး အီတလီရဲ့အကောင်းဆုံးကစားသမားတွေထဲကတစ်ဦးအဖြစ် သတ်မှတ်ခံထားရကာ ယူရို ၂၀၂၀ ပြိုင်ပွဲကိုလည်း ဝင်ရောက်ကစားခွင့်ရရှိမယ့်သူအဖြစ် ရေပန်းစားနေသူဖြစ်ပါတယ်။ ကစားသမားက လက်ရှိမှာ အင်္ဂလိပ်စာသင်ကြားမှုတွေပြုလုပ်နေတယ်လို့လည်း သိရပါတယ်။  


loading...

က္က