မနေ့က အသင်းဥက္ကဌဘာတိုမြူနဲ့ တွေ့ဆုံခဲ့ကြပါတယ်။
Pyae Phyo Thein

မနေ့က တွေ့ဆုံခဲ့မှုတွေအပြီးမှာ အခြေနေတွေပြောင်းလဲခဲ့ပုံရပြီး ဂျော့မက်ဆီက သူ့ရဲ့သားဟာ ဘာစီလိုနာမှာ ဆက်ကစားနိုင်တယ်လို့ သတင်းထောက်တွေကို ပြောဆိုခဲ့တာဖြစ်ပါတယ်။ 


မက်ဆီဟာ ဘာစီလိုနာအသင်းမှာ ဆက်လက်ကစားဖို့အတွက် စဉ်းစားနေတယ်လို့ ကစားသမားရဲ့ ဖခင်ဖြစ်သူက အတည်ပြုပြောဆိုသွားခဲ့ပြန်ပြီဖြစ်ပါတယ်။ အသင်းနဲ့ စာချုပ်သက်တမ်းတစ်နှစ်ကျန်ရှိနေသေးပြီး အဆိုပါသက်တမ်းကုန်ဆုံးတဲ့အထိ မက်ဆီက နူးကမ့်မှာ ဆက်လက်ကစားနိုင်ချေရှိတယ်လို့ ပြောဆိုခဲ့တာပါ။ 

မက်ဆီဟာ ဘာစီလိုနာကနေ ထွက်ခွာဖို့တောင်းဆိုထားသူဖြစ်ပြီး မန်စီးတီးကို ပြောင်းရွှေ့မယ်လို့ သတင်းတွေကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေတာလည်းဖြစ်ပါတယ်။ ဒါပေမယ့်လည်း မနေ့က တွေ့ဆုံခဲ့မှုတွေအပြီးမှာ အခြေနေတွေပြောင်းလဲခဲ့ပုံရပြီး ဂျော့မက်ဆီက သူ့ရဲ့သားဟာ ဘာစီလိုနာမှာ ဆက်ကစားနိုင်တယ်လို့ သတင်းထောက်တွေကို ပြောဆိုခဲ့တာဖြစ်ပါတယ်။ 

မက်ဆီအသင်းမှာ ဆက်ရှိနေနိုင်လားဆိုတဲ့မေးခွန်းကို ဂျော့မက်ဆီက "ဖြစ်နိုင်တယ်" လို့ ဖြေဆိုခဲ့ကြောင်း Deportes Cuatro သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ ဘာစီလိုနာဥက္ကဌ ဂျိုးဆက်ဘာတိုမြူနဲ့ တွေ့ဆုံခဲ့ရာမှာလည်း "သူတို့တွေ့ဆုံမှုက အရမ်းကောင်းမွန်တယ်" လို့ ဖြည့်စွက်ပြောကြားခဲ့ကြောင်း သိရပြီး ဘာစီလိုနာပရိသတ်တွေအတွက် သတင်းကောင်းဖြစ်လာခဲ့ပါတယ်။

မက်ဆီကိုယ်တိုင်ကတော့ သူ့အနာဂတ်ကို လူသိရှင်ကြားထုတ်ဖော်ပြောဆိုမှု တစ်စုံတစ်ရာပြုလုပ်ထားခြင်းမရှိသေးပါဘူး။ ဒါပေမယ့်လည်း အသငး်နဲ့အတူ ရာသီကြိုပြင်ဆင်မှုတွေပြုလုပ်ဖို့ ဆေးစစ်ခဲ့ရာမှာရော၊ အသင်းလေ့ကျင့်ခန်းအစီအစဉ်မှာပါ လက်ရှိအချိန်ထိ မက်ဆီက ပါဝင်ခြင်းမရှိသေးဘဲ သူ့အနာဂတ်က သေချာပေါက်ပြောဆိုလို့မရသေးတဲ့ အခြေအနေအဖြစ်ရှိနေပါတယ်။ 


Author


က္က