စပိန်သတင်းဌာနများက ဖော်ပြခဲ့ကြတာပါ။

အသက် (၁၉)နှစ်အရွယ် ကစားသမားကို ဥရောပထိပ်တန်းအသင်းတွေက စိတ်ဝင်စားနေခဲ့ပြီးနောက် အက်သလက်တီကိုမက်ဒရစ်က လက်ဦးမှု ရယူသွားနိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။


ဘင်ဖီကာကြယ်ပွင့် ဂျာအိုဖီးလစ်ဟာ အက်သလက်တီကိုမက်ဒရစ်အသင်းကို ပြောင်းရွှေ့ဖို့အတွက် ဆေးစစ်ဆေးမှုတွေ ပြုလုပ်သွားပြီးခဲ့ပြီလို့ Daily Mail က ဖော်ပြသွားခဲ့ပါတယ်။ အသက် (၁၉)နှစ်အရွယ် ကစားသမားကို ဥရောပထိပ်တန်းအသင်းတွေက စိတ်ဝင်စားနေခဲ့ပြီးနောက် အက်သလက်တီကိုမက်ဒရစ်က လက်ဦးမှု ရယူသွားနိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။

မန်ချက်စတာမြို့ခံကလပ်အသင်းနှစ်သင်းဖြစ်တဲ့ မန်စီးတီး နဲ့ ယူနိုက်တက်တို့ကလည်း ဂျာအိုဖီးလစ်ကို စိတ်ဝင်စားနေခဲ့တာဖြစ်ပြီး အက်သလက်တီကိုက အနိုင်ယူနိုင်ခဲ့တာလည်း ဖြစ်တယ်လို့ Football Espana ရဲ့ ဖော်ပြချက်ကို ကိုးကားပြီး Daily Mail က ရေးသားခဲ့ပါတယ်။ တနင်္လာနေ့ကလည်း စပိန်သတင်းစာ Marca က အက်သလက်တီကိုအနေနဲ့ ဂျာအိုဖီးလ်စကို ပေါင် (၁၀၇)သန်းနဲ့ ခေါ်ယူနိုင်ဖို့ နီးစပ်ခဲ့ပြီလို့ ဖော်ပြခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီမှာ ဘင်ဖီကာအတွက် ပြိုင်ပွဲစုံ (၄၃)ပွဲအထိ ကစားပေးခဲ့ပြီး သွင်းဂိုး (၂၀) နဲ့ ဂိုးဖန်တီးမှု (၁၁)ကြိမ်အထိ ဂျာအိုဖီးလစ်က ပြုလုပ်နိုင်ခဲ့ပါတယ်။ ဂျာအိုဖီးလစ်ဟာ သူ့ရဲ့အေးဂျင့် ဂျော့မန်ဒက်စ်နဲ့အတူ မက်ဒရစ်မြို့ကို ရောက်ရှိနေခဲ့တဲ့ ဓာတ်ပုံတွေ မနေ့ကလည်းပေါ်ထွက်ခဲ့ပြီး အက်သလက်တီကိုမက်ဒရစ်မှာ ဆေးစစ်မှုခံယူခဲ့ရဖွယ်ရှိတယ်လို့ ခန့်မှန်းရပါတယ်။

ဂရစ်ဇ်မန်းကိုထွက်ခွာခွင့်ပေးထားရတဲ့ အက်သလက်တီကိုက ဂရစ်ဇ်မန်းအတွက် ရရှိမယ့် ပြောင်းရွှေ့ကြေးကို ဂျာအိုဖီးလစ်အတွက် ပြန်လည်အသုံးပြုခဲ့တာ ဖြစ်ပါတယ်။ ဂျာအိုဖီးလစ်ကို ဂရစ်ဇ်မန်းနေရာမှာ အစားထိုးဖို့ ဆီမြွန်နီက ရည်ရွယ်ခဲ့ဟန်ရှိပြီး မက်ထရိုပိုလီတန်နိုအသင်းမှာ အံဝင်လာမလားဆိုတာကိုတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ဂျာအိုဖီးလစ်ဟာ ပေါ်တူဂီအသင်းအတွက် နေးရှင်းလိဂ်ဆီမီးဖိုင်နယ်မှာ ပွဲထွက်ပါဝင်ကစားခွင့်ရရှိခဲ့သူ ဖြစ်ပါတယ်။ ဗိုလ်လုပွဲစဉ်မှာတော့ ချန်လှပ်ခံခဲ့ရပေမယ့် အသင်းနဲ့ ဆုဖလားကိုင်မြှောက်နိုင်ခဲ့ပြီး ပေါ်တူဂီရဲ့ စီရော်နယ်ဒိုလက်သစ်ကစားသမားလို့လည်း တင်စားခံနေရသူ ဖြစ်ပါတယ်။ အက်သလက်တီကိုအသင်းက ဂျာအိုဖီးလစ်ကို ခေါ်ယူနိုင်တဲ့ သတင်းကို လာမယ့်ရက်ပိုင်းအတွင်းမှာ ကြေညာသွားဖွယ်လည်း ရှိနေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က