အသက် ၃၂နှစ်အရွယ်ရှိပါပြီ။

ဝီလီယံအနေနဲ့ အာဆင်နယ်နဲ့အတူ ၃နှစ်စာချုပ်ချုပ်ဆိုမယ်လို့ သိရပြီး တစ်ပတ်လုပ်ခ ပေါင် တစ်သိန်းခန့် ရရှိမယ်လို့ သတင်းထွက်ပေါ်နေပါတယ်။

ချဲလ်ဆီးနဲ့ လမ်းခွဲလိုက်ပြီလို့ တရားဝင်ကြေညာလိုက်တဲ့ ဝီလီယံကို အာဆင်နယ်အသင်း ဆေးစစ်မှုတွေ လုပ်ဆောင်ထားပြီ ဖြစ်ပြီး ယခုတစ်ပတ်ထဲမှာပဲ အပြီးသတ် ခေါ်ယူနိုင်ဖို့ ပြင်ဆင်လျက်ရှိနေပြီလို့ သိရပါတယ်။



အသက် ၃၂နှစ်အရွယ် ဝီလီယံအနေနဲ့ တနင်္ဂနွေနေ့က ချဲလ်ဆီးအသင်းကနေ အပြီးသတ် ထွက်ခွာလာပြီလို့ ကြေညာခဲ့ပြီးတဲ့နောက် အာဆင်နယ်အသင်းနဲ့ ဆေးစစ်မှု ခံယူခဲ့တာလည်း ဖြစ်ပါတယ်။

ထွက်ပေါ်နေတဲ့ သတင်းတွေအရ အာဆင်နယ်အသင်းနဲ့အတူ ၃နှစ်စာချုပ်ချုပ်ဆိုသွားမှာ ဖြစ်ပြီး တစ်ပတ်လုပ်ခ ပေါင် တစ်သိန်းခန့် ရရှိမယ်လို့လည်း သိရပါတယ်။

Evening Standard သတင်းဌာနရဲ့ ဖော်ပြချက်အရ အာဆင်နယ် အသင်းအနေနဲ့ ဝီလီယံကို အလွတ်ပြောင်းရွှေ့ ကြေးနဲ့ ခေါ်ယူနိုင်မှာ ဖြစ်ပြီး ပထမဆုံး ခေါ်ယူနိုင်မယ့် ကစားသမားလည်း ဖြစ်လာမှာပါ။

အာဆင်နယ်အသင်းအနေနဲ့ကတော့ ကိုဗစ်ကာလမှာ ဝန်ထမ်းအင်အားလျော့ချမှုတွေ ပြုလုပ်ခဲ့သလို ကစား သမားတွေထဲကလည်း အိုလ်ဇေး၊ကိုလာဆီနက်စ်၊ရော့ဘ်ဟိုးလ်ဒင်း၊မိတ်လန်နိုင်းစ်၊ဂွမ်ဒိုဇီ၊မူစတာဖီစတဲ့ ကစားသမား တွေကို ရောင်းချဖို့ ပြင်ဆင်နေတယ်လို့သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က