မာတီနက်ဇ်နဲ့အင်တာမီလန်တို့ဟာ ပြီးခဲ့တဲ့ ၂၀၁၈ခုနှစ်က ၅နှစ်စာချုပ်ချုပ်ဆိုထားခဲ့တာပါ။
Win Kyaw Min

နည်းပြကွန်တီလက်ထက်မှာ ပိုပြီးခြေစွမ်းပြနေခဲ့တဲ့ တိုက်စစ်မှူးမာတီနက်ဇ်ကို ခေါ်ယူဖို့ ဥရောပအသင်းကြီးအ များစုက စိတ်ဝင်စားနေကြတာလည်းဖြစ်ပါတယ်။

အင်တာမီလန်အသင်းအနေနဲ့ အသင်းရဲ့အဓိကတိုက်စစ်မှူးမာတီနက်ဇ်ကို ဆက်ထိန်းထားနိုင်ရေးအတွက်အခ က်အခဲအချို့ရှိနေခဲ့တယ်လို့ အတည်ပြုမှုများရှိလာခဲ့ပြီးနောက် အသင်းပေါင်းများစွာနဲ့ ဆွေးနွေးမှုများပြုလုပ်နေ တယ်လို့ ကာယကံရှင်ဖြစ်သူကိုယ်တိုင်က အတည်ပြုခဲ့ခြင်းကို goal.com က ဖော်ပြလာပါတယ်။

အာဂျင်တီးနားလက်ရွေးစင်တိုက်စစ်မှူးမာတီနက်ဇ်အနေနဲ့ နည်းပြသစ်ကွန်တီရဲ့လက်အောက်မှာ အဓိကပွဲထွ က်ကစားသမားနေရာကို ရရှိထားခဲ့ပေမယ့် ကစားသမားဘဝအနာဂတ်အတွက် ထိပ်သီးအသင်းကြီးတစ်သင်း သင်းသို့ ပြောင်းရွှေ့ကစားလိုနေခဲ့တာလည်းဖြစ်ပါတယ်။



“ဥရောပရဲ့ထိပ်တန်းအသင်းကြီးတွေစိတ်ဝင်စားနေတာသိရတော့ဂုဏ်ယူမိပါတယ်။ပိုပြီးစိတ်လှုပ်ရှားစရာ ကော င်းတာက ရီးရဲလ်၊ ဘာစီလိုနာတို့ရဲ့ စိတ်ဝင်စားနေမှုပါ။ ဘာမဆိုဖြစ်လာနိုင်တဲ့အခြေအနေမှာ အသင်းသစ်အချို့ နဲ့ ဆွေးနွေးမှုတွေပြုလုပ်နေတယ်ဆိုတာကိုအရိုးသားဆုံးဝန်ခံချင်ပါတယ်”လို့မာတီနက်ဇ်ရဲ့အေးဂျင့်ဖြစ်သူယာ ကွေးက အတည်ပြုပြော ဆိုလိုက်တာပါ။

လက်ရှိမှာ ပရီးမီးယားလိဂ်ထိပ်သီးအသင်းအချို့အပါအဝင် စီးရီးအေချန်ပီယံဂျူဗင်တပ်အသင်းရဲ့ စိတ်ဝင်စားခြ င်းကိုပါ ခံနေရတဲ့ မာတီနက်ဇ်အနေနဲ့ အနာဂတ်ကာလအတွင်း စပိန်လာလီဂါ၊ အင်္ဂလန်ပရီးမီးယားလိဂ်သို့ပြော င်းရွှေ့ကစားလိုတယ်လို့ ထုတ်ဖော်ပြောဆိုထားခဲ့သူလည်းဖြစ်ပါတယ်။

အာဂျင်တီးနားကလပ်ရေးဆင်းအသင်းကနေ ပြောင်းရွှေ့လာခဲ့ပြီးနောက်ပိုင်း အချိန်တိုအတွင်းအဓိက,ကစားသ မားအဖြစ် နေရာရလာတဲ့ မာတီနက်ဇ်နဲ့ အင်တာမီလန်အသင်းတို့ကြား စာချုပ်သက်တမ်း ၃နှစ်ကျန်ရှိနေသေး တာဖြစ်ပြီး ခေါ်ယူလိုတဲ့အသင်းတွေအနေနဲ့ မြင့်မားတဲ့ပြောင်းရွှေ့ကြေးတစ်ရပ်ကိုအသုံးပြုရဖွယ်ရှိနေတာလည်း ဖြစ်ပါတယ်။


Author


က္က