loading...

loading...

loading...

မန်စီးတီးနဲ့ကစားမယ့် ပွဲကြို သတင်းစာရှင်းလင်းပွဲမှာ ပြောသွားတာပါ။
Kyaw Ko Ko Sint

မန်ယူကို ရောက်လာကတည်းက ကြီးမားတဲ့ စိန်ခေါ်မှုဆိုတာ သိထားပြီး အရှုံးဆိုတာ နည်းပြတိုင်း ရင်ဆိုင်ရတဲ့ အခြေအနေဖြစ်လို့ မမှုပဲ ရှေ့ဆက်သွားမယ်လို့ ဆိုးလ်ရှားက ပြောခဲ့ပါတယ်။

မန်ယူအသင်းရဲ့ နည်းပြ ဆိုးလ်ရှားက မိမိအနေနဲ့ အသင်းမှာရှိတဲ့ ကစားသမားတွေအားလုံးကို ချစ်ခင်ပေမယ့်လည်း အသင်းအနာဂတ်အတွက် အိုးထရက်ဖို့ဒ်မှ ာမရှိသင့်တော့တဲ့သူတွေကိုတော့ ရောင်းထုတ်သွားရတော့မယ်လို့ မန်စီးတီးနဲ့ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပြောသွားခဲ့ကြောင်း Daily Mail ကဖော်ပြပါတယ်။

လက်ရှိမှာ မန်ယူအသင်းအနေနဲ့ ပြိုင်ပွဲစုံ နောက်ဆုံး ၈ ပွဲကစားရာမှာ ၆ ပွဲအထိ ရှုံးနိမ့်ခဲ့ပြီး နောက်ဆုံး ကစားခဲ့တဲ့ အဲဗာတန်နဲ့ပွဲမှာ ၄-၀ နဲ့ အရေးနိမ့်ခဲ့ပါတယ်။ ဒါကြောင့်လည်း ပရီးမီးယားလိဂ် အဆင့် ၄ အတွင်းဝင်ဖို့ မနက်ဖြန်မှာ ကစားဖို့ရှိတဲ့ မန်ချက်စတာ ဒါဘီပွဲနဲ့ လီဗာပူးနဲ့ပွဲတို့က အရေးပါနေခဲ့ပြီ ဖြစ်ပါတယ်။

“ သူတို့ကို ကျွန်တော်ချစ်ပါတယ်၊ ဒါပေမယ့် အခုချိန်မှာ ကျွန်တော် ဆုံးဖြတ်ချက်အချို့ချရပါတော့မယ်။ အသင်းကို နည်းပြနေပေမယ့် ကစားသမားတွေကို ကူညီနေတာပါ၊ အခုတော့ အသင်းအတွက် လုပ်ဆောင်ရတော့မယ်၊ မှန်ကန်တဲ့အရာကို လုပ်ဆောင်ရမှာ ဖြစ်ပေမယ့် ဒါက တစ်သင်းလုံးကို ပြောင်းလဲပစ်မှာတော့ မဟုတ်ပါဘူး။ ကစားသမားအဝင်အထွက်တော့ နည်းနည်းရှိလာမှာပေါ့၊” လို့ ဆိုးလ်ရှားက ပွဲကြို သတင်းစာရှင်းလင်းပွဲမှာ ပြောသွားတာပါ။

ဆက်လက်ပြီး ဆိုးလ်ရှားအနေနဲ့ မန်ယူကို အမှန်တကယ် ဦးဆောင်နိုင်သူလို့ ကိုယ့်ကိုယ်ကို ထင်မြင်မိလား ဆိုတဲ့ မေးခွန်းအပေါ်မှာလည်း - “ ကျွန်တော့်အသင်းကို ယုံကြည်သလို၊ ကိုယ်တိုင်လည်း ယုံကြည်မှု အပြည့်ရှိပါတယ်၊ စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ အဆင်သင့်ပါပဲ၊ ဒီကို စရောက်လာကတည်းက ကြီးမားတဲ့ စိန်ခေါ်မှုဆိုတာ သိထားပြီးသားပါ၊ စက္ကန့်တစ်ခုစီတိုင်းမှာ ကျွန်တော် အမြဲတမ်း ရှေ့ဆက်သွားနေပါတယ်၊ ရှုံးတာကို မကြိုက်ပေမယ့် ဒါက နည်းပြတိုင်း ရင်ဆိုင်ရတဲ့ စိန်ခေါ်မှုဖြစ်တဲ့အတွက် မမှုပါဘူး။” လို့လည်း ဆိုးလ်ရှားက ဖြေကြားခဲ့တယ်လို့ Daily Mail က ဆက်လက် ဖော်ပြထားပါတယ်။

မန်ယူကတောာ့ အဆင့် ၆ နေရာမှာ ရပ်တည်နေပြီး မနက်ဖြန်ည (မြန်မာစံတော်ချိန် ကြာသပတေး နံနက် ၁ နာရီခွဲ)မှာ မြို့ခံပြိုင်ဖက် မန်စီးတီးကို အိမ်ကွင်း ဧည့်ခံကစားရမှာပါ။


loading...

က္က