ယူရိုသန်း ၁၇၀ ရရင် လက်လွှတ်မယ်လို့ PSG က ဆိုပါတယ်။
Pyae Phyo Thein

နေမာဟာ ဘာစီလိုနာမှာ ၄နှစ်ကြာကစားခဲ့ပြီး အောင်မြင်မှုတွေရယူနိုင်ခဲ့သူဖြစ်ပါတယ်။ ၂၀၁၇ မှာ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ပီအက်စ်ဂျီကို ပြောင်းရွှေ့ခဲ့ပြီး လက်ရှိမှာ အသင်းဟောင်းနဲ့ပြန်လည်လက်တွဲချင်နေတာဖြစ်ပါတယ်။


ပီအက််စ်ဂျီအသင်းနဲ့ နေမာတို့ဟာ ဘာစီလိုနာကိုပြောင်းရွှေ့ဖို့အတွက် သဘောတူညီမှုရယူနိုင်ခဲ့တယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ ဒီနွေရာသီမှာ နေမာက ဘာစီလိုနာကို ပြန်လည်ပြောင်းရွှေ့ချင်နေပြီး ပီအက်စ်ဂျီဘက်က သူတို့အလိုရှိတဲ့အချက်တစ်ခုကိုသာ ဘာစီလိုနာက လုပ်ပေးမယ်ဆိုရင် ပြောင်းခွင့်ပေးမယ်လို့ သဘောတူခဲ့ကြောင်း AS က ဖော်ပြခဲ့ပါတယ်။

နေမာဟာ ဘာစီလိုနာမှာ ၄နှစ်ကြာကစားခဲ့ပြီး အောင်မြင်မှုတွေရယူနိုင်ခဲ့သူဖြစ်ပါတယ်။ ၂၀၁၇ မှာ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ပီအက်စ်ဂျီကို ပြောင်းရွှေ့ခဲ့ပြီး လက်ရှိမှာ အသင်းဟောင်းနဲ့ပြန်လည်လက်တွဲချင်နေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီမှာလည်း ဘာစီလိုနာက သူတို့တိုက်စစ်မှူးဟောင်းကို ပြန်လည်ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မမြင်ဖြစ်ခဲ့ရပါတယ်။ 

စျေးကွက်ပြန်လည်ဖွင့်လှစ်ချိန်မှာတော့ ဘာစီလိုနာက ယူရိုသန်း ၁၇၀ ပေးချေမယ်ဆိုပါက ရောင်းချသွားဖို့ ပီအက်စ်ဂျီက ဆုံးဖြတ်ခဲ့ကြောင်းသိရပါတယ်။ အသက် ၂၈ နှစ်အရွယ် ကစားသမားဟာ ပြင်သစ်ကလပ်အတွက် ဒီရာသီမှာ သွင်းဂိုး ၁၈ ဂိုးနဲ့ ဖန်တီးမှု ၁၀ ကြိမ်ပြုလုပ်ပေးနိုင်ခဲ့ပြီး ဒဏ်ရာကြောင့် ကာလအနည်းငယ်အနားယူခဲ့ရပါတယ်။ 

ဘာစီလိုနာကလည်း ဂရစ်မန်းကို ခေါ်ယူခဲ့မှုဟာ မအောင်မြင်ခဲ့ဘဲရှိခဲ့ပြီးနောက် နေမာကို ပြန်လည်ခေါ်ယူဖို့ ပိုမိုအာရုံံစိုက်လာခဲ့ပါတယ်။ မက်ဆီထွက်ခွာမယ်လို့လည်း သတင်းတွေထွက်နေပြီး နေမာကို ခေါ်ယူနိုင်ခဲ့မယ်ဆိုပါက အာဂျင်တီးနားကြယ်ပွင့်ရဲ့ စိတ်ပြောင်းလဲနိုင်မယ်လို့လည်း ယူဆနေကာ စပိန်ထိပ်သီးအနေနဲ့ ပီအက်စ်ဂျီတောင်းဆိုတဲ့ ငွေကြေးကို ပေးချေနိုင်ဖို့သာ လိုအပ်နေတော့တာဖြစ်ပါတယ်။ 


Author


က္က