ယူရိုသန်း ၄ဝနဲ့ ဘိုင်န်ယန်က ကမ်းလှမ်းလိုက်ပါပြီ။
Pyae Phyo Thein

မန်စီးတီးအနေနဲ့ ၂၀၁၆ မှာ ဆာနေးကို ရှော်လ်ကေးကနေ ခေါ်ယူခဲ့စဉ်က သဘောတူညီချက်အတိုင်း ပြောင်းရွှေ့ကြေးထဲက အနည်းဆုံးယူရို ၁ဝသန်းကို ရှော်လ်ကေးအတွက် ပြန်လည်ပေးချေရမှာလည်းဖြစ်ပါတယ်။


ဘိုင်ယန်မြူးနစ်အသင်းနဲ့ မန်စီးတီးတောင်ပံကစားသမားဆာနေးတို့ဟာ ငါးနှစ်စာချုပ်ချုပ်ဆိုဖို့ သဘောတူညီမှုရရှိသွားခဲ့ပြီလို့ သိရပါတယ်။ ပုဂ္ဂိုလ်ရေးသဘောတူညီမှုရယူနိုင်ခဲ့တာဖြစ်ပြီး ဒီသဘောတူညီပြီးနောက်မှာ ဘိုင်ယန်က ကစားသမားအတွက် ယူရိုသန်း၄၀ နဲ့ မန်စီးတီးကို ကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။ 

Sport bild က ဖော်ပြခဲ့တာဖြစ်ပြီးတော့ ဆာနေးကလည်း ဘိုင်ယန်ကိုပြောင်းရွှေ့ဖို့အတွက် မူလကတည်းက စိတ်ဝင်စားနေခဲ့တာဖြစ်ပါတယ်။ ဘိုင်ယန်အနေနဲ့ ဆာနေးအတွက် တစ်နှစ်ကျော်ကြာကြိုးစားခဲ့တာဖြစ်ပြီး လာမယ့်ရာသီမှာ ခေါ်ယူနိုင်ဖို့အတွက်ကို အားထုတ်နိုင်ခဲ့ပြီဖြစ်ကာ ယူရိုသန်း ၄ဝနဲ့ ကနဦးကမ်းလှမ်းမှုကသာ အဆင်ပြေခဲ့မယ်ဆိုရင် သက်သာတဲ့စျေးနှုန်းနဲ့ ခေါ်ယူနိုင်မှာလည်းဖြစ်ပါတယ်။

မန်စီးတီးအနေနဲ့ ၂၀၁၆ မှာ ဆာနေးကို ရှော်လ်ကေးကနေ ခေါ်ယူခဲ့စဉ်က သဘောတူညီချက်အတိုင်း ပြောင်းရွှေ့ကြေးထဲက အနည်းဆုံးယူရို ၁ဝသန်းကို ရှော်လ်ကေးအတွက် ပြန်လည်ပေးချေရမှာလည်းဖြစ်ပါတယ်။ မန်စီးတီးတာဝန်ရှိသူတွေကတော့ ဆာနေးအတွက် ဘိုင်ယန်ရဲ့ ကမ်းလှမ်းတဲ့ ပမာဏက နည်းပါးတယ်လို့ ယူဆနေပြီး ထပ်မံရရှိဖို့အတွက် တောင်းဆိုမယ်လို့ သတင်းတွေထွက်နေခဲ့ပါတယ်။ 

ဆာနေးဟာ ဒီတစ်ရာသီလုံးမှာ ဒဏ်ရာကြောင့် အနားယူနေခဲ့ရသူဖြစ်ပါတယ်။ အီတီဟတ်မှာလည်း မာရက်ဇ်၊ စတာလင်၊ ဘာနာဒိုဆေးလ်ဗားတို့ကြောင့် ပုံမှန်နေရာရရှိဖို့အတွက် ရုန်းကန်ရမှာဖြစ်လို့ သူ့အတွက် ပုံမှန်အာမခံချက်ပေးနိုင်မယ့် ဘိုင်ယန်ကိုပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တာလို့လည်း သိရပြီး နှစ်ရှည်စာချုပ်ပါချုပ်ဆိုသွားတော့မှာဖြစ်ပါတယ်။


ဘိုင်ယန်ကတော့ ဆာနေးအပြင် လီဗာကူဆင်အသင်းက ကိုင်ဟာဗာတ်ဇ်ကိုလည်း ပစ်မှတ်ထားနေပြီး လီဗာကူဆင်ကတော့ အနည်းဆုံး ယူရိုသန်း ၁၀၀ ရရှိမှသာ ရောင်းချသွားဖို့ ဆုံးဖြတ်ထားကြောင်း သိရပါတယ်။ 


Author

  • Pyae Phyo Thein

    Content Writer/Reporter


က္က