အာဆင်နယ်အသင်းနဲ့ စာချုပ် ၁ နှစ် ကျန်နေပါ‌သေးတယ်။

အူဘာမီယန်းကို ဘာစီလိုနာက ဆွာရက်ဇ်နေရာ အစားထိုးဖို့ အာဆင်နယ်အသင်းထံကနေ အငှားနဲ့ ခေါ်ယူ ခဲ့တာ ဖြစ်ပါတယ်။

စပိန်ကလာတဲ့သတင်းတွေအရ အာဆင်နယ် တိုက်စစ်မှူး အူဘာမီယန်းက ဘာစီလိုနာကို လာမယ်လို့ ဘာစီလိုနာအသင်းဖက်ကို အကြောင်းပြန်လိုက်တယ်လို့ Metro.com သတင်းဌာနကဖော်ပြလာပါတယ်။


ဘာစီလိုနာအသင်းက အူဘာမီယန်းကို ဒူးဒဏ်ရာရရှိသွားလို့ ကာလတစ်ခု အနားယူရမယ့် ဥရုဂွေး တိုက်စစ်မှူး နေရာမှာ အစားထိုးဖို့ အငှားခေါ်ယူချင်နေတာ ဖြစ်ပါတယ်။

အူဘာမီယန်းကတော့ အာဆင်နယ်အသင်းနဲ့ စာချုပ်သက်တမ်း ၁ နှစ်သာကျန်ရှိတော့တဲ့ အသက် ၃၀ အရွယ် ဂါဘွန် တိုက်စစ်မှူး ဖြစ်ပြီး စာချုပ်သစ်ချုပ်ဖို့ သဘောတူညီမှုရထားသူလည်း ဖြစ်ပါတယ်။

လက်ရှိမှာတော့ အူဘာမီယန်းက သူ့ရဲ့ ဆုဖလားအသစ်ပိုင်ဆိုင်နိုင်ဖို့ ဘာစီလိုနာကို ပြောင်းရွှေ့လိုလာခဲ့ပြီး ဘာစီ လိုနာအသင်းကလည်း လာာလီဂါကို ဦးဆောင်နေသူပါ။

Mundo Deportivo သတင်းဌာနရဲ့ ဖော်ပြချက်မှာတော့ ဘာစီလိုနာကို အူဘာမီယန်းက လာမယ်လို့ အကြောင်း ပြန်ခဲ့တယ်လို့ သိရပါတယ်။

အူဘာမီယန်းက အခုလက်ရှိ အာဆင်နယ်အသင်းခေါင်းဆောင်ဖြစ်ပြီး ပြီးခဲ့တဲ့ ပဲလေ့စ်နဲ့ပွဲမှာ အနီကဒ်ထိခဲ့လို့ ၃ ပွဲပယ်ပြစ်ဒဏ် ကျခံထားရသူပါ။

သူမပါတဲ့ ရှက်ဖီး၊ချဲလ်ဆီးတို့နဲ့ပွဲမှာလည်း အာဆင်နယ်အသင်းက ၂ပွဲဆက် သရေကျထားပြီး လာမယ့် အပတ်မှာ တော့ ဘုန်းမောက်နဲ့ ဆက်လက်ကစားရပါမယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က