ဆော်ဒီကလပ်အယ်လ်နာဆာက ကမ်းလှမ်းမှုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Pyae Phyo Thein

အာဆင်နယ်ရဲ့ လစာအများဆုံးရကစားသမားဖြစ်ပေမယ့်လည်း အူနိုင်းအမ်မရီရော၊ အာတီတာကပါ အိုဇေးလ်ကို ပစ်ပယ်ထားပြီး အသင်းကလည်း စာချုပ်ဖျက်သိမ်းကာ အိုဇေးလ်ကို ထွက်ခွာနေစေချင်တယ်လို့ သိရပါတယ်။


တူရကီသတင်းဌာနများရဲ့ဖော်ပြချက်အရ ဆော်ဒီကလပ်အယ်လ်နာဆာအသင်းဟာ အာဆင်နယ်ကွင်းလယ်လူအိုဇေးလ်ကို တစ်နှစ်လုပ်ခ ပေါင် ၁၅သန်းနဲ့ ကမ်းလှမ်းမှုပြုလုပ်သွားခဲ့တယ်လို့ သိရပါတယ်။ Fanatik ရဲ့ ဖော်ပြမှုမှာ ၂၀၂၁ ခုနှစ်အထိ အာဆင်နယ်နဲ့ စာချုပ်သက်တမ်းရှိနေတဲ့ ကွင်းလယ်လူကို ဆော်ဒီပရိုလိဂ်ကလပ်က ကမ်းလှမ်းခဲ့တာလို့ ဆိုပါတယ်။ 

အယ်လ်နာဆာအသင်းဟာ ဒီနွေရာသီမှာပဲ အိုဇေးလ်ကို ခေါ်ယူချင်နေတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပြောင်းရွှေ့ကြေးအတွက် အာဆင်နယ်နဲ့ သဘောတူညီမှုမရရှိခဲ့ပါက အလွတ်ခေါ်ယူလို့ရမယ့်အချိန်ထိ စောင့်ဆိုင်းသွားမယ်လို့လည်း ဆုံးဖြတ်ထားပြီး အာဆင်နယ်ရဲ့ ဆုံးဖြတ်ချက်က အဓိကကျလာတော့မှာလည်းဖြစ်ပါတယ်။ 


အိုဇေးလ်ကတော့ ပြီးခဲ့တဲ့ရာသီမှာ အာဆင်နယ်အတွက် ၂၃ပွဲကစားပေးခဲ့ရပြီး ပွဲအများစုကိုတော့ အရန်ကစားသမားအဖြစ်နဲ့သာ ပါဝင်ခဲ့ရပါတယ်။ အာဆင်နယ်ရဲ့ လစာအများဆုံးရကစားသမားဖြစ်ပေမယ့်လည်း အူနိုင်းအမ်မရီရော၊ အာတီတာကပါ အိုဇေးလ်ကို ပစ်ပယ်ထားပြီး အသင်းကလည်း စာချုပ်ဖျက်သိမ်းကာ အိုဇေးလ်ကို ထွက်ခွာနေစေချင်တယ်လို့ သိရပါတယ်။

ဒါပေမယ့် ကစားသမားက အာဆင်နယ်မှာသာ ဆက်နေမယ်လို့ အခိုင်အမာပြောဆိုနေခဲ့လို့ အာဆင်နယ်အတွက် အခက်တွေ့နေခဲ့ရပါတယ်။ အိုဇေးလ်ကိုခေါ်ယူချင်တဲ့ အသင်းအနေနဲ့ လစာငွေထက်ဝက်သာ ပေးချေဖို့ အာဆင်နယ်က တောင်းဆိုပြီး ကျန်လစာငွေကို သူတို့ဘက်က စိုက်ထုတ်ပေးမယ်ဆိုတဲ့ ကမ်းလှမ်းမှုမျိုးအထိ ပြုလုပ်ခဲ့တယ်လို့လည်း သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ 


အခုအခါ ဆော်ဒီကလပ်ဘက်က ကမ်းလှမ်းမှုက အာဆင်နယ်အတွက်တော့ ရေငတ်တုန်းရေတွင်းထဲကျဆိုသလိုဖြစ်ခဲ့ရပြီဖြစ်ပါတယ်။ ကစားသမားဘက်ကသာ လက်ခံမယ်ဆိုရင် အာဆင်နယ်က အသင်းကနေရောင်းထုတ်သွားဖို့ အသင့်ရှိနေပြီး အမှန်တကယ်ကမ်းလှမ်းမှု ပြုလုပ်ခဲ့ပါက လက်ခံဖွယ်ရှိတယ်လို့လည်း ယူဆရပါတယ်။ 


Author


က္က