ဒမ်ဘီလီဟာလည်း ဇန်နဝါရီမှာ အသင်းပြောင်းရွှေ့ဖို့ စိတ်ဝင်စားမှုတွေရှိနေပါတယ်။

ဒမ်ဘီလီဟာလည်း ဇန်နဝါရီမှာ အသင်းပြောင်းရွှေ့ဖို့ စိတ်ဝင်စားမှုတွေရှိတယ်လို့ ဒန်ကန်က ပြောဆိုခဲ့ပြီး မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ တကယ်ပဲ ဒမ်ဘီလီကို ခေါ်ယူနိုင်မှာလားဆိုတာကို စောင့်ကြည့်ရမှာဖြစ်ပါတယ်။


မန်ချက်စတာယူနိုက်တက်အသင်းဟာ လိုင်ယွန်တိုက်စစ်မှူးဒမ်ဘီလီကို ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ခေါ်ယူနိုင်ဖွယ်ရာရှိနေတယ်လို့ Express သတင်းဌာနက ဖော်ပြသွားခဲ့ပါတယ်။ အဆိုပါ သတင်းဌာနရဲ့ သတင်းထောက်တစ်ဦးဖြစ်သူ ဒန်ကန်ကက်စ်တဲလ်က ဒမ်ဘီလီနဲ့ယူနိုက်တက်တို့ကြားမှာ ဆက်သွယ်မှုတွေရှိနေတယ်လို့ ထုတ်ဖော်ပြောဆိုခဲ့တာဖြစ်ပါတယ်။

ဒမ်ဘီလီဟာလည်း ဇန်နဝါရီမှာ အသင်းပြောင်းရွှေ့ဖို့ စိတ်ဝင်စားမှုတွေရှိတယ်လို့ ဒန်ကန်က ပြောဆိုခဲ့ပြီး မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ တကယ်ပဲ ဒမ်ဘီလီကို ခေါ်ယူနိုင်မှာလားဆိုတာကို စောင့်ကြည့်ရမှာဖြစ်ပါတယ်။ ဒမ်ဘီလီကတော့ ဒီရာသီမှာ လိုင်ယွန်အတွက် ပုံမှန်ကစားခွင့်မရခဲ့ပဲ နည်းပြဟောင်းဆယ်လ်ဗင်ဟိုရဲ့ အလှည့်ကျပွဲထုတ်မှုအောက်မှာ ကစားနေခဲ့ရပါတယ်။

"ကျွန်တော်ကတော့ ယူနိုက်တက်နဲ့ ဒမ်ဘီလီတို့ကြားမှာ အဆက်အသွယ်တွေရှိတယ်ဆိုတာကို ပြောနိုင်ပါတယ်၊ ပြင်သစ်ကစားသမားကလည်း အသင်းပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေတာပါ၊ သူ့အနေနဲ့ ဆောင်းရာသီဈေးကွက်မှာ အသင်းပြောင်းဖို့အတွက် တံခါးဖွင့်ထားပါလိမ့်မယ်၊ သူတို့တွေကြားမှာ လစာငွေနှုန်းထားနဲ့ ပတ်သက်ပြီးတော့ပဲ ဆွေးနွေးရဖွယ်ရှိပါတယ်"

"ဒမ်ဘီလီက ယူနိုက်တက်ဗဟိုတိုက်စစ်ပိုင်းမှာ ထိပ်တန်းအဆင့်ပုံစံနဲ့ ကစားနိုင်မယ့်သူမျိုးပါ၊ သူ့ဘက်ကလည်း ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ဖို့စိတ်ဝင်စားနေပြီး ယူနိုက်တက်ဘက်က သူ့ကို ပစ်မှတ်တစ်ခုအဖြစ်နဲ့ ရွေးချယ်ထားမယ်ဆိုရင် သူ့ဘက်ကလည်း ဒါကို သဘောတူလက်ခံသွားမှာပါ" လို့ ဒန်ကန်က ပြောဆိုသွားခဲ့ပါတယ်။

ယူနိုက်တက်ကတော့ ဒီရာသီမှာ တိုက်စစ်ပိုင်းအားနည်းမှုတွေကြောင့် ရလဒ်ဆိုးတွေနဲ့ ရင်ဆိုင်နေရတဲ့အသင်းဖြစ်ပါတယ်။ လူကာကူနဲ့ ဆန်းချက်ဇ်တို့ကို အသင်းကနေ ထွက်ခွာခွင့်ပြုခဲ့ပေမယ့် ပြန်လည်အားဖြည့်မှုတွေမပြုလုပ်ခဲ့လို့ မာရှယ်နဲ့ ရက်ရှ်ဖို့ဒ်တို့ ဒဏ်ရာရချိန်မှာ အခက်ကြုံနေခဲ့ရပြီး တစ်ပွဲကို တစ်ဂိုးသွင်းနိုင်ဖို့ တော်တော်လေးအားထုတ်နေခဲ့ရပါတယ်။



က္က