ပီယာနစ်ဟာ တနင်္ဂနွေနေ့က ပြုလုပ်ခဲ့တာလို့ သိရပါတယ်။
Pyae Phyo Thein

အသက် ၃၀ အရွယ် ဘော့စနီးယားကွင်းလယ်လူဟာ ရာသီကုန်မှာ ပြောင်းရွှေ့တော့မှာဖြစ်ပြီး အပြန်အလှန်အနေနဲ့ ဘာစီလိုနာကွငး်လယ်လူအာသာက ဂျူဗင်တပ်စ်ကို ပြောင်းရွှေ့မယ်လို့ သိရပါတယ်။


ဘာစီလိုနာအသင်းဟာ ဂျူဗင်တပ်စ်အသင်းကွင်းလယ်လူပီယာနစ်ကို လေးနှစ်စာချုပ်နဲ့ ခေါ်ယူနိုင်ခဲ့ပြီလို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ ပီယာနစ်ဟာ နူးကမ့်အခြေစိုက်ကလပ်နဲ့ ဆေးစစ်မှုခံယူပြီးပြီလည်းသိရကာ မကြာခင်မှာ ဒီအပြောင်းအရွှေ့ကို တရားဝင်ကြေညာသွားဖို့လည်း ရှိနေတယ်လို့ ဆိုပါတယ်။

အသက် ၃၀ အရွယ် ဘော့စနီးယားကွင်းလယ်လူဟာ ရာသီကုန်မှာ ပြောင်းရွှေ့တော့မှာဖြစ်ပြီး အပြန်အလှန်အနေနဲ့ ဘာစီလိုနာကွငး်လယ်လူအာသာက ဂျူဗင်တပ်စ်ကို ပြောင်းရွှေ့မယ်လို့ သိရပါတယ်။ အာသာကတော့ ငါးနှစ်စာချုပ်နဲ့ ပြောင်းရွှေ့မှာဖြစ်ပြီး ပီယာနစ်ကတော့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကပဲ တူရင်မှာ ဆေးစစ်မှုတွေပြုလုပ်ခဲ့တယ်လို့ စပိန်သတင်းစာ SPORT က ဖော်ပြခဲ့ပါတယ်။

နှစ်ဖက်အသင်းအနေနဲ့ ပြောင်းရွှေ့ကြေးညှိနှိုင်းဖို့တော့ရှိနေသေးပြီး ဇွန်လကုန်မှသာ ဆွေးနွေးသွားမှာဖြစ်ပါတယ်။ ဂျူဗီအနေနဲ့ အာသာကို ခေါ်ယူဖို့အတွက် ပီယာနစ် နဲ့ ယူရို ၁၀ သန်းအလိုက်ပေးရမယ်လို့လည်း ဖော်ပြမှုတွေရှိနေပါတယ်။ အသက် ၂၃နှစ်အရွယ် အာသာဟာ ဘာစီလိုနာအတွက် ၂ရာသီသာ ကစားပေးထားရသေးချိန်မှာ နောက်ထပ်အသင်းတစ်သင်းကို ပြောင်းရွှေ့ရမှာဖြစ်ပါတယ်။

ထူးခြားချက်အဖြစ်နဲ့ကတော့ ပီယာနစ်ဟာ ရော်နယ်ဒိုနဲ့ အသင်းဖော်တွေဖြစ်ခဲ့ပြီးနောက် မက်ဆီနဲ့ တွဲဖက်ကစားခွင့်ရရှိတော့မှာဖြစ်သလို အာသာကလည်း မက်ဆီနဲ့တွဲဖက်ကစားပြီးနောက် ရော်နယ်ဒိုနဲ့ တွဲဖက်ကစားရတော့မှာဖြစ်ပါတယ်။ ဒါကြောင့် အဆိုပါကစားသမားနှစ်ဦးစလုံးနဲ့ တွဲဖက်ကစားခွင့်ရတဲ့ ကစားသမားအနည်းငယ်သာရှိတဲ့စာရင်းမှာ သူတို့နှစ်ဦးက ထပ်တိုးပါဝင်လာတော့မှာဖြစ်ပါတယ်။ 



Author


က္က