ဆာလက်ဒ်အနေနဲ့ ၂၀၁၈ ချန်ပီယံလိဂ်ဗို်လ်လုပွဲမှာ ရီးရဲလ်ပြိုင်ဘက်အဖြစ်ရင်ဆိုင်ခဲ့ရပါသေးတယ်။
Win Kyaw Min

၂၀၁၈ ချန်ပီယံလိဂ်ဗိုလ်လုပွဲစဉ်မတိုင်မီကတည်းက ဆာလက်ဒ်ကို ခေါ်ယူဖို့အတွက် ရီးရဲလ်ဥက္ကဋ္ဌပီရက်ဇ်ကိုယ် တိုင် ချဉ်းကပ်ခဲ့တာလည်းဖြစ်ပါတယ်။

စပိန်ထိပ်သီးရီးရဲလ်အသင်းအနေနဲ့ ရိုးမားအသင်းကနေ လီဗာပူးအသင်းကိုပြောင်းရွှေ့ရောက်ရှိခဲ့တဲ့ တစ်နှစ်အ တွင်း ခြေစွမ်းပြနိုင်ခဲ့တဲ့ ဆာလက်ဒ်ကို ၂၀၁၈ ခုနှစ်အတွင်းက ခေါ်ယူနိုင်ဖို့အတွက်တိတ်တဆိတ်ချဉ်းကမ်းမှုများ ရှိခဲ့တယ်လို့ အီဂျစ်နည်းပြဟောင်းရဲ့ ထုတ်ဖော်ပြောဆိုမှုကို goal.com ကဖော်ပြ လာပါတယ်။

၂၀၁၇-၁၈ ဘောလုံးရာသီတွင် ရိုးမားအသင်းကနေတဆင့် လီဗာပူးအသင်းဆီကို ယူရိုသန်း ၅ဝဝန်းကျင်နဲ့ရော က်ရှိလာခဲ့တဲ့ ဆာလက်ဒ်ဟာ ပထမဦးဆုံးဘောလုံးရာသီမှာတင် ပြိုင်ပွဲစုံ ၅၂ပွဲကစားပြီး ၄၄ ဂိုးအထိသွင်းယူနိုင် ခဲ့ခြင်းကြောင့် ဥရောပထိပ်သီးအသင်းအများစုရဲ့ မျက်စိကျခြင်းကို ခံခဲ့ရတာလည်းဖြစ်ပါတယ်။



“ ဆာလက်ဒ်က တကယ်ကိုရည်မှန်းချက်ကြီးမားသူပါ။ ဒါပေမဲ့ ဆုံးဖြတ်ချက်ကိုတော့ စိတ်ဆန္ဒထက် ဖြစ်သင့် တာကို ဆုံးဖြတ်လေ့ရှိပါတယ်။ လီဗာပူးကိုရောက်ခါစမှာ ရီးရဲလ်ရဲ့စိတ်ဝင်စားခြင်းကိုခံခဲ့ရသလို ကမ်းလှမ်းမှုအ ချို့ကိုလည်း ရရှိထားခဲ့သူပါ။ ဒါပေမဲ့ ကစားသမားဘဝရှေ့ရေးအတွက် အန်ဖီးလ်ကိုရွေးချယ်ပြီး ရီးရဲလ်ကိုငြင်း ဆန်ခဲ့တာလည်းဖြစ်ပါတယ် ” အီဂျစ်လက်ရွေးစင်အသင်းလက်ထောက်နည်းပြဟောင်းရမ်ဇီက ဆိုခဲ့တာပါ။

တစ်နှစ်အတွင်းခြေစွမ်းပို်င်းတိုးတက်မှုများကြောင့် ဥရောပအသင်းအများစုရဲ့ ကမ်းလှမ်းမှုကို လက်ခံခဲ့ရပေမယ့် ဆာလက်ဒ်အနေနဲ့ နည်းပြဂျာဂင်ကလော့ပ်ရဲ့လက်အောက်မှာ ဆက်လက်ကစားလိုတဲ့အတွက် ရီးရဲလ်အသင်း အပါအဝင် အခြားသောကမ်းလှမ်းမှုအားလုံးကို ငြင်းဆန်ပယ်ချခဲ့တယ်လို့လည်း သိရပါတယ်။

လီဗာပူးနဲ့အတူ အလျင်အမြန်အထိုင်ကျပြီး ခြေစွမ်းပြနို်င်ခဲ့တဲ့ ဆာလက်ဒ်ဟာ ၂၀၁၈-၁၉ ဘောလုံးရာသီ ဥရော ပချန်ပီယံလိဂ်ရရှိခဲ့ရာမှာလည်း အဓိကစွမ်းဆောင်နိုင်ခဲ့ပြီး လက်ရှိရာသီမှာလည်း နှစ် ၃ဝအကြာဆုံးရှုံးခဲ့တဲ့အမှ တ်ပေးချန်ပီယံဆုကို ပြန်လည်ရယူနိုင်ဖို့အတွက်လည်း အကောင်းဆုံးစွမ်းဆောင်ပေးထားနိုင်ဆဲလည်းဖြစ်ပါတ ယ်။


Author

  • Win Kyaw Min

က္က