ဖာနန်ဒက်စ်အနေနဲ့ ပြောင်းရွှေ့ကြေး+ခြေစွမ်း အပေါ်မူတည်ပြီး ယူရိုသန်း ၈ဝနီးပါးရရှိခဲ့တာပါ။
Win Kyaw Min

ဖာနန်ဒက်စ်အနေနဲ့ ပေါ်တူဂီကလပ်စပို့တင်းလစ္စဘွန်းကနေ ယူနိုက်တက်အသင်းဆီသို့ ယူရို သန်း ၈ဝနဲ့ပြောင်း ရွှေ့ရောက်ရှိလာသူလည်းဖြစ်ပါတယ်။

ယူနိုက်တက်ကစားသမားဖာနန်ဒက်စ်ရဲ့ အပြောင်းအရွှေ့နောက်ကွယ်မှာ ငွေကြေးဆိုင်ရာပေးချေမှုများအတွင်း စွပ်စွဲချက်အချို့ရှိလာခဲ့တဲ့အပေါ် ဖီဖာရဲ့ စုံစမ်းစစ်ဆေးမှုရလဒ်များ မကြာမီထွက်ပေါ်လာဖို့ရှိနေတယ်လို့ marca .com ရဲ့ဖော်ပြချက်အရ သိရပါတယ်။

ပေါ်တူဂီလက်ရွေးစင်ကစားသမားအနေနဲ့ အီတလီစီးရီးအေကလပ်ဆမ်ဒိုးရီးယားအသင်းကနေ စပို့တင်းလစ္စဘွ န်းအသင်းကို ပြောင်းရွှေ့ခဲ့ရာမှာ အပြောင်းအရွှေ့အပေါ်အခြေခံတဲ့ အခြားသဘောတူညီမှုများရယူခဲ့ပြီး ယူနိုက် တက်ကိုပြောင်းရွှေ့ခဲ့ရာမှာတော့ အခုလိုအခြေအနေတွေဖြစ်ပေါ်လာခဲ့တာပါ။



စာချုပ်သဘောတူညီချက်တွေအရ အီတလီကလပ်ဆမ်ဒိုရီးယားအသင်းအနေနဲ့ ယူနိုက်တက်ကိုပြောင်းရွှေ့ခဲ့တဲ့ ဖာနန်ဒက်စ်ရဲ့ အသားတင်ပြောင်းရွှေ့ကြေးယူရိုသန်း ၅ဝထဲကနေ ၁ဝရာခို်င်နှုန်းကို ရရှိဖို့ရှိနေပြီး စပို့တင်း လစ္စဘွန်းကပေးေ ချဖို့ ကြန့်ကြာနေတဲ့အတွက် စွပ်စွဲချက်တွေထွက်ပေါ်လာခဲ့တာလည်းဖြစ်ပါတယ်။

ဖာနန်ဒက်စ်အနေနဲ့ ယူနိုက်တက်ကိုပြောင်းရွှေ့ခဲ့ရာမှာ အသားတင်ပြောင်းရွှေ့ကြေးယူရိုသန်း ၅ဝအပြင်ခြေစွမ်း အပေါ်မူတည်ပြီး ယူရိုသန်း ၈ဝအထိရရှိမှာဖြစ်ပြီး လက်ရှိအခြေအနေအရ့အီတလီစီးရီးအေကလပ်ဆမ်ဒိုးရီးယား အသင်းက ၁ဝရာခိုင်နှုန်းဖြစ်တဲ့ ယူရို ၄သန်းခန့်အလိုရှိနေခဲ့တာလည်းဖြစ်ပါတယ်။

အဆိုပါအခြေအနေနဲ့ပတ်သက်ပြီး ဖီဖာစည်းကမ်းထိန်းသိမ်းရေးအထိ တိုင်ကြားစာရောက်ရှိခဲ့ပြီး တာဝန်ရှိသူေ တွကိုယ်တိုင်ကို သီးသန့်တွေ့ဆုံစစ်ဆေးခြင်းနဲ့အတူ အခြားသောစုံစမ်းအတည်ပြုမှုများပြုလုပ်သွားမယ်လို့ သ တင်းထုတ်ပြန်လိုက်ခဲ့တာလည်းဖြစ်ပါတယ်။

ဗြိတိန်မီဒီယာတွေရဲ့ဖော်ပြချက်မှာတော့ ဘရူနိုဖာနန်ဒက်စ်အပြောင်းအရွှေ့က ပေါ်တူဂီကလပ်နဲ့အီတလီစီးရီး အေကလပ်အသင်းတို့အကြား ပြဿနာဖြစ်ပြီး ယူနိုက်တက်နဲ့အရှုပ်အရှင်းမရှိဘူးလို့ ဖော်ပြမှုတွေရှိနေခဲ့သလို တဖက်တွေလည်း စုံစမ်းစစ်ဆေးမှုကို ခံယူရဖို့ရှိနေတယ်လို့လည်း သတင်းဖော်ပြမှုတွေရှိနေခဲ့ပြန်ပါတယ်။



Author

  • Win Kyaw Min

က္က