၀ါရင့်တိုက်စစ်မှူးကို သူ့အစီအစဉ်တွေမှာ မထည့်သွင်းဘူးလို့အသိပေးခဲ့တာပါ။
Pyae Phyo Thein

ကိုးမန်းက ဆွာရက်ဇ်ကို ခေါ်ယူခဲ့ပြီး သူ့ရဲ့လာမယ့်စီမံကိန်းတွေ အကြောင်းကို ရှင်းပြခဲ့ကာ ဆွာရက်ဇ်ရဲ့ အခန်းကဏ္ဍမပါဝင်တော့ဘူးလို့ အသိပေးခဲ့တာလည်းဖြစ်ပါတယ်။ 


ဘာစီလိုနာအသင်းရဲ့ နည်းပြသစ်ရော်နယ်ကိုးမန်းဟာ သူ့ရဲ့အသင်းမှာ ဆွာရက်ဇ်အတွက် နေရာမရှိတော့ဘူးလို့ ပြောဆိုခဲ့ကြောင်း စပိန်သတင်းဌာနာတစ်ခုဖြစ်တဲ့ RAC1 က ဖော်ပြခဲ့ပါတယ်။ ကိုးမန်းက ဆွာရက်ဇ်ကို ခေါ်ယူခဲ့ပြီး သူ့ရဲ့လာမယ့်စီမံကိန်းတွေ အကြောင်းကို ရှင်းပြခဲ့ကာ ဆွာရက်ဇ်ရဲ့ အခန်းကဏ္ဍမပါဝင်တော့ဘူးလို့ အသိပေးခဲ့တာလည်းဖြစ်ပါတယ်။ 

ဆွာရက်ဇ်နည်းတူ ၀ါရင့်ကစားသမားတွေဖြစ်တဲ့ ရာကီတစ်၊ ဗီဒယ် နဲ့ နောက်ခံလူအမ်တီတီတို့ကိုလည်း ကိုးမန်းက အထက်ပါအတိုင်းပြောဆိုခဲ့တယ်လို့ သိရပါတယ်။ တစ်ဖက်မှာတော့ အငှားချထားတဲ့ ကော်တင်ဟိုကို ပြန်လည်ခေါ်ယူသွားမှာဖြစ်ပြီး ဘက်ကွက်စ်၊ ပီကေးနဲ့ အယ်လ်ဘာတို့လို စပိန်ကစားသမားတွေကိုတော့ အသင်းဥက္ကဌဘာတိုမြူရဲ့ တောင်းဆိုမှုကြောင့် ဆက်လက်ထားရှိသွားမယ်လို့ သိရပါတယ်။ 

ဘာစီလိုနာအတွက် ၆ နှစ်ကြာကစားပေးထားခဲ့တဲ့ ဆွာရက်ဇ်ဟာ ပြိုင်ပွဲစုံ ၂၈၃ ပွဲမှာ ၁၉၈ ဂိုးအထိ သွင်းယူပေးထားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ရာသီမှာ ဒဏ်ရာပြသနာတွေရှိခဲ့ပြီး ရုန်းကန်ခဲ့ရကာ ၃၆ ပွဲကစားပြီး ၂၁ ဂိုးသွငး်ယူနိုင်ခဲ့မှုက သူ့ရဲ့ ဘာစီလိုနာကစားသမားဘဝမှာ ပွဲအရေအတွက်အနည်းဆုံးကစားပြီး ဂိုးအနည်းဆုံးသွင်းယူနိုင်တဲ့ ရာသီဖြစ်လာခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကပဲ ဆွာရက်ဇ်ကိုယ်တိုင်က သူ့အနေနဲ့ အသင်းမှာအရန်ကစားသမားအဖြစ်နဲ့သာရှိနေရမယ်ဆိုရင်လည်း ဘာပြသနာမှမရှိဘူးလို့ ပြောဆိုခဲ့ကြောင်း Marca က ဖော်ပြခဲ့ပါတယ်။ "အခုချိန်ထိတော့ ကျွန်တော့်ကိုမလိုတော့ဘူးလို့ အသင်းကဘယ်သူမှမပြောသေးပါဘူး၊ အရန်အဖြစ်နဲ့ပဲရှိမယ်ဆိုလည်း ပြသနာမရှိပါဘူး၊ အသင်းမှာဆက်နေသွားမှာပါ" လို့ ဆွာရက်ဇ်က ပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။ 


Author


က္က