အန်ဒွန်ဘီလီကတော့ စပါးရဲ့ ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးရှင်ဖြစ်ပါတယ်။
Pyae Phyo Thein

မော်ရင်ဟိုကတော့ အန်ဒွန်ဘီလီကို ကြိုက်နှစ်သက်ခြင်းမရှိဘဲ အသင်းအတွက်ကစားခွင့်ရဖို့ ကြိုးစားရမယ်လို့ သတိပေးပြောဆိုခဲ့ဖူးပါတယ်။


အန်ဒွန်ဘီလီကို ရမ်ဆေးနဲ့ လဲလှယ်သွားဖို့အတွက် ဂျူဗင်တပ်စ်အသင်းဘက်က ကမ်းလှမ်းခဲ့မှုကို တော့တင်ဟမ်က ပယ်ချလိုက်ပါတယ်။ The Telegraph ရဲ့ ဖော်ပြချက်အရ ဂျူဗီဟာ မော်ရင်ဟိုလက်အောက်မှာ နေရာမရရှိသေးတဲ့ အန်ဒွန်ဘီလီကို စိတ်ဝင်စားနေပြီး ရမ်ဆေးနဲ့လဲလှယ်သွားချင်နေတာဖြစ်ပါတယ်။ 

လက်ရှိမှာလည်း အန်ဒွန်ဘီလီဟာ ပြန်လည်စတင်ခဲ့တဲ့ အမှတ်ပေးပွဲတွေမှာ လူစားဝင်တစ်ပွဲတည်းသာ ပါဝင်ကစားခွင့်ရရှိထားခဲ့ပါတယ်။ ရမ်ဆေးကလည်း ဂျူဗီမှာ ပုံမှန်ကစားခွင့်ဆုံးရှုံးနေပြီး အသင်းကပြန်လည်ထွက်ခွာဖို့အတွက် စဉ်းစားနေတာကြောင့် ဂျူဗီက သူတို့အလိုရှိနေတဲ့ ကစားသမားကိုခေါ်ယူရာမှာ အသုံးချချင်နေတာဖြစ်ပါတယ်။ 

အန်ဒွန်ဘီလီကတော့ ဒီရာသီအစကမှ တော့တင်ဟမ်ကိုကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ရောက်ရှိလာခဲ့သူဖြစ်ပါတယ်။ သူ့အတွက်လိုင်ယွန်ကို ပေါင် ၅၃.၈သန်းအထိ စပါးကပေးချေခဲ့ရတာဖြစ်ပြီး ပြင်သစ်ကွင်းလယ်လူဟာ ပိုချက်တီနိုထွက်ခွာခဲ့ရပြီးနောက် ပုံမှန်ကစားခွင့်ရရှိဖို့ကို ရုန်းကန်နေရသူလည်းဖြစ်ပါတယ်။

မော်ရင်ဟိုကတော့ အန်ဒွန်ဘီလီကို ကြိုက်နှစ်သက်ခြင်းမရှိဘဲ အသင်းအတွက်ကစားခွင့်ရဖို့ ကြိုးစားရမယ်လို့ သတိပေးပြောဆိုခဲ့ဖူးပါတယ်။ လက်ရှိမှာတော့ စပါးဟာ ဥရောပဝင်ခွင့်အတွက်ရုန်းကန်နေရပြီး နောက်ဆုံးကစားခဲ့တဲ့ပွဲမှာလည်း ရှက်ဖီးယူနိုက်တက်ကို ၃-၁ နဲ့ အရေးနိမ့်ထားခဲ့ပြီး မော်ရင်ဟိုအတွက် စိတ်ပျက်စရာကာလတွေကရှိနေဆဲဖြစ်ပါတယ်။ 


Author


က္က