စပိန်သတင်းဌာန SPORT က ဖော်ပြခဲ့တာပါ။
Pyae Phyo Thein

မာတီနက်ဇ်နဲ့ ဘာစီလိုနာတို့ဟာ ငါးနှစ်သက်တမ်းရှိတဲ့ စာချုပ်ကိုချုပ်ဆိုမှာဖြစ်ပြီး အာဂျင်တီးနားတိုက်စစ်မှူးအနေနဲ့ တစ်နှစ်လုပ်ခ ယူရို၁၂သန်းနဲ့ အပိုဆုကြေးရရှိမယ်လို့ သိရပါတယ်။


စပိန်သတင်းဌာနတစ်ခုဖြစ်တဲ့ Diario SPORT က ဘာစီလိုနာနဲ့ အင်တာမီလန်တိုက်စစ်မှူးမာတီနက်ဇ်တို့ဟာ ပုဂ္ဂိုလ်ရေးသဘောတူညီမှုရရှိသွားခဲ့ပြီလို့ ဒီနေ့မှာ ဖော်ပြသွားခဲ့ပါတယ်။ ဘာစီလိုနာနဲ့ သတင်းတွေ အဆက်မပြတ်ထွက်ပေါ်နေခဲ့ပြီးနောက်မှာ အခုလိုသဘောတူညီမှုရရှိခဲ့တာဖြစ်ပြီး ကလပ်အသင်းနှစ်သင်းကြားမှာတော့ ဆွေးနွေးရဦးမယ်လို့ ဆိုပါတယ်။

မာတီနက်ဇ်နဲ့ ဘာစီလိုနာတို့ဟာ ငါးနှစ်သက်တမ်းရှိတဲ့ စာချုပ်ကိုချုပ်ဆိုမှာဖြစ်ပြီး အာဂျင်တီးနားတိုက်စစ်မှူးအနေနဲ့ တစ်နှစ်လုပ်ခ ယူရို၁၂သန်းနဲ့ အပိုဆုကြေးရရှိမယ်လို့ သိရပါတယ်။ ဒီရာသီမှာ အင်တာမီလန်အတွက် ၃၁ပွဲကစားပြီး ၁၆ ဂိုးအထိ မာတီနက်ဇ်က သွင်းယူပေးကာ ခြေစွမ်းပြခဲ့ပြီးနောက် ဘာစီလိုနာက အသည်းအသန်အလိုရှိလာခဲ့တာဖြစ်ပါတယ်။ 

အင်တာမီလန်ကတော့ သူတို့ရဲ့တိုက်စစ်မှူးကိုလက်လွှတ်မခံဘူးလို့ ပြောဆိုနေခဲ့ပြီး တကယ်လို့လက်လွှတ်ရမယ်ဆိုပါကလည်း ကစားသမားနဲ့ချုပ်ဆိုထားတဲ့ စာချုပ်ပါလျော်ကြေးပေါင်သန်း ၉၀ အထိ ပေးချေရလိမ့်မယ်လို့ ဘာစီလိုနာကို သတိပေးထားခဲ့ပါတယ်။ ဒါကြောင့် ဘဏ္ဍာရေးပြသနာတွေရှိနေတဲ့ ဘာစီလိုနာအနေနဲ့ ကစားသမားတွေကို အရင်ဆုံးရောင်းထုတ်ရဖို့လည်း ရှိနေပါတယ်။

ကော်တင်ဟို၊ ဒမ်ဘီလီ၊ ရာကီတစ်၊ ဗီဒယ်အစရှိတဲ့ နာမည်ကျော်ကစားသမားတွေကို ရောင်းချဖို့ ဘာစီလိုနာက ပြင်ဆင်ထားပြီး မာတီနက်ဇ်အတွက် ပြောင်းရွှေ့ကြေးကို ရှာဖွေသွားမယ်လို့ သတင်းတွေထွက်နေတာကတော့ ကြာပါပြီ။ အင်တာဘက်က တောင်းဆိုတဲ့အတိုင်း ပေးချေဖို့အတွက်ဆိုရင်တော့ လာမယ့်ရာသီမှာ အဆိုပါကစားသမားတွေအနေနဲ့ သေချာပေါက်ရောင်းချခံရတော့မှာလည်းဖြစ်ပါတယ်။ 


Author


က္က