အင်တာမီလန်ကို အပြီးသတ်ပြောင်းရွှေ့ခဲ့ပြီဖြစ်ပါတယ်။
Pyae Phyo Thein

နည်းပြဆိုးလ်ရှားကလည်း ဆန်းချက်ဇ်ပြောင်းရွှေ့သွားခဲ့တဲ့အကြောင်းကို အတည်ပြုပြောဆိုခဲ့သလို အင်တာမီလန်ကလည်း တရားဝင်ကြေညာခဲ့ပါတယ်။


မန်ချက်စတာယူနိုက်တက်အသင်းကနေ အင်တာမီလန်ကို အငှားနဲ့သွားရောက်ကစားနေတဲ့ အလက်ဆစ်ဆန်းချက်ဇ်ဟာ ၃ နှစ်စာချုပ်နဲ့ ဆန်စီရိုကလပ်ကို အပြီးသတ်ပြောင်းရွှေ့သွားခဲ့ပြီဖြစ်ပါတယ်။ နည်းပြဆိုးလ်ရှားကလည်း ဆန်းချက်ဇ်ပြောင်းရွှေ့သွားခဲ့တဲ့အကြောင်းကို အတည်ပြုပြောဆိုခဲ့သလို အင်တာမီလန်ကလည်း တရားဝင်ကြေညာခဲ့ပါတယ်။

အာဆင်နယ်ကနေ ယူနိုက်တက်ကို ပြောင်းရွှေ့ခဲ့ပြီးနောက် အခြေအနေဆိုးတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ဆန်းချက်ဇ်ဟာ အင်တာမီလန်မှာတော့ ခြေစွမ်းပြနေခဲ့ပါတယ်။ ယူနိုက်တက်မှာ တစ်ပတ်လုပ်ခ ပေါင်ငါးသိန်းခွဲအထိရရှိတယ်လို့ သတင်းထွက်ခဲ့တဲ့ ဆန်းချက်ဇ်ဟာ ထင်မှတ်ထားသလို ခြေစွမ်းမပြနိုင်ခဲ့တဲ့နောက် အင်တာမီလန်ကို အငှားနဲ့ပြောင်းရွှေ့ခဲ့ရပါတယ်။ 

အင်တာမီလန်မှာလည်း ဆန်းချက်ဇ်က ဒဏ်ရာပြသနာတွေနဲ့ ရုန်းကန်ခဲ့ရပြီး ပြန်လည်စတင်ကစားခဲ့တဲ့ စီးရီးအေပွဲစဉ်တွေမှာ ခြေစွမ်းပြနေခဲ့ပါတယ်။ လက်ရှိမှာ အသင်းအတွက် ပြိုင်ပွဲစုံ ၂၂ ပွဲအထိ ကစားပေးထားပြီး သွင်းဂိုး ၄ ဂိုးနဲ့ ဖန်တီးမှု ၈ ကြိမ်အထိ ဆန်းချက်ဇ်က ပြုလုပ်နိုင်ခဲ့ပြီးနောက် အင်တာမီလန်က အပြီးသတ်ခေါ်ယူဖို့အတွက် ကြိုးစားခဲ့ပါတယ်။

ယူနိုက်တက်ကလည်း ဆန်းချက်ဇ်ရဲ့ လစာငွေမြင့်မားမှုကို လျှော့ချပစ်ဖို့အတွက် ဆုံးဖြတ်ခဲ့ပြီး အင်တာမီလန်ကို ပြောင်းရွှေ့ခွင့်ပြုခဲ့တာဖြစ်ပါတယ်။ ဒီအပြောင်းအရွှေ့ကနေ ယူနိုက်တက်က ပြောင်းရွှေကြေးတစ်စုံတစ်ရာရရှိမှာမဟုတ်ဘဲ အင်တာမီလန်က အလွတ်သဘောခေါ်ယူမှုပြုလုပ်နိုင်ခဲ့ပြီး အင်္ဂလန်ကလပ်ကတော့ လက်ကျန်စာချုပ် ၂နှစ်စာအတွက် လုပ်ခလစာကို လျှော့ပစ်နိုင်ခဲ့ပါတယ်။

"ဆန်းချက်ဇ်က အင်တာမီလန်အသင်းပိုင် ကစားသမားဖြစ်လာခဲ့ပါပြီ၊ တရားဝင်စာချုပ်မချုပ်ဆိုရသေးပေမယ့်လည်း သူ ဒီအသင်းနဲ့ ၃ နှစ်စာချုပ်ချုပ်ဆိုသွားမှာပါ" လို့ အင်တာမီလန်ရဲ့ ထိပ်တန်းအရာရှိမာရော့တာက အတည်ပြုခဲ့ကြောင်း Sky Sports က ဖော်ပြခဲ့ပါတယ်။ 


Author


က္က