လာမယ့် နွေရာသီမှာ လက်ရှိ ကလပ်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမှာပါ။

ကာဗာနီက ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်းလာမယ့် နွေရာသီမှာ ပြည့်မှာ ဖြစ်ပြီး အက်သလက်တီကိုနဲ့ သဘောတူညီမှု ကြိုရထားတာလို့သိရပါတယ်။

ပီအက်စ်ဂျီအသင်းရဲ့ ဥရုဂွေး တိုက်စစ်မှူး ကာဗာနီအနေနဲ့ စပိန်ကလပ် အက်သလက်တီကိုအသင်းနဲ့ ၃ နှစ် သဘောတူညီမှု ရခဲ့ပြီလို့ The Sun သတင်းဌာနကဖော်ပြလာပါတယ်။

လာမယ့် နွေရာသီမှာ လက်ရှိ ကလပ်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမှာ ဖြစ်လို့ အက်သလက်တီကိုအနေနဲ့ အလွတ်ခေါ်ယူနိုင်ဖို့ ရှိနေခဲ့တာပါ။



အခုသတင်းကိုတော့ အီတလီ သတင်းဌာန တစ်ခုဖြစ်တဲ့ Sky Sports Italia က ဖော်ပြလာတာ ဖြစ်ပြီး ဒေးဗစ် ဘက်ခမ်းရဲ့ အင်တာမီယာမီနဲ့ အီတလီစီးရီးအေကလပ် အင်တာမီလန်တို့ကလည်း အလိုရှိနေခဲ့တာလို့သိရပါ တယ်။

ဒါပေမယ့်လည်း ကာဗာနီအနေနဲ့ အက်သလက်တီကိုနဲ့ အစောကတည်းက သဘောတူညီမှု ရထားနှင့်ပြီလို့ ဆိုလာ တာပါ။

ကာဗာနီကတော့ ပီအက်စ်ဂျီအသင်းရဲ့ ဂိုးအများဆုံး သွင်းယူထားနိုင်သူအဖြစ် ရပ်တည်နေတာ ဖြစ်ပြီး လက်ရှိ မှာတော့ ဒဏ်ရာကြောင့်အနားယူနေရကာ ၂၀၂၀ မတိုင်ခင်အထိ ပြန်ကစားနိုင်မှာ မဟုတ်ဘူးလို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က