စတားလင်းကတောာ့ မန်စီးတီးနဲ့ ၂၀၂၃ ခုနှစ်အထိ စာချုပ်ရှိပါတယ်။

စတားလင်းရဲ့ ကစားပုံကို လီဗာပူးမှာကတည်းက ကြိုက်နှစ်သက်ခဲ့သူဖြစ်ကြောင်းနဲ့ တချိန်မှာ ကမ္ဘာ့ အကောင်းဆုံးကစားသမားဖြစ်လာမယ်လို့လည်း သုံးသပ်ခဲ့ပါတယ်။

ဘာစီလိုနာအသင်းရဲ့ ကစားသမားဟောင်း ဇာဗီက ဘာစီလိုနာအသင်းရဲ့ နည်းပြပြန်ဖြစ်လာဖို့ သတင်းထွက် ပေါ်နေသူ တစ်ဦးဖြစ်ပါတယ်။

အကယ်၍ ဘာစီလိုနာနည်းပြဖြစ်လာခဲ့ရင် အကောင်းဆုံး ကစားသမားခေါ်ယူမှုအဖြစ် စတားလင်းကို ခေါ်ယူနိုင်ရေး ကြိုးပမ်းသွားမယ်လို့ ဇာဗီက ထုတ်ဖော်ပြောခဲ့တဲ့အကြောင်း Daily Mail သတင်းဌာနက ဖော်ပြလာပါတယ်။

ဇာဗီကတော့ လက်ရှိမှာ ကာတာကလပ် အယ်လ်ဆတ်အသင်းကို တာဝန်ယူကိုင်တွယ်နေပြီး ရလဒ်တွေ ဆိုးရွားနေတဲ့ ဘာစီလိုနာအသင်းရဲ့ လက်ရှိနည်းပြ ဗယ်လ်ဗာဒီနေရာ အစားထိုးမယ့်သူလို့ သတင်းထွက် ပေါ်နေတာပါ။

ဇာဗီက - “ စတားလင်းက ရော်နယ်ဒိုနဲ့မက်ဆီ ခေတ်လွန် တစ်ချိန်မှာ ကမ္ဘာ့အကောင်းဆုံး ကစားသမားဖြစ်လာမှာပါ။သူ့ကစားပုံကို လီဗာပူးမှာကတည်းက သတိထားမိပြီး ကြိုက်နှစ်သက်ခဲ့တာပါ။” လို့ပြောခဲ့ပါတယ်။

စတားလင်းကိုတော့ ဘာစီလိုနာအသင်းရဲ့ အဓိက ပြိုင်ဖက် ရီးရဲမက်ဒရစ်အသင်းကလည်း ခေါ်ယူနိုင်ရေး စောင့်ကြည့်နေတာပါ။



ရီးရဲအသင်းရဲ့ မန်းနေးဂျင်းဒါရိုက်တာ ဂျို့စ်အိန်ဂျယ်ဆန်းချက်ကတော့ နွေရာသီမှာ ရီးရဲကို ကို်ယ်စားပြုနိုင်ရေး ဆွေးနွေးညှိုနှိုင်းမှုတွေ ပြုလုပ်ဖို့ ပြောထားတယ်လို့ သိရပါတယ်။

စတားလင်းကတော့ မနှစ်က ဘောာလုံးရာသီမှာ ကလပ်နဲ့ နိုင်ငံအတွက် ၃၉ ဂိုးအထိသွင်းယူပေးနိုင်ခဲ့သလို ဗြိ တိန်ကစားသမားတွေထဲ ပေါင် သန်း ၁၅၀ နဲ့ တန်ကြေးအမြင့်ဆုံးကစားသမားဖြစ်လာနိုင်သူလို့လည်း သိရပါတယ်။

ဒါပေမယ့်လည်း မန်စီးတီးအသင်းက စတားလင်းကို ၂၀၂၃ ခုနှစ်အထိ တစ်ပတ်လုပ်ခ ပေါင် ၃ သိန်းနဲ့ စာချုပ်သစ်ချုပ်ဆိုထားတယ်လို့လည်း Sports Mail သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။



က္က