ကနဦး ဆွေးနွေးမှုမှာပဲ ပယ်ချခဲ့တာပါ။

အာစင်ဝင်းဂါးဟာ ၂၀၁၈ခုနှစ်က အာဆင်နယ်အသင်းနဲ့ လမ်းခွဲပြီးနောက် အခြားမည်သည့်အသင်းကိုမှ နည်းပြမလုပ်ပဲ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်မှာသာ လေ့လာသုံးသပ်သူအဖြစ် လုပ်ကိုင်နေပါတယ်။

အာဆင်နယ်အသင်းရဲ့နည်းပြဟောင်း အာစင်ဝင်းဂါးဟာ ဘာစီလိုနာအသင်းရဲ့ နည်းပြသစ်ခန့်အပ်ဖို့ ကမ်းလှမ်းမှု ကို ပယ်ချလိုက်တယ်လို့ သိရပါတယ်။



ဘာစီလိုနာအသင်းအနေနဲ့ လာမယ့် ရာသီသစ်အတွက် နည်းပြသစ်ခန့်အပ်ဖို့ အာစင်ဝင်းဂါးနဲ့ ဆွေးနွေးဖို့ ပြောခဲ့ ပေမယ့် ကနဦးစကားပြောဆိုမှုအပြီးမှာပဲ အာစင်ဝင်းဂါးက ပယ်ချလိုက်တာလို့ Leo 10 Sportက ဖော်ပြလာတာ ပါ။

အာစင်ဝင်းဂါးဟာ ၂၀၁၈ခုနှစ်က အာဆင်နယ်အသင်းနဲ့ လမ်းခွဲပြီးနောက် အခြား မည်သည့်အသင်းကိုမျှ နည်းပြ လုပ်ဆောင်ခဲ့ခြင်းမရှိပဲ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)မှာပဲ အားကစားလေ့လာသုံးသပ်သူအဖြစ် လုပ်ဆောင်နေပါ တယ်။

“ကျွန်တော်ဖီဖာမှာပဲ ပိုကောင်းတဲ့ လေ့လာသုံးသပ်မှုတွေ လုပ်ချင်ပါသေးတယ်၊အခု ကျွန်တော် အားလုံးကို ငြင်းပယ်ပြီး လုပ်ဆောင်နေတာက ဒီအလုပ်အပေါ် အလွန်စိတ်အားထက်သန်နေလို့ပါ၊ဒါက လာမယ့် ၂၀၂၂ခုနှစ် မှာ ကျွန်တော်တို့ ပိုကောင်းတဲ့ ပွဲသုံးသပ်မှုတွေ လုပ်လာခဲ့တဲ့အခါ သက်သေပြပါလိမ့်မယ်”လို့ အာစင်ဝင်းဂါးက ဆိုပါတယ်။

ဘာစီလိုနာအသင်းကတော့ ဒီနှစ်မှာ ဘက်တစ်နည်းပြ ဆီတီယန်ကို ခေါ်ယူခဲ့ပြီး လာလီဂါ အမှတ်ပေးဇယားမှာ တော့ အဆင့် ၂နေရာသာ ရပ်တည်နိုင်ခဲ့ပါတယ်။

ချန်ပီယံလိဂ်ပြိုင်ပွဲမှာတော့ ကွာတားဖိုင်နယ်အဆင့်ကို တက်လှမ်းထားနိုင်ပြီး ဘိုင်ယန်မြူးနစ်အသင်းနဲ့ တွေ့ဆုံ နေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က