ကန်တေကို ချယ်လ်ဆီးက အရောင်းစာရင်းသွင်းထားတယ်လို့ ဆိုပါတယ်။
Pyae Phyo Thein

အသက် ၂၉ နှစ်အရွယ် ကွင်းလယ်လူဟာ ပြီးခဲ့တဲ့ရာသီက ဒဏ်ရာပြသနာတွေနဲ့ရုန်းကန်ခဲ့ရပြီး အခုအခါမှာ လမ်းပတ်က ရောင်းချမယ့်ကစားသမားစာရင်းထဲ ထည့်သွင်းထားတယ်လို့ Mirror က ဖော်ပြခဲ့ပါတယ်။


မန်ချက်စတာယူနိုက်တက်အသင်းဟာ ချယ်လ်ဆီးကွင်းလယ်လူအန်ဂိုလိုကန်တေကို ခေါ်ယူဖို့ ရေပန်းစားမှုတွေမြင့်တက်လာပါတယ်။ ချယ်လ်ဆီးဘက်က သူတို့ရဲ့ကွင်းလယ်လူကို အရောင်းစာရင်းတင်ထားတယ်လို့ သတင်းတွေထွက်လာခဲ့ပြီးနောက် ယူနိုက်တက်က ခေါ်ယူမယ်ဆိုတဲ့ အသံတွေက ပိုမိုပြီးကျယ်လောင်လာခဲ့တာဖြစ်ပါတယ်။ 

လက်စတာစီးနဲ့အတူ ၂၀၁၆ မှာ ခြေစွမ်းပြခဲ့ပြီး ပရီးမီးယားလိဂ်အမှတ်ပေးဖလားကို ရယူနိုင်ခဲ့တဲ့ ကန်တေဟာ နောက်တစ်နှစ်မှာ ချယ်လ်ဆီးကို ပြောင်းရွှေ့ခဲ့ပြီး အမှတ်ပေးဖလားထပ်မံရရှိခဲ့ပါတယ်။ ချယ်လ်ဆီးရဲ့ အဓိကကစားသမားအဖြစ် ကန်တေက ရပ်တည်နိုင်ခဲ့ပြီး ပွဲပေါင်း ၁ရဝကျော်ကစားပေးခဲ့ကာ ယူရိုပါလိဂ်ဖလားနဲ့ အက်ဖ်အေဖလားတို့ကိုလည်း ဆွတ်ခူးနိုင်ခဲ့ပါတယ်။ 

ဒါပေမယ့်လည်း အသက် ၂၉ နှစ်အရွယ် ကွင်းလယ်လူဟာ ပြီးခဲ့တဲ့ရာသီက ဒဏ်ရာပြသနာတွေနဲ့ရုန်းကန်ခဲ့ရပြီး အခုအခါမှာ လမ်းပတ်က ရောင်းချမယ့်ကစားသမားစာရင်းထဲ ထည့်သွင်းထားတယ်လို့ Mirror က ဖော်ပြခဲ့ပါတယ်။ အခြားသောခေါ်ယူမယ့်အသင်းတွေအဖြစ် ပီအက်စ်ဂျီ၊ ရီးရဲလ်မက်ဒရစ်၊ ဘာစီလိုနာနဲ့ ဂျူဗီတို့လည်းရှိနေပေမယ့် ယူနိုက်တက်က နာမည်အကြီးဆုံးဖြစ်နေတာပါ။ 

ယူနိုက်တက်အနေနဲ့ ကွင်းလယ်ခံစစ်ပိုင်းမှာ မာတစ်ရှိနေပေမယ့်လည်း အသက်အရွယ်ရလာပြီဖြစ်လို့ ကန်တေနဲ့အစားထိုးနိုင်တယ်လို့ ယူဆရတာဖြစ်ပါတယ်။ ဆိုးလ်ရှားကိုယ်တိုင်ကလည်း အသင်းရဲ့ကွင်းလယ်ခံစစ်ပိုင်းအတွက် ပြီးခဲ့တဲ့တစ်ရာသီလုံးမှာ ခေါင်းစားနေခဲ့ရပြီး အဆိုပါ ပြသနာကိုဖြေရှင်းပေးဖို့အတွက် ကန်တေက အသင့်တော်ဆုံးကစားသမားအဖြစ်ရှိနေပါတယ်။


မာတစ်ကိုတော့ ၂၀၁၆ မှာ နည်းပြဟောင်းမော်ရင်ဟိုက ခေါ်ယူခဲ့တာဖြစ်ပြီး ဆိုးလ်ရှားလက်ထက်မှာ ချယ်လ်ဆီးကစားသမားတစ်ဦးကို ထပ်မံခေါ်ယူနိုင်မလားဆိုတာ စောင့်ကြည့်ရတော့မှာပါ။ 


Author


က္က