မဝယ်ခင် ၃ဦးလောက်ရောင်းထုတ်မှ အဆင်ပြေနိုင်မယ်လို့လည်း The Sunကသုံးသပ်ထားပါတယ်။
Kyaw Ko Ko Sint

အာဆင်နယ်အသင်းအနေနဲ့ အက်သလက်ကွင်းလယ်လူ သောမတ်စ်ပါတေး၊လိုင်လီဗဟိုနောက်ခံလူ ဂါဘရီရယ် မာဂယ်ဟေးလ်နဲ့ ရီးရဲက အငှားခေါ်ထားတဲ့ စီဘယ်လော့စ်တို့ကို သက်တမ်းတိုး ခေါ်ယူဖို့ ရှိနေပြီး တန်ကြေးအားဖြင့် ၃ယောက်ပေါင်းရင် ပေါင်သန်း ၁၀၀ဝန်းကျင်သုံးစွဲရမှာ ဖြစ်ပါတယ်။

လာမယ့် နွေရာသီအပြောင်းအရွှေ့မှာ အာဆင်နယ်အသင်းဟာ ပေါင်သန်း ၁၀၀အထိ သုံးစွဲပြီး ကစားသမားသစ်တွေ ခေါ်ယူဖို့ ချိန်ရွယ်နေတယ်လို့ သတင်းတွေက ဖော်ပြလာနေပါတယ်။

အာဆင်နယ်အသင်းဟာ အက်သလက်တီကိုအသင်းက ကွင်းလယ်လူ သောမတ်စ်ပါတေး၊လိုင်လီအသင်းက ဗဟို နောက်ခံလူ ဂါဘရီရယ်မာဂယ်ဟေးလ်တို့ကို ခေါ်ယူလိုနေသလို အသင်းမှာ အငှားနဲ့ ခေါ်ထားတဲ့ ရီးရဲက စီဘယ်လော့စ် ကိုလည်း ထပ်မံ ခေါ်ယူလိုနေတာ ဖြစ်ပါတယ်။

သူတို့ ၃ဦး အာဆင်နယ်မှာရှိဖို့ဆိုရင် အသင်းအနေနဲ့ အနည်းဆုံး ပေါင် သန်း ၁၀၀လောက် အထိ သုံးစွဲရဖို့ရှိနေပြီး ငွေ ကြေးသီးသန့် သုံးစွဲဖို့တော့ မဖြစ်နိုင်ဘူးလို့ The Sun သတင်းဌာနက သုံးသပ်ဖော်ပြထားပါတယ်။

ဒီကစားသမားတွေကို ခေါ်ယူလိုတယ်ဆိုရင် အသင်းမှာရှိတဲ့ ကစားသမားတွေထဲက အနည်းဆုံး ၃ဦးလောက်ကို ရောင်းချမှသာ လိုအပ်တဲ့ ဘဏ္ဍာငွေကို ပြန်လည်သုံးစွဲနိုင်မှာလည်း ဖြစ်ပါတယ်။

လက်ရှိမှာတော့ ထွက်ပေါ်နေတဲ့သတင်းတွေအရ ကွင်းလယ်လူ တော်ရဲရားကို ပေါင် ၃၅သန်း၊ဂွမ်ဒိုဇီကို ပေါင် ၂၅သန်း တို့နဲ့ စျေးခေါ်ထားသလို မိတ်လန်းနိုင်းစ်နဲ့မူစတာဖီတို့လည်း အသင်းအနာဂတ်မှာ မသေချာ ဖြစ်နေပါတယ်။

အာဆင်နယ်အသင်းအနေနဲ့ စျေးကွက် ကနဦးခေါ်ယူမှုအဖြစ် ချဲလ်ဆီးအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးထားတဲ့ ဘရာဇီး တောင်ပံ တိုက်စစ်ကစားသမား ဝီလီယံကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားတယ်လို့သိရပါသေးတယ်။

ဒါ့အပြင် သူတို့ ခေါ်ယူချင်နေတဲ့ အက်သလက်တီကို ကွင်းလယ်လူကို စာချုပ်လျော်ကြေး ပေါင် ၄၅သန်း ပေးချေရဖို့ ရှိနေသလို လိုင်လီက အသက် ၂၂နှစ်အရွယ် မာဂယ်လ်ဟေးလ်ကိုလည်း အာဆင်နယ်နဲ့အပြိုင် မန်ချက်စတာယူနိုက် တက်၊အဲဗာတန်နှင့်နာပိုလီတို့ကလည်း အပြိုင်စိတ်ဝင်စားနေကြပါတယ်။

အာဆင်နယ်အသင်းသည် ဒီနှစ်ဘောလုံးရာသီအကုန်မှာတော့ အက်ဖ်အေဖလား ချန်ပီယံအဖြစ်နဲ့ ယူရိုပါလိဂ်ပြိုင်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်ခွင့်ရခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က