ဗလန်စီယာက တောင်ပံကစားသမားကို ခေါ်ယူခဲ့တာပါ။
Pyae Phyo Thein

စပိန်ယူ-၂၁ ကစားသမားအတွက် မန်စီးတီးဟာ ပေါင်သန်း ၂ဝကျော် ပေးချေရမယ်လို့ သိရပြီး ဗလန်စီယာနဲ့လည်း ပြောင်းရွှေ့ကြေးသဘောတူညီမှုရရှိခဲ့ပြီဖြစ်ပါတယ်။


မန်စီးတီးအသင်းဟာ ဗလန်စီယာတောင်ပံကစားသမားဖာရန်တောရက်စ်အတွက် သဘောတူညီမှုရရှိသွားခဲ့ပြီလို့ သိရပါတယ်။ စပိန်သတင်းစာ AS, Sky Sports နဲ့ The Guardian သတင်းဌာနတို့ကလည်း ဖော်ပြခဲ့ကြပြီး ဆာနေးနေရာမှာအစားထိုးဖို့ ကစားသမားတစ်ဦးကို မန်စီးတီးက ခေါ်ယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

စပိန်ယူ-၂၁ ကစားသမားအတွက် မန်စီးတီးဟာ ပေါင်သန်း ၂ဝကျော် ပေးချေရမယ်လို့ သိရပြီး ဗလန်စီယာနဲ့လည်း ပြောင်းရွှေ့ကြေးသဘောတူညီမှုရရှိခဲ့ပြီဖြစ်ပါတယ်။ တောရက်စ်ဟာ ဗလန်စီယာအကယ်ဒမီကထွက်ပေါ်လာခဲ့တဲ့ ကစားသမားဖြစ်ပြီး ပြီးခဲ့တဲ့ လာလီဂါရာသီမှာ အသင်းအတွက် ၃၄ ပွဲကစားပြီး လေးဂိုးသွင်းယူပေးခဲ့ပါတယ်။ 

စပိန်ရဲ့ တောက်ပတဲ့ကြယ်ပွင့်တစ်ပွင့်အဖြစ် သတ်မှတ်ခံထားရတဲ့ ဒီကစားသမားကို ဘဏ္ဍာရေးအခြေအနေတွေအရ ဗလန်စီယာက ရောင်းချခဲ့တာဖြစ်ပြီး နောက်ထပ်ကစားသမားတချို့ကို ထပ်မံရောင်းချသွားဖို့ရှိနေတယ်လို့ သိရပါတယ်။ ၂၀၁၇-၁၈ မှာ အသင်းကြီးအတွက် တောရက်စ်က စတင်ပွဲထွက်ခွင့်ရရှိခဲ့ပြီးတော့ အဓိကကစားသမားဖြစ်လာခဲ့ပါတယ်။ 

မန်စီးတီးဟာ ဗဟိုခံစစ်မှူးတစ်ဦးကိုလည်း ထပ်မံခေါ်ယူဖို့ ကြိုးစားနေပြီး ဘုန်းမောက်နောက်ခံလူ နသန်အကီကို စိတ်ဝင်စားနေတယ်လို့ဆိုပါတယ်။ ဘိုင်ယန်မြူးနစ်ကို ဆာနေးပြောင်းရွှေ့သွားတဲ့နောက် တောင်ပံကစားသမားတစ်ဦးကို ချက်ချင်းပဲခေါ်ယူနိုင်ခဲ့ပြီးဖြစ်လို့ ဗဟိုခံစစ်မှူးတစ်ဦးကိုလည်း မကြာခင် ထပ်မံခေါ်ယူသွားနိုင်ဖွယ်ရာရှိနေပါတယ်။ 


Author


က္က