ကာဗာနီကို အလွတ်ရမှာ ဖြစ်ပေမယ့် လုခကတော့ မြင့်မားနေပါတယ်။
Kyaw Ko Ko Sint

ကာဗာနီကိုယ်တိုင်က ရီးရဲကို ဆက်သွယ်ခဲ့တာဖြစ်ပြီး ရီးရဲကလည်း ကာဗာနီကို အလွတ်နဲ့ ခေါ်ယူနိုင်ဖို့ စိတ်ဝင် စားနေတယ်လို့သိရပါတယ်။

ကာဗာနီကတော့ ယခုနွေရာသီစျေးကွက်မှာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားလို့ လက်ရှိမှာ အလွတ်ခေါ်ယူနိုင်မယ့် ကစားသမားအဖြစ် ရှိနေပါတယ်။

အသက် ၃၃နှစ်ရှိပြီဖြစ်တဲ့ ကာဗာနီကို လက်ရှိမှာ စိတ်ဝင်စားနေတဲ့ အသင်းတွေ ရှိပေမယ့်လည်း ကစားသမားရဲ့ တန်ဖိုးအရ လစာမြင့်မားနေပြီး တစ်နှစ်ကို အနည်းဆုံး လုပ်ခအဖြစ် ပေါင်၆.၄သန်းလောက် ပေးချေရမှာဖြစ်ပါ တယ်။

ဒါကြောင့် ကစားသမားကိုယ်တိုင်က သူ့ကို လစာပေးချေနိုင်ဖို့ ရှိနေတဲ့ ရီးရဲမက်ဒရစ်အသင်းကို ကိုယ်တိုင် ဆက်သွယ်ခဲ့ပြီး ရီးရဲအသင်းကလည်း ခေါ်ယူဖို့ ဆန္ဒရှိနေတယ်လို့ စပိန်သတင်းဌာန Marca ကဖော်ပြလာပါတယ်။

ကာဗာနီကို စိတ်ဝင်စားနေတဲ့ အခြားအသင်းတွေရှိပြီး ဂျူဗင်တပ်၊ရိုးမား၊ဘင်ဖီကာနဲ့ ဘရာဇီးကလပ် ဂရီမီရို အ သင်းတို့ ဖြစ်ပါတယ်။

လက်ရှိမှာ ကစားသမားက လေ့ကျင့်ခန်းကို တစ်ဦးတည်း သီးသန့်သာ နေထိုင် ပြုလုပ်နေပြီး ခေါ်ယူမယ့် အသင်းကို စောင့်နေပါတယ်။

ကာဗာနီဟာ ပြင်သစ်ကလပ်မှာရှိစဥ် လီဂူးဝမ်းဆုဖလား ၆ကြိမ်၊ ပြင်သစ်ဖလား ၄ကြိမ်နဲ့ပြင်သစ်လိဂ်ဖလား ၅ကြိမ်တို့ကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ဒါ့အပြင် တစ်ဦချင်း စွမ်းဆောင်ရည်အဖြစ် အသင်းနဲ့အတူ ပြိုင်ပွဲစုံ ပွဲပေါင်း ၃၀၁ပွဲမှာ ဂိုးပေါင်း ၂၀၀ကို သွင်းယူ ပေးနိုင်ခဲ့ပါတယ်။

တစ်ရာသီအတွင်းမှာလည်း ၄၄ဂိုးအထိသွင်းနိုင်ခဲ့တဲ့ ရာသီထိရှိခဲ့ပြီး ပီအက်စ်ဂျီအသင်းသမိုင်းမှာ တစ်ရာသီ သွင်းဂိုးအများဆုံး ကစားသမားအဖြစ် အီဗရာဟီမိုဗစ်ကို ကျော်ဖြတ်ကာ စံချိန်တင်ထားနိုင်သူလည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က