ဘာစီလိုနာကိုနောက် ၁၅ရက်အကြာမှာ ထွက်ခွာမယ်လို့ သိရပါတယ်။
Kyaw Ko Ko Sint

အသက် ၃၀အရွယ်ပီယာနစ်ကို ဘာစီလိုနာအသင်းက ကနဦးပြောင်းရွှေ့ကြေး ပေါင် ၅၄.၆သန်းနဲ့ ခေါ်ယူခဲ့ တာဖြစ်ပြီး နောက်ထပ် ပေါင် ၄.၆သန်း ပေး‌ဆောင်ရမယ့် သဘောတူညီချက်ပါရှိပါသေးတယ်။

ဂျူဗင်တပ်ကစားသမား ပီယာနစ်ကို ဘာစီလိုနာအသင်းက အသင်းမှာရှိတဲ့ ဘရာဇီး ကစာသမား အာသာ မီလို နဲ့ အလဲအထပ်လုပ်ပြီး ခေါ်ယူနိုင်ထားနိုင်ပြီ ဖြစ်ပါတယ်။

ယခုနှစ်ရာသီအကုန်မှာ ဘာစီလိုနာအသင်းနဲ့ သွားရောက်ပူးပေါင်းတော့မယ့် ဆဲဆဲမှာပဲ ပီယာနစ်မှာ ကိုဗစ် ရောဂါပိုး တွေ့ရှိခဲ့တယ်လို့ ဂျူဗင်တပ်အသင်းက ကြေညာခဲ့ပါတယ်။

မနေ့က(တနင်္ဂနွေ)ထုတ်ပြန်ပေးခဲ့တာ ဖြစ်ပြီး ဒီကိစ္စကြောင့် ပီယာနစ်ဟာ အိမ်မှာသီးသန့်နေထိုင်ဖို့လိုအပ်ပြီး  ပြီးရင်တော့ ဘာစီလိုနာကို ဆက်လက်ထွက်ခွာမယ်လို့ BBC SPORTက ဖော်ပြလာပါတယ်။

ပီယာနစ်ကို ဘာစီလိုနာက ပေါင် ၅၄.၉သန်းနဲ့ ကနဦးသဘောတူညီမှုရခဲ့တာ ဖြစ်ပြီး ဆက်လက်ပြီး ပေါင်၄.၆ သန်း ဆက်လက်ပေးဆောင်ရဖို့ ရှိမှာပါ။

တစ်ဆက်တည်းမှာပဲ ဘာစီလိုနာအသင်းက အာသာ မီလိုကိုလည်း ဂျူဗင်တပ်အသင်းက ကနဦးပြောင်းရွှေ့ ကြေး ပေါင်၆၆သန်းနဲ့ ခေါ်ယူခဲ့သလို နောက်ထပ် ပေါင် ၉.၁သန်း ပေးချေဖို့လည်းအခြေအနေရှိပါတယ်။

အသက် ၂၃နှစ်အရွယ် အာသာကတော့ ဘာစီလိုနာမှာ ရာသီကုန်အထိ ဆက်လက်ရှိနေအုံးမှာ ဖြစ်ပါတယ်။


Author


က္က