ယခင်နည်းပြ စတိဗ်ဘိုးလ်ရဲ့နေရာမှာ အစားထိုးခဲ့တာပါ။

အသက် ၄၂ နှစ်အရွယ် ယွန်းဘတ်ကတော့ အာစင်ဝင်းဂါးလက်ထက်မှာ အဓိကအားထားရတဲ့ ကစားသမားဖြစ်ခဲ့ပြီး နည်းပြဘဝကိုတော့ အာဆင်နယ် ယူ-၁၆ အသင်းနဲ့စတင်ခဲ့သူပါ။

အာဆင်နယ်အသင်းကတော့ နည်းပြ အူနိုင်းအမ်မရီရဲ့ လက်ထောက်နည်းပြ ရာထူးအတွက် အသင်းရဲ့ ဂန္တဝင် ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ ဖရန့်ယွန်းဘတ်ကို ခန့်အပ်ခဲ့တယ်လို့ BBC SPORT သတင်းဌာနက ဖော်ပြ လာပါတယ်။



ယွန်းဘတ်အနေနဲ့ လက်ရှိအာဆင်နယ်အသင်းရဲ့ လက်ထောက်နည်းပြ စတိဗ်ဘိုးလ်ရဲ့ နေရာကို အစားထိုး ဝင်ရောက်လာတာဖြစ်ပြီး မူလက အာဆင်နယ် ယူ-၂၃ အသင်းကို နည်းပြ အဖြစ် တာဝန်ယူနေသူလည်း ဖြစ်ပါတယ်။

အာဆင်နယ် ကစားသမားဟောင်း ယွန်းဘတ်ဟာ ကစားသမားဘဝမှာ အာဆင်နယ်အသင်းအတွက် ၂၁၄ ပွဲ ပါဝင်ကစားပေးခဲ့ပြီး ၄၆ ဂိုးထိသွင်းယူပေးနိုင်ခဲ့တဲ့ ကွင်းလယ်လူတစ်ဦးလည်း ဖြစ်ပါတယ်။

အခုလို နည်းပြ အမ်မရီနဲ့ လက်တွဲခွင့်ရတဲ့အပေါ်မှာတော့ အရမ်းစိတ်လှုပ်ရှားနေတယ်လို့ အာစင်ဝင်းဂါးလက်အောက်မှာ အဓိက ကစားသမားဖြစ်ခဲ့ဖူးတဲ့ ယွန်းဘတ်က ဆိုပါတယ်။

အသက် ၄၂ နှစ်ရှိပြီဖြစ်တဲ့ ယွန်းဘတ်ဟာ နည်းပြဘဝကိုအာဆင်နယ် ယူ-၁၆ အသင်းနဲ့ စတင်ခဲ့ပြီး လက်ရှိမှာတော့ အသင်းကြီးမှာ လက်ထောက်နည်းပြ ဖြစ်လာခဲ့တာပါ။

အာဆင်နယ်အသင်းအနေနဲ့မူလ လက်ထောက်နည်းပြ စတိဗ်ဘိုးလ်ကိုတော့ အကယ်ဒမီသင်တန်းကျောင်းကို တာဝန်ယူစေဖို့ လွဲှပြောင်းတာဝန်ပေးခဲ့တယ်လို့ သိရပါတယ်။

စတိဗ်ကတော့ အာစင်ဝင်းဂါးရဲ့ လက်ထောက်နည်းပြအဖြစ် ၂၀၁၂ မှာ ဖြစ်မလာခင်ကတည်းက အကယ်ဒမီမှာ ၁၁ နှစ်ကြာ တာဝန်ယူနေခဲ့သူဖြစ်ပြီး မနှစ်ကတော့ အမ်မရီရဲ့ လက်ထောက်နည်းပြအဖြစ်ဆက်လက်တာဝန်ယူ ခဲ့သူပါ။

အာဆင်နယ်အသင်းကတော့ ဒီနှစ်လူဝယ်ရာသီမှာ ကစားသမားတစ်ဦးမှ ခေါ်ယူနိုင်ခြင်း မရှိသေးပဲ အခုလို နည်းပြ အပြောင်းအလဲကတော့ အသင်းရဲ့ ဒီရာသီ အစ ပထမဆုံး အပြောင်းအလဲလည်း ဖြစ်လာခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က